ပန်းအလှဆင်ခြင်း နှင့် ဘုရားပန်းကပ်လှူခြင်း အကြောင်း

ဒီနေ့တော့ ကျေးရွာတရွာ၏ ဘုရားပွဲတော် သို့ ရောက်ခဲ့တယ်။
ဘုရား စေတီတော် ထီးတော် တင်ပွဲပါ။
မြန်မာတွေက စေတီ နှင့် ဘုရား ကို အတူတူဟု ယူဆ ပြောဆိုတတ်ကြပါတယ်။
စေတီတော် ထီးတင်ပွဲ ဟု သုံးနှုန်းတာ နည်းပါတယ်။
ဘုရားထီးတင်ပွဲ ဟုပဲ ပြောဆိုတတ်ကြပါတယ်။

ထီးတင်ပွဲ၌ ဘုရားပန်းကပ်လှူရန် ပန်းများကို လှပအောင် ပြင်ဆင်ထားပါတယ်။
ထို ပန်းအလှမျိုးစုံကို အမှတ်တရဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

ဘုရားပန်း ကပ်လှူခြင်းသည် ဘုရားခန်းဆောင် လှပအောင်လား?
ဘုရား အတွက် ပန်းရနံ့ရအောင်လား?
ဘုရားဖူးသူတွေ အမြင်လှပစေဖို့လား?
မိတ်ဆွေတို့ရော ဘုရားပန်းကပ်လှူကြပါသလား?
မည်သည့်ရည်ရွယ်ချက်ဖြင့် ဘုရားပန်းကပ်လှူကြပါသလဲ?

ကြားဖူး ဖတ်ဖူးထားတာ တခုရှိသည်။
ဘုရားပန်းကပ်လှူခြင်းသည် ဘုရားထံ လူတွေ၏ မကောင်းသော အနံ့အသက်များ မရောက်စေရန် ပန်းရနံ့ဖြင့် ကာရံခြင်း ဖြစ်သည်တဲ့။
ထိုအယူအဆကို ဘယ်လိုသဘောရကြပါသလဲ?
ဒါဆို ရနံ့မပါဘဲ လှသော ပန်းတွေ ကပ်လှူတာ ဆိုလျှင်ရော။
ပန်းအတုတွေ ကပ်လှူထားတာကိုရော ဘယ်လို သဘောရကြပါသလဲ?

ကဲ ယခုမျှဝေထားသော ပန်းအလှလေးများကို ကြည့်ရှုခံစားပြီး ‌ဘုရားပန်းကပ်လှူခြင်း အကြောင်း သဘောထား မျှဝေပေးကြပါလားနော်။

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency