မိသားစုဇာတ်ကြောင်း ၁၁/ သမီးရယ် သားရယ်

💓မနက်ခင်း လင်းသစ်တဲ့ 🌹ပန်းလေး ထက် ပိုမွှေးတာ 💐
🧑‍🍼ချစ်သမီးလေး ၏ ပါးမို့မို့ နှဖူးပြင်မှာ🧏
💞ဘာမဆို ရင်ဆိုင် ကျော်လွှား 💪ဘဝ၏ အားအင်များ 🎼

သီချင်းလေး ဆိုညည်းလို့ သာသာယာယာပဲ မထင်ပါနဲ့။

မနေ့ညက တစ်ညလုံး သမီးက ဂျီနေခဲ့တယ်။
ကောင်းကောင်း မအိပ်ခဲ့ဘူး။
ရင်ခွင်ထဲ ပွေ့ချီထားမှ အိပ်တယ်။
အိပ်ရာပေါ် ချလိုက်တာနဲ့ နိုးပြီး ငိုပြတယ်။
ဒီတော့ မိခင်ဖြစ်သူမှာ သမီး ကို ပွေ့ချီထားခဲ့ရတယ်။
အိပ်ရာပေါ် ချလျှင် သမီး က ငိုတော့ ဖခင်ဖြစ်သူမှာ အိပ်ရာနိုးပြီး ထကာ သမီး ဝေရာဝတ်စ လုပ်ပေးရတယ်။
သမီး က မိခင် နို့ စို့ရင်း ငုံကာ အိပ်ပျော်နေတတ်တယ်။
အိပ်ရာပေါ် ချသိပ်ရင်တော့ နိုးကာ ငိုပြန်ရောပဲ။
ဒီတော့ အထူးသဖြင့် မေမေ အိပ်ရေးပျက် ပင်ပမ်းရတာပါပဲ။

ဒီမနက် သားကြီး ကတော့ လိမ္မာနေတယ်။
ဖအေဖြစ်သူကို ဂျီမကျဘူး။
ဖအေ အလုပ်သွားရင် ပိုက်ဆံ ရမယ်ဆိုလို့ ဖေဖေ အလုပ်သွားတဲ့။
သား က လိမ္မာတယ် တဲ့။

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency