၂၀၂၁မှာ market campaign တွေ၊ promotional video တွေထုတ်ပြီး အသုံးကြမ်းထားခဲ့တဲ့ Cryptocom ကတော့ ၂၀၂၂မှာ ဝန်ထမ်းအင်အားတွေ လျှော့ချနေခဲ့တာ နှစ်ခါရှိပြီဖြစ်ပါတယ်။ ဇွန်လမှာတုန်းက ဝန်ထမ်းအင်အားရဲ့ 5% ဖြစ်တဲ့ ၂၆၀ ယောက်ကို ဖြုတ်ခဲ့ပြီး နောက်ထပ်အလုပ်ဖြုတ်တာတွေ ရှိတော့မှာမဟုတ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု ဩဂုတ်လမှာလည်း နောက်ထပ်ဖြုတ်ဖို့အတွက် စီစဉ်ထားတာတွေ ရှိနေပေမယ့် public ကို ချပြဖို့တော့မရှိပါဘူး။ အခု အလုပ်ဖြုတ်မယ်ဆိုပြီး သိရတာကလည်း Cryptocom ထဲက ဝန်ထမ်းတွေက ပြောလာလို့ သိရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီတစ်ခေါက် ဖြုတ်မယ့် ဝန်ထမ်းအရေအတွက်ဟာ ပထမတစ်ခေါက်ထက်ပိုများဖို့ ရှိနေတာပါ။ ပထမတစ်ခေါက်တုန်းက customer service တို့လိုမျိုးနေရာတွေက ဝန်ထမ်းတွေကို ဖြုတ်ခဲ့တာဖြစ်ပေမယ့် အခုတစ်ခေါက်ကတော့ exchange၊ app နဲ့ wallet တို့လိုမျိုး အရေးကြီးတဲ့နေရာတွေက ဝန်ထမ်းတွေကို ဖြုတ်ဖို့ စီစဉ်ထားတာပါ။ LinkedIn မှာ public နဲ့တင်ထားတဲ့ Crypto.com ဝန်ထမ်းတွေရဲ့ post တွေကို စုံစမ်းကြည့်ခဲ့ရာမှာလည်း Cryptocom ဟာ ဝန်ထမ်း ၁,၀၀၀ ဦးလောက်အထိ ဖြုတ်ခဲ့ပြီးပြီဖြစ်ပြီး တရားဝင်ကြေငြာထားတာကတော့ ၂၆၀ဦးလို့ပဲ ကြေငြာထားတာလို့ တင်ထားကြတာကိုလည်း တွေ့ရပါတယ်။
ဒါပေမယ့် Cryptocom ဖက်ကတော့ အချက်အလက်အသေးစိတ်ကို အတည်မပြုသေးပါဘူး။
Reference Link: https://decrypt.co/107509/second-layoff-round-at-crypto-com-worse-than-june-cuts-sources
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/myancrypto
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL