VIP NFT pass

နာမည်ကြီး ဂီတအနုပညာပွဲတော်တစ်ခုဖြစ်တဲ့ Coachella ဟာ 2024 ခုနှစ််အတွက် ပွဲတက်ခွင့်လက်မှတ်တွေကို NFT အဖြစ်နဲ့ ထုတ်ရောင်းတော့မှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ Coachella ဟာ FTX မပြိုလဲခင်တုန်းကလည်း FTX နဲ့ပူးပေါင်းပြီး NFT pass တွေ ထုတ်ခဲ့ဖူးပေမယ့် FTX ပြိုလဲပြီးနောက်မှာတော့ NFT pass တွေ တစခန်းရပ်သွားခဲ့တာပါ။ ဒါပေမယ့် 2024 ခုနှစ်မှာတော့ bull market နဲ့အတူ Coachella ရဲ့ ပွဲတက်ခွင့်တွေကိုပါ NFT အသွင်နဲ့ မြင်ရတော့မှာဖြစ်ပါတယ်။

Coachella ရဲ့ NFT Collection ကို Avalanche blockchain ပေါ်မှာ တည်ဆောက်ထားပြီး VIP NFT pass ပေါင်း 1,000 ပါဝင်ပါတယ်။ ဒီ NFT pas ကိုင်ဆောင်ထားသူတွေဟာ 2024 ခုနှစ် April လ 12 ရက်ကနေ 21 ရက်နေ့အထိ ကျင်းပသွားမယ့် Coachella ပွဲမှာ VIP lounge ကနေ တက်ရောက်ခွင့်ရမှာပါ။

VIP pass Collection အပြင် အခြား sub-collection တွေလည်း ထုတ်ဖို့ စီစဉ်ထားပေမယ့် collection ‌တွေ အတွက် ဈေးတွေနဲ့ tier တွေကိုတော့ ထုတ်မပြောသေးပါဘူး။ ဒါပေမယ့် Collection အလိုက် အသုံးဝင်ပုံတွေနဲ့ merchandise တွေ၊ VIP area အတွက် ဝင်ခွင့်တွေကတော့ ကွဲပြားသွားမှာဖြစ်ကြောင်း သိရပါတယ်။

Coachella ဟာ 2022 ခုနှစ်တုန်းက FTX နဲ့ ပူးပေါင်း NFT Collection ထုတ်ခဲ့ချိန်တုန်းကတော့ တစ်သက်တာ Coachella ပွဲတက်ရောက်ခွင့် pass NFT 10 ခုထုတ်ခဲ့ပြီးတော့ $1.5 million လောက်အထိ ဝင်ငွေရခဲ့ပါတယ်။ ဒါပေမယ့် FTX ဒေဝါလီခံခဲ့ရပြီးနောက်ပိုင်းမှာတော့ FTX ဆီမှာ သိမ်းဆည်းထားတဲ့ pass NFT တွေအကုန် သုံးမရတော့ဘဲ အပြင် wallet တွေဆီကိုပါ ထုတ်မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခုနှစ်မှာတော့ ယုံကြည်စိတ်ချရတဲ့ NFT marketplace တစ်ခုဖြစ်တဲ့ OpenSea နဲ့ ပူးပေါင်းပြီး pass NFT တွေ ထုတ်တာဖြစ်ကြောင်း Coachella ဖက်က ဆိုထားပါတယ်။

Reference Link: https://decrypt.co/220233/coachella-festival-nft-passes-avalanche-opensea

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency