To the Moon

DAO(Decentralized Autonomous Organization) စဖွဲ့တည်းက လပေါ်မှာတက်ကဲမယ်ဆိုပြီး အကြံအကြီးကြီးကြံထားတဲ့ MoonDAO ကတော့ သူတို့ရဲ့ DAO member တစ်ယောက်ဖြစ်တဲ့ Youtuber Coby Cotton ကို လပေါ်ကို ပို့နိုင်ခဲ့ပါတယ်။ MoonDAO ဟာ crypto ဝါသနာအိုးတွေစုစည်းထားပြီးတော့ လပေါ်မှာ ပါတီလုပ်ကြမယ်ဆိုတဲ့ အကြံနဲ့စုဖွဲ့ထားကြတဲ့ member 5,000 ကျော်ရှိတဲ့ DAO တစ်ခုပါ။

သူတို့ဟာ crypto တွေ၊ NFT တွေနဲ့ ငွေစုကြပြီးတော့ သူတို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ အခုတော့ သူတို့ရဲ့ ပထမဆုံးပန်းတိုင်အဖြစ် DAO member တွေထဲက တစ်ယောက်ကို Discord vote နဲ့ရွေးချယ်ပြီး လပေါ်ပို့ဖို့စီစဉ်ခဲ့ရာမှာ Coby က ကံထူးသွားခဲ့တာပါ။ ကံထူးရှင် Coby ကို လပေါ်ပို့ဖို့အတွက်ကို သူတို့စုဆောင်းထားခဲ့ကြတဲ့ fundraising program ထဲက ပိုက်ဆံတွေနဲ့ Jeff Bezos ရဲ့ Blue Origin လက်မှတ်တစ်စောင်ကို ဝယ်ခဲ့ကြတာပါ။

Jeff Bezos ရဲ့ space tourism အစီအစဉ်တစ်ခုဖြစ်တဲ့ BlueOrigin ဟာ သာမန်လူတွေကို အာကာသထဲ ၁၂မိနစ်လောက်ပို့ပေးတဲ့ အစီအစဉ်ဖြစ်ပြီး လက်ရှိမှာ ခြောက်ခါပို့ပေးခဲ့ပြီးတာလည်းဖြစ်ပါတယ်။ ဒီ BlueOrigin လက်မှတ် နောက်တစ်စောင်ကိုလည်း MoonDAO က ဝယ်ထားပြီးပြီဖြစ်ပြီး သွားရမယ့်ကံထူးရှင်ကိုလည်း ရွေးချယ်ထားပြီးပြီဖြစ်ကြောင်း ကြေငြာထားပါတယ်။

အခုလိုမျိုး လပေါ်ကို တွေပို့တာက MoonDAO ရဲ့ second phase ဖြစ်ပြီး first phase ကတော့ MoonDAO ရဲ့ token ဖြစ်တဲ့ MOONEY token ထုတ်တာပါ။ Third phase ကတော့ အာကာသထဲမှာ စူးစမ်းလေ့လာကြဖို့ဖြစ်ပြီး fourth phase ကတော့ MoonDAO ရဲ့ အန္တိမရည်မှန်းချက်ကြီးဖြစ်တဲ့ လပေါ်မှာပါတီလုပ်ပြီးကဲကြဖို့ပါ။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သူတို့ကတော့ crypto လောကမှာ သူမတူတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါပြီ။

Reference Link: https://cointelegraph.com/press-releases/moondao-could-send-users-to-outer-space-with-a-free-nft-collection

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/myancrypto

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency