ငါ ပြောသလိုလုပ် ငါ လုပ်သလို မလုပ်နဲ့

US Senate အမတ်တဦးဖြစ်တဲ့ Bob Menendez ဟာ လာဘ်စားမှုတွေမှာ အပြစ်ရှိကြောင်း အမိန့်ချခံလိုက်ရပြီဖြစ်ပြီး October လ 29 ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်သွားမှာဖြစ်သလို ထောင်ဒဏ်တွေ ဆယ်စုနှစ်နဲ့ချီ ကျခံရနိုင်ကြောင်း သိရပါတယ်။

Menendez ဟာ $100,000 ကျော် တန်ဖိုးရှိတဲ့ ရွှေချောင်းတွေနဲ့ $480,000 ကျော်ဖိုး ငွေသားတွေကို လာဘ်အဖြစ် လက်ခံခဲ့ကြောင်း တရားရုံးမှာ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် Menendez ကတော့ သူ့အနေနဲ့ လာဘ်စားတာမဟုတ်သလို ဒီပစ္စည်းတွေကို လက်ခံရရှိပြီးနောက်ပိုင်းမှာလည်း ဘာမှမလုပ်ဘဲ ဒီတိုင်းထားခဲ့တာသာဖြစ်ကြောင်း ချေပခဲ့ပါတယ်။

Bitcoin ဟာ ရာဇဝတ်ကောင်တွေအတွက်ဖြစ်ကြောင်း ပြောခဲ့ဖူးတာကြောင့် Menendez ဟာ crypto industry နဲ့လည်း ပြဿနာရှိခဲ့ဖူးသလို El Salvador အစိုးရအနေနဲ့လည်း Bitcoin ကို တရားဝင်အသိအမှတ်ပြုခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး US ကို report တင်ပေးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။

အခုတော့ Menendez ကိုယ်တိုင်ကိုက ဘဏ္ဍာရေးအရ ဥပဒေချိုးဖောက်သူ ရာဇဝတ်ကောင်ဖြစ်နေပြီးတော့ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ပုံစံမျိုးဖြစ်နေပါပြီ။ Menendez ဟာ 1993 ခုနှစ်ကစလို့ Congress လွှတ်တော်အမတ်ဖြစ်လာခဲ့ပြီး 2024 ခုနှစ်အထိဆိုရင် သက်တမ်း နှစ် 20 ကျော် ရှိနေတဲ့ အမတ်တယောက်ဖြစ်သလို အသက်အရွယ်ကြီးရင့်နေတာကြောင့် အနားယူသင့်ပြီဖြစ်ကြောင်း ခဏခဏ အပြောခံရသူပါ။ ဒါပေမယ့်လည်း အနားယူဖို့ တောက်လျှောက်ငြင်းဆန်နေခဲ့ပြီး အခုတော့ အနားမယူချင်လည်း ယူရတော့မှာဖြစ်ပါတယ်။

Reference Link: https://www.coindesk.com/policy/2024/07/17/us-senator-who-called-bitcoin-ideal-choice-for-criminals-convicted-of-bribery/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency