အကောင်းအဆိုး

Bitcoin ETF (Exchange-Traded Fund) တွေဟာ bull market ကို တစ်ဖန်ပြန်လာစေနိုင်ခဲ့ပေမယ့် အခုတစ်ခါ စိုးရိမ်သူတွေက စိုးရိမ်တဲ့အနေအထားကို ရောက်လာခဲ့ပြန်ပါပြီ။ Bitcoin ETF တွေအတွက် ETF issuer တွေဟာ Bitcoin တွေ ဝယ်ထားကြရပြီးတော့ ဒီလို ဝယ်စုထားကြတဲ့ Bitcoin ပမာဏဟာ $50 billion နီးပါးအထိ ရှိလာနေပါပြီ။ ဒီအချက်ဟာ ကောင်းတဲ့အချက်လည်းဖြစ်သလို မကောင်းတဲ့အချက်လည်း ဖြစ်နေပါတယ်။

ကောင်းတဲ့အချက်ကတော့ Bitcoin ETF ကို စိတ်ဝင်စားသူများလာလေ၊ Bitcoin ဝယ်လိုအားများလာလေ၊ Bitcoin ဈေးတက်လေ ဖြစ်တဲ့အချက်ပါပဲ။ ဒါ့အပြင် crypto အကြောင်း ဘာမှမသိနားမလည်တဲ့သူတွေဟာလည်း Bitcoin ETF ဝယ်လိုက်တာနဲ့ Bitcoin ကို ဝယ်လိုက်သလိုပဲဖြစ်နေမှာကြောင့် သမားရိုးကျဘဏ္ဍာရေးနယ်ပယ်ကသူတွေပါ ပါဝင်လို့ရလာနိုင်ပါတယ်။

မကောင်းတဲ့အချက်ကတော့ ဒီလိုလုပ်ငန်းစုကြီးတွေဆီမှာပဲ Bitcoin အများစုရှိလာတဲ့အခါ Bitcoin ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်မှုများလာနိုင်တဲ့အချက်ပါ။ Bitcoin ရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှုမရှိစေရ ဆိုတဲ့ အချက်ကနေ သွေဖည်ပြီး ဗဟိုချုပ်ကိုင်မှုများလာနိုင်တာကိုလည်း စိုးရိမ်လာကြပါတယ်။ အခုဆိုရင်ကို Bitcoin ရဲ့ total supply ထဲက 4% ဟာ Bitcoin ETF issuer တွေ လက်ထဲရောက်နေကြပါပြီ။ ဒါပေမယ့် 4% ဆိုတဲ့ amount ဟာ များတယ်လို့လည်း မဆိုနိုင်သလို ဒီအချိန်ကာလအတွင်းမှာ ဒီလောက်ထိ ဖြစ်သွားတာကြောင့် နည်းတယ်လို့လည်း ပြောမရပါဘူး။

လတ်တလောကာလမှာတော့ Bitcoin halving event လည်း နီးကပ်လာသလို ETF hype ဟာလည်း အတော်ကို အရှိန်တက်နေတာကြောင့် Bitcoin ဈေးဟာ အတက်ဖက်ကို ပိုသွားနိုင်ခြေရှိနေပြီး halving မတိုင်ခင်အထိ ဒါမှမဟုတ် halving ပြီးတဲ့အထိကို ဆက်တက်သွားနိုင်ပါတယ်။
ဒါပေမယ့်လည်း crypto market ဆိုတာက သတင်းလေးတစ်ချက်ဆိုးသွားတာနဲ့ အနီချောင်းတွေထိုးဆင်းတတ်တာကြောင့်လည်း တက်မယ်ဆိုတာနဲ့ all in မဝယ်ကြဘဲ အခြေအနေအရပ်ရပ်ကို စေ့ငုသုံးသပ်ပြီးမှ အရောင်းအဝယ်လုပ်ကြဖို့ သတိပေးလိုပါတယ်။

Reference Link: https://decrypt.co/220818/bitcoin-etfs-driving-btc-scarcity-good-bad-news

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency