Last island of survival (Part-16)

IMG_5385.jpg
ခုတစ်ကတော့ ပစ္စည်းအကောင်းစားတွေပေးတတ်တဲ့ Airdrop တွေအကြောင်းပါ။
Airdrop ကပစ္စည်းလိုချင်ကြတဲ့သူတွေများတာမလို့ ရန်သူတွေနဲ့တိုက်ခိုက်ဖို့တော့အသင့်ပြင်ထားရပါ့မယ်။

လေယာဉ်ကပစ်ချလိုက်တဲ့ လေထီး airdrop အမျိုးအစားကိုအရင်ပြောပါ့မယ်။ မြေပုံပေါ်မှာလေထီးပုံလေးပေါ်လာပြီဆိုရင် ချမဲ့နေရာငါးနေရာရှိပါတယ်။အဲနေရာ ငါးခုထဲကမှသူချချင်တဲ့နေရာမှာချသွားမှာဖြစ်ပါတယ်။ချသွားတဲ့နေရာမှာ လေထီးပုံလေးပေါ်နေမှာဖြစ်ပါတယ်။

ကဲ ခုချသွားမဲ့နေရာငါးနေရာရဲ့နာမည်တွေနဲ့အရင်မိတ်ဆက်ပေးပါ့မယ်။ နေရာငါးနေရာကတော့ Bio-research Lab,Bandit Camp, Harbor, Airport and Nuclear Plant ဆိုတဲ့နေရာကြီးငါးနေရာမှာဖြစ်ပါတယ်။ဒီနေရာကြီးတွေကအန္တရာယ်ရှိတဲ့နေရာကြီးတွေလည်းဖြစ်ပါတယ်။

ဒီနေရာတွေကဒီတိုင်းလက်လွက်စပယ်ဝင်လို့မရပါဘူး။Radiation လှိုင်းတွေအမြဲရှိနေတဲ့အတွက်တစ်ဖြည်းဖြည်းနဲ့အသက်တွေလျော့ကာသေဆုံးမှာထြစ်ပါတယ်။အာ့ကြောင့်ဝင်တော့မယ်ဆိုရင်တော့ Radiation mask ဆိုတဲ့ radiation လှိုင်းတွေကာကွယ်နိုင်တဲ့ mask တွေတပ်ရပါမယ်။

Maskကတော့ကိုယ်တိုင်လည်းလုပ်လို့ရသလို Spare နဲ့လဲ shop မှာဝယ်လို့ရပါသေးတယ်။အရေးကြီးရင်တော့ဝယ်ပေါ့နော်။အရေးမကြီးရင်လမ်းဘေးကစည်ပိုင်းလေးတွေခွဲရင်းနဲ့လဲရနိုင်တာမို့စိတ်ရှည်ရှည်ထားဖို့တော့လိုပါတယ်။

@mgzayyar

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency