ယူကရိန်းဘက်က တိုက်ပေးနေတဲ့ နိုင်ငံခြားသား စစ်သားများ

img_0.6882841969935812

အာဏာရှင်ရုရှားစစ်တပ်ကို ပြန်လည်တိုက်ခိုက်ဖို့အတွက် နိုင်ငံပေါင်း၅၀ကနေ ယူကရိန်းနိုင်ငံဘက်ကို နိုင်ငံခြားသား စစ်သား ၂၀၀၀၀ ကျော်ရှိသွားပါပြီး။သူတို့တပ်အနေနဲ့တိုက်ပွဲမှာ ကျသွားတဲ့ရဲဘော်တွေလဲရှိကြပါတယ်။ကျသွားတဲ့ရဲဘော်တွေအတွက် နေရာမှာ နောက်ထပ်လဲနိုင်ငံခြားသား စစ်သားတွေရောက်ရှိနေပါတယ်။

သူတို့အနေနဲ့ ယူကရိန်းမှာနေပြီးတော့ ယူကရိန်းကိုကာကွယ်တိုက်ခိုက်သွားမယ်၊ယူကရိန်းစစ်တပ်အတွက် တိုက်ခိုက်ပေးသွားမယ်၊သူတို့သေနတ်တွေနဲ့ ရုရှားတပ်တွေချေးမှုန်းနိုင်ရမယ်လို့ သူတို့ကမျှော်လင့်ထားကြပါတယ်။ရုရှားကိုတိုက်ဖို့အတွက် သူတို့မှာ အကြောင်းအရာများစွာရှိပါတယ်။သူတို့အနေနဲ့ လွှတ်လပ်ရေးအတွက် လွှတ်မြောက်ဖို့အတွက် တိုက်နေကြတာပါ။

သူတို့အနေနဲ့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီထွန်းကားဖို့နဲ့ အာဏာရှင်စနစ်တွေကို ဆန့်ကျင်ဖို့အတွက်ပဲဖြစ်ပါတယ်။ရုရှားကိုတိုက်ခိုက်တာဟာ ယူကရိန်းနိုင်ငံအတွက်တင်မကဘဲ ထိုင်ဝမ်းအတွက်ပါရည်ရွယ်ထားပါတယ်လို့ သူတို့တွေကဆိုထားကြပါတယ်။သူတို့အနေနဲ့ ရှေ့တန်တနေရာမှာ ကျသွားနိုင်တယ်ဆိုတာ သိကြပေးမယ့် သူတို့တွေက ဒီမိုကရေစီကို ကာကွယ်ဖို့ အတွက်ပဲလို့ ​ပြောထားပါတယ်။

နိုင်ငံတကာကတပ်ဖွဲ့တွေဟာဆိုရင်ဖြင့် ယူကရိန်းနိုင်ငံကစစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်ပဲဖြစ်တယ်လို့ ပြောပါတယ် သူတို့အနေနဲ့ တပ်ဖွဲ့ထဲဝင်ရောက်တာဟာ တရားဝင်စာချုပ်စာတမ်းတွေနဲ့ ဝင်ထားကြတာပဲဖြစ်ပါတယ်။ယူကရိန်းကိုရောက်တဲ့အချိန်မှာတော့ သူတို့တွေဟာ ထိပ်ဆုံးရာထူးပိုင်တွေကိုတော့ ယူကရိန်းက ယူထားခဲ့ပါတယ်။
@kaunglay2
21:10PM

H2
H3
H4
3 columns
2 columns
1 column
2 Comments