မပြတ်စေနဲ့

fb_img_1613374267868.jpg
ဘဝမှာကံဆိုးချင်လား ကံကောင်းချင်လားဆိုတာတကယ်မသိတော့ဘူး။တကယ်ပါ။အရာရာကိုအဆိုးတွေနဲ့ပဲတွေ့နေရတယ်။steemတုန်းကလဲ အစပိုင်မှာ ကံကောင်းချင်တွေကိုရရှိခဲ့ပါသော်လဲ သိပ်မကြာတော့တဲ့အခြေအနေမှာ steem ကလဲစျေးတွေထိုးကျခဲ့တဲ့အချိန်တွေကို ကြုံခဲ့ရပါတယ်။

အခုတော့ hive ကိုသိနေခဲ့တာကြာခဲ့ပါပြီး၊ဒါပေမယ့်hive ကsteem လိုပဲဆိုတာကို မသိနေခဲ့ပါဘူး။အဲဒီလိုနေပဲတစ်စတစ်စနဲ့ hive ဆိုတာsteem လိုပဲဆိုတာကိုသိခွင့်ရလိုက်ပါတယ်။အဲကနေစပြီးတော့ဟိုလူမေးဒီလူမေးနဲ့ hive ပေါ်ကိုတဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီးပေါ့။

ရောက်ရှိခဲ့ပြီးဆိုတာနဲ့steemလိုပဲစာကိုသေချာလေးရေးမယ်ဆိုတဲ့အကြံနဲ့ပဲပထမတစ်လမှာ reward ကမဆိုးဘူးလို့ပဲပြောလို့ရပါတယ်။ခုမှအသစ်ပြန်လုပ်တာဆိုတော့ရသလောက်မနည်းပါဘူးလို့ ကွကိုယ်တွေးမိပါတယ်။ဆိုတော့ စာတွေရေးမယ်လို့တွေးမိပါသော်လည်း အစပိုင်မှာအတော်လေးတော့ရေးစရာရှိနေပေးမယ်လဲ ရေးရင်ရေးရင်နဲ့ဘာကိုတွေးလို့ဘာရေးရမယ်ဆိုတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။

အဲလိုဆိုသော်ငြားလဲတရက်ကိုပုံမှန်တစ်post တော့တင်နိုင်ပါသေးတယ်။ရေးရင်ရေးရင်နဲ့ hive ကလဲ steem လိုပဲစျေးကအတော်ကိုအကျဘက်ကိုတဖြည်းဖြည်းနဲ့ဆင်းသက်လို့လာနေပါတယ်။တို့အတူ hive တင်မကပါဘူး BTC ကလဲထို့နည်း၄င်းပါပဲ ဆက်တိုက်ဆိုသလိုအကျဘက်ကိုပဲဦးတည်နေလျှက်ပါ။coin ဆိုသည်မှာလဲ အတက်အကျဆိုတာအမြဲတမ်းရှိနေမှာပါပဲ၊အဲဒီတော့ဘယ်လောက်ပဲကျကျဘယ်လောက်ပဲတက်တက် တက်ပြီးကျ ကျပြီးရင်ပြန်တက်လာမှာပဲဆိုတာ နီယာမပါပဲ။အဲကျတော်လဲအရင်လိုကိုယ်လုပ်စရာရှိတဲ့တစ်ရက်ကိုတော့ပုံမှန်တစ်post တော့တင်နေရဦးမှာပါပဲ။
@kaunglay2
23:30

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency