ယခင်က ဤအချိန် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ဟိုယခင်ကဆိုလျင်တော့ ဤသို့သော အခါသမယမျိုးတွင် ဆုတောင်း ပန်ကြားစာများ မင်္ဂလာရှိသော စာများ ရေးသားမည် ဖြစ်သော်လည်း အဖက်ဖက်မှ ယိုယွင်းနေသော နိုင်ငံတွင် အချို့က မြို့ပြတွင် ဒုက္ခရောက်နေကြသလို အချို့ကလည်း တောတွင်းနေရာ၌ အိုးအိမ် ပြစ် ကာ ဒုက္ခရောက်နေကြသောကြောင့် မင်္ဂလာမရှိ နိုင်သည်ကတော့ သေချာပါသည်။

ထို့ကြောင့် ကျွန်တော့ အနေဖြင့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အမြန်ပြန်လည် ကျန်းမာလာစေရန်သာ ဆုတောင်းနေပါတော့သည်။ အချို့ကလည်း ဤအချိန်တွင် ခရီးသွား ဘုရားဖူး နေကြသူများအား အပြစ်တင်နေကြသည်ကိုလည်း တွေ့ရသလို ကမ်းခြေ အပန်းဖြေစခန်းများတွင်လည်း လူအများ ပြည့်နေသည်ကို တွေ့နေရပါသည်။

ဤ အကြောင်းအရာများအား တွေ့မိတိုင်း Covid တတိယလှိုင်း ၏ ဒုက္ခရောက်ပုံအား မျက်စိတွင် ကွက်ကွက်ကွင်းကွင်း မြင်လာပါသည်။ Oxygen ရရန် အလုအယက် ညသန်းခေါင် သန်းလွဲ စောင့်ဆိုင်း ရယူနေကြသူများ / အဖျားရှိလျင် ဆေးရုံ အတွင်းသို့ အဝင်မခံသော အခိုက်အတန့်များ / သောက်စရာ ဆေးဝါး ရှာဝယ်ရသော ဒုက္ခများ စသည်ဖြင့် ။

နိုင်ငံတဝန်းလုံး ကာကွယ် ဆေးပင် မထိုးနိုင်သေး လူစုလူဝေး ပုံများအား ကြည့်ရသည်မှာ စိတ်မသက်သာစရာ။ ဤရောဂါသည် လူစုလူဝေး ရှောင်ရှား ရမည့် ရောဂါ ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။

ဤပုံစံအတိုင်း ဆိုလျင်ဖြင့် နောက်ထပ် ၂ ပတ်ခန့်အကြာတွင် လှိုင်းလုံး များ ထပ်တက်လာမည့် အရိပ်လက္ခဏာ များပင်ဖြစ်ပါသည်။ ဘယ်သူမပြုမိမိမှုပင် ဖြစ်ပါသည်။ ဘာသာရေးနှင့် စပ်လျဉ်းသောကြောင့် ပြောဆို ရေးသားရသည်ကလည်း သတိထားရပါသည်။

အပြော မတော် အရေးမတော်လျင် မိစ္ဆာ ဒိဌိ ဖြစ်သွားမည့် အရေးကလည်း ရှိပါသည်။ ဤ ယနေ့ အချိန်ကာလသည် စားသတိ သွားသတိ ဖြင့် နေရမည့် အချိန်ကာလဖြစ်သည့် အလျောက် အရာရာ သတိထားကြပါရန်သာ တိုက်တွန်းလိုပါသည်။

Post တခုဖြစ်လာစေရန် အတွက် သာ ကြိုးစားရေးသားထားသည်ဖြစ်၍ မည်သည့် ဗဟုသုတ မျှ မပါဝင်သည်ကို တောင်းပန်ပါသည်။

Henry Aung ( Kachin )

20/10/2021 - Wednesday - 16 ; 51 Pm