စက္ကူငွေကြေးမှ Cryptocurrency - အပိုင်း (၃) ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော်ရေးသား ဖေါ်ပြနေသည့် မပြီးပြတ်သေးသော ငွေကြေးများ အကြောင်း ဆက်ကြပါအုံးစို့။ ယမန်နေ့က ဆောင်းပါးတွင် အမေရိကန် ဒေါ်လာ ငွေကြေး ရွှေပေါင် ထာခြင်း ဖြုတ်ချလိုက်သည့် အကြောင်း ဖေါ်ပြပေးပြီး ဖြစ်ပါသည်။

ဤသို့ ဆိုလျင် လက်ရှိ အမေရိကန် ဒေါ်လာ မည်သို့ ထုတ်​ဝေ ဖြန့်ချီ သနည်းဆိုသော် Bond ထုတ် ရောင်းခြင်း ဖြင့် ဖြန့်ချီ ထုတ်ဝေပါသည်။ Bond အား မြန်မာပြန်ရလျင် ငွေတိုက်စာချုပ် ဟုခေါ်ဆိုလျင် ရမည်ဟု ထင်ပါသည်။ ဤတွင် ငွေတိုက်စာချုပ်မှ မည်သို့ ငွေကြေးများ ရိုက်နှိပ် ထုတ်ဝေသည် ဆိုသည့် အကြောင်း ချန်လှပ်ထားခဲ့ပါမည်။

ကျွန်တော်ရေးသားလိုသော အကြောင်းအရာမှာ အစိုးရက အာဏာကို အသုံးပြုကာ ဤစက္ကူသည် ငါတို့ထုတ်ဝေသော ငွေကြေးဖြစ်သည် ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြည်သူများ အသုံးပြုရမည်။ ပြည်သူတို့က အခြားသော ငွေကြေးထပ်မံ ထုတ်ဝေလျင် ဖမ်းခံရမည်။

မည်သည့် အာမခံချက်မှ မရှိပါ။ အစိုးရမင်းများက ကြေညာချက် တစောင်သာ ထုတ်ရန် လိုပါသည် " ဤ အမိန့်ကြေညာချက် သည် မနက်ဖြန်မှ စပြီး ၂၅ တန် ၇၅ ကျပ်တန် တို့အား ငွေကြေးအဖြစ် သုံးစွဲခြင်းမှ တရားဝင် ရပ်ဆဲလိုက်သည် " ။ ပြီးပြီ။ မိမိ၏ စည်းစိမ် တို့ ကြေညာ ချက် တစောင်ဖြင့်အဟောသိကံ ဖြစ်သွားရပြီ ဖြစ်ပါသည်။

မိမိ၏ ချွေးနည်းစာတို့အား ဘဏ်တိုးများ ရမည်လားဟူ၍ ဘဏ်တွင် အပ်ထားသည် ။ အတိုးအသာထား အရင်း ပင် ရာခိုင်နှုန်းပေး၍ ပြန်ထုတ်ယူရသည်။ဤကဲ့သို့သော ကိစ္စများသည် မြန်မာပြည်သာ မကပါ။ တကမ္ဘာလုံး နီးပါး ဖြစ်ပါသည်။ မိမိတို့ ပိုင်ဆိုင်သော ငွေကြေးသည် အစိုးရမင်းများ၏ လက်ထဲတွင်သာ ရှိနေပါသည်။ ဥပမာ ပြပါမည်။

၂၀၀၈ ခုနှစ်တွင် ဥရောပတွင် စီးပွားပျက်ကပ် ဖြစ်ခဲ့ပါသည်။ ဂရိမှ စတင်ပြီး ဖြစ်ပွားခဲ့သာ ဤ ငွေကြေးပြသနာတွင် ဥရောပ နိုင်ငံများ အားလုံးနီးပါး ထိခိုက်ခဲ့ပါသည်။ လူအများက မိမိတို့ ပိုင်ဆိုင်သော ငွေသားများအား ဘဏ်များမှ ပြန်ထုတ်ယူသော အခါ ပြဿနာတက်ပါတော့သည်။ ဘဏ်များတွင် ငွေသား များ လုံလောက်အောင်မရှိပါ။ ကိန်းဂဏန်းများသာ ရှိပါသည်။

ဆိုတော့ လူအများ တန်းစီ တိုးဝှေ့ ၍ ငွေထုတ်ယူကြသော အခါ ဘဏ်များ ပြိုလဲရန် ဖြစ်လာပါတော့သည်။ ဤတွင် အစိုးရမင်းများက အာဏာ သုံး၍ ပိတ်ပင်ရပါတော့သည်။ လူတယောက် တပတ်လျင် ငွေ ၁၀၀ သာ ထုတ်ယူရမည်။ ဘာများတတ်နိုင် ပါသေးသနည်း ။

၂၀၀၉ ခုနှစ် BTC ငွေကြေး ပေါ်လာပြီးနောက်တွင် လူအများက မိမိတို့ ငွေကြေး မိမိတို့ တကယ်ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို တွေ့မြင်လာခဲ့ကြပါသည်။ BTC တွင် မည်သည့် နိုင်ငံရေးသမား မည်သည့် အစိုးရမင်း များမှ ဝင်၍ စွတ်ဖက်နိုင်ခွင့် မရှိသလို ၊ BTC သည် အားလုံး အတွက် ဖြစ်ပါသည်။

အမေရိကန် နိုင်ငံသား များသာ BTC ပိုင်ရမည် ၊ မြန်မာ နိုင်ငံသားများ ပိုင်ခွင့် မရှိစေရ ဆိုသည်မျိုးမရှိပါ။ ထို့ အပြင် BTC transition တွင် တိတ်တဆိတ် ပေးပို့သည် ဆိုတာမျိုးမရှိ ။ Transition တိုင်း Public မြင်နေရပါသည်။ အဘယ့်ကြောင့် BTC သည် တဖြည်းဖြည်း တန်ဖိုးတက်လာရသနည်း ဆိုသော် " ယုံကြည်မှု " ကြောင့် ဖြစ်ပါသည်။

အကယ်၍ BTC သည် အစိုးရမင်း တခုခု ၏ လက်အောက်တွင် ရှိသည်ဆိုလျင် ယခုလောက် လူကြိုက်များလာစရာ အကြောင်းမရှိပါ။ BTC အောင်မြင်လာခြင်းနှင့် အတူ ဝိသမလောဘသား များကလည်း လိုက်ပါလာပါတော့သည်။ ဤသည်မှာ Cryptocurrency မှ မဟုတ်ပါ ။ ပြင်ပ ငွေကြေးတွင်လည်း အတူတူသာ ဖြစ်ပါသည်။

ပထမ ကုမ္ပဏီ ထောင်မည်။ ကြီးကြီးမားမား လုပ်ငန်းများ ပြောမည် စကားကြီးစကားကျယ်များ ဖြင့် လူအထင် ကြီးအောင်လုပ်မည်။ ထို့နောက် ရှယ်ယာ ခေါ်မည်။ ၁၀၀ လျင် ၃၀ တိုးလောက် ပေးမည်။ ၁ လ ၂ လ မှ ၅ လခန့် အထိ အတိုး မှန်မှန်ပေးနေမည်။ အသော မတတ်နိုင်သော လောဘသမားများ က ရှိသည့် အိမ်ခြံမြေ ရောင်းကာ ပုံအောထည့်လိုက်သည်။ ထို့နောက် ကုမ္ပဏီ ပျောက်သွားသည်။ ဘယ်သွားရှာရမှန်းမသိ။

ဤသည်မှာ ငွေကြေးလောကတွင် ယခင်ကလည်း ဖြစ်မြဲ ယခုထိလည်း ဖြစ်နေမြဲ ဖြစ်ပါသည်။ မိမိတို့ လောဘအား ဆွပေးကာ လိမ်လည် ကြခြင်း ဖြစ်ပါသည်။ ဆိုတော့ Cryptocurrency သည်လည်း ငွေကြေး ဖြစ်သည့် အလျောက် တန်ဖိုးရှိသည့် အလျောက် ဝိသမလောဘသား များပေါ်လာပါတော့သည်။

ကြီးကြီးကျယ်ကျယ် Project များချပြကာ ICO ဖြင့် လိမ်မည်လား ၊ Ponzi ဖြင့် လိမ်မည်လား ၊ သို့မဟုတ် Exchange site အတုဖွင့်၍ လိမ်မည်လား ၊ လိမ်နည်း အများအပြားရှိပါသည်။ အကယ်၍ မိတ်ဆွေ၏ CB မှ သို့မဟုတ် Email ဖြင့် "အောက် တွင် ဖေါ်ပြပေးထားသော link အတွင်းသို့ဝင်၍ Register လုပ်ခြင်းဖြင့် ဒေါ်လာ ၂၀၀ ဖိုးတန်ကြေးရှိသော token များရယူလိုက်ပါ " ဟူသော မက်ဆေ့ ရပြီဆိုလျင် နာပြီသာ အောက်မေ့ပါလေ။

ဤ Cryptocurrency နှင့်ပတ်သက်သော လိမ်လည်မှု အကြောင်းများ ဖတ်လိုလျင် ကျွန်တော်ရေးသားခဲ့ပြီးသော " အကြီးမားဆုံးသော Cryptocurrency လိမ်လည်မှုကြီးများ " ခန်းဆက် ဆောင်းပါးများ ရှာဖတ်ကြည့်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

14/05/2022 - Saturday - 17;55 Pm

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency