လေကောင်းလေသန့် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော စာ / ဆောင်းပါးများသာ ရေးနေရသည် စိတ်ကတော့ အတော်လေး ကသိကအောက်ဖြစ်နေပါသည်။ ဘာကို မကျေမနပ်ဖြစ်နေသည်မသိ တခုခုကို မကျေမနပ် ဖြစ်သလိုလို တခုခုအား သဘောမကျသလိုလို နေ့စဉ် ရှင်သန်နေရသည်မှာ အဓိပါယ်မဲ့ သလိုခံစားနေရပါသည်။ ဤသည်မှာ Facebook ကြည့်ပြီးတိုင်း ဖြစ်လာသည့် ခံစားချက်ဖြစ်ပါသည်။

အခြားနိုင်ငံများက Covid ကူးစက်ရောဂါအလွန် စီးပွားရေးအား မည်သို့ ပြန်လည် ကောင်းမွန်ရန် အစိုးရများက ကြိုးစား နေသည့် သတင်းများ အချို့နိုင်ငံများက ခရီးသွားလုပ်ငန်း များအတွက် လေကြောင်းလိုင်းများ ပြန်ဖွင့်ပေးသကဲ့သို့ အနောက်နိုင်ငံ ကြီးများနှင့် စီးပွားရေး ပြန်လည် ကောင်းမွန်လာစေရန် နိုင်ငံတကာ ထိပ်သီး အစည်းအဝေးများ ကျင်းပကာ ကမ္ဘာ ကြီးအား ဟန်ချက်ညီစေရန် ပြန်လည် တည့်မတ်နေကြပြီ ဖြစ်ပါသည်။

ဤကဲ့သို့ သတင်းများ ဖတ်ပြီးတိုင်း ငိုချင်လာသလိုလို ရင်ထဲ မွန်းကျပ်လာသလိုလို ခံစားရပါသည်။ အရှေ့တောင် အာရှ နိုင်ငံများတွင် တချိန်က အဆင်းရဲဆုံးသော လာအို ကဲ့သို့ နိုင်ငံက မိုးပျံရထား စီမံကိန်း များ အကောင်ထည် ဖေါ်နေကြချိန် ကျွန်တော်တို့ နိုင်ငံကတော့ လျပ်စစ်ရထား အိမ်မက် မက်နေတုန်း ။

တခါတလေ ငါတယောက်တည်း မဟုတ်ပါဘူး အများပြည်သူ အားလုံးနီးပါး ဒုက္ခ ရောက်နေတာဟု ဖြည့်တွေးသော်လည်း ယခုကဲ့သို့ သုံးလိုက်ဖြုန်းလိုက်သော ငွေကြေး / လူ့အရင်းမြစ်များအား နိုင်ငံတိုးတက်ရေး အတွက်သာ သုံးလိုက်ရရင်ဖြင့်ဟူသော အတွေးက လူကိုကြိတ်မနိုင်ခဲမရ ဖြစ်စေပါသည်။

ငါ့မှာ အချိန်တွေ ပိုနေတာပဲ Online မှ ကျားစီးဖားစီး စီးပွား ရှာလိုက်မဟဲ့ ဟုကြုံးဝါး မိသော်လည်း တောထဲ တောင်ထဲ မိမိအသက်အား စတေးနေသူတို့ မျက်နှာ များအား မြင်ယောင်မိလျင်ဖြင့် မိမိကိုယ်မိမိ လိပ်ပြာမလုံ ဖြစ်ရပါသည်။ နေ့စဉ် နံနက် နိုးထလာတိုင်း မွန်းကျပ်သော လေအား ရှူရှိုက်၍ နိုးထနေရသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။

လွတ်လပ်သော သန့်ရှင်းလတ်ဆတ်သော အနှောင်အဖွဲ့ကင်းသော လေကောင်းလေသန့် အား တဝကြီး ရှူရှိုက်ရမည့် နေ့ကိုသာ မျှော်နေမိပါတော့သည်။

Henry Aung ( Kachin )

20/11/2021 - Saturday - 18;04 Pm

H2
H3
H4
3 columns
2 columns
1 column
26 Comments