လောင်စာ လိုနေသော Hive Platform ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော် ယခုတလော Hive platform ဘက်မရောက်ခဲ့ပြန်ပါ။ အဘယ့်ကြောင့် ဆိုသော် BTC ဈေးတက်လာခြင်းကြောင့် ဖြစ်ပါသည်။ အမှန်တော့ ဘားမှ မဆိုင်ပါ။ ဖြစ်နေသည်က ကျွန်တော်ကိုယ်တိုင်သာ။ BTC ဈေးက မကြုံစဘူး အကြုံထူးအောင် ဈေးတက်လာသော်လည်း မိမိတို့ ကြိုးစားရှာဖွေနေသော Hive ကတော့ သူနှင့် လားလားမှ မသက်ဆိုင်သယောင် ငြိမ်သက်နေခဲ့ပါသည်။

အမှန်ဆိုရလျင် သူလည်း Cryptocurrency တခုမဟုတ်လား။ ကျွန်တော့ ကိုးရီးယား သူငယ်ချင်းက ကျွန်တော့အား ပြောဘူးပါသည်။ BTC သည် ဘယ်တော့မှ သုံည အောက် ရောက်သွားမည် မဟုတ်ပါ။ အဘယ့် ကြောင့် ဆိုသော် ငွေကြေးဈေးကစားသူတို့၏ အကောင်းဆုံး ပိုက်ဆံရှာရာ နေရာ ဖြစ်နေသော ကြောင့် ဖြစ်ပါသည်။

သူလည်း Steemit မှ စွန့်ခွာပြီးနောက် BTC သာ ကြိုးစားစုနေသူ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူရသည့် ဝင်ငွေထဲမှ အချိုးကျ BTC ဝယ်ယူ စုဆောင်း နေခြင်း ဖြစ်ပါသည်။ ကျွန်တော် သူနှင့် နောက်ဆုံး တွေ့ဆုံခဲ့ သော ၂၀၁၈ တွင် သူထံ၌ BTC 160 ကျော် ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင် တော့ သူနှင့် အဆက်အသွယ်ပြတ်သွား၍ သူမည်မျှ ချမ်းသာ သည် မသိတော့ပါ။

ယနေ့ BTC ပေါက်ဈေး အတိုင်း တွင်ချက်လျင်တောင် ကျွန်တော့ သူငယ်ချင်းသည် ဒေါ်လာ ၃.၅ သန်း ချမ်းသာနေသူ တယောက် ဖြစ်နေပြီ ဖြစ်ပါသည်။ သူရို့ BTC အသဲအသန် ရှာဖွေစု နေချိန် တွင် ကျွန်တော်တို့က Steem ဖြင့် ယောင်လည် ယောင်လည် ဖြစ်နေတုန်း ။

Cryptocurrency ဈေးအကျ လက်ဦးမှုရယူသူတို့က BTC ကို စုဆောင်းနေဆဲ ကျွန်တော်တို့က Steemit နှင့် Hive အကွဲအပြဲတွင် နေရာလုနေရဆဲ။ ကျွန်တော်တို့ စုဆောင်းထားသော Hive များက BTC ကဲ့သို့ ဈေး မတရား တက်သွားမည်တော့မဟုတ်ပါ။ သို့သော် အတိုင်းအတာ တခုအထိ တက်သွားလျင်ပင် ကျွန်တော်တို့ အဆင်ပြေနိုင်သော အနေအထားတွင် ရှိနေပြီ ဖြစ်ပါသည်။

BTC သည် ယခု တကြိမ် ပြန်တက်သွားပြီဖြစ်ပါသည်။ များမကြာမီ ပြန်လည် ကျလာပါလိမ့်မည်။ ဘယ်လောက် အထိ ကျလာမည် မည်သူမျှ မသိသေးပါ။ ဤသို့ အတက်အကျ ရှိမှသာလျင် ဈေးကစားသူတို့ ဝင်ငွေ ရလမ်းကောင်းကြမည် ဖြစ်ပါသည်။ ဈေးမကစားနိုင်သော ကျွန်တော်တို့ကဲ့သို့သော သူများကတော့ BTC ဈေး တသန်း ဖြစ်သွားလည်း "ဟာ ဖြစ်သွားပြီ" တဲ့ဟု ဆိုနေရုံသာ ရှိပါသည်။

မီး ဟူသော အရာ သည် လောင်စာနှင့် မတွေ့မီ မီးစလေး တခု ဒါမှ မဟုတ် မီးတောက် လေး တခုသာ ဖြစ်ချင် ဖြစ်နေပါလိမ့်မည်။ သို့သော် လုံလောက်သော လောင်စာနှင့် တွေ့ပြီ ဆိုလျင်တော့ တချက်တည်း ဟုန်းကနဲ့ ထတောက်နိုင်သလို တမြည့်မြည့် လောင်ကျွမ်းနေသော အဆင့် တွင်လည်း ရှိနေနိုင်ပါသည်။ BTC နှင့် အတူ ETH / BNB အစရှိသော Cryptocurrency များကတော့ လောင်စာကောင်းကောင်း ဖြင့် မီးတောက်မီးလျံ အဖြစ် အရှိန်ကောင်းနေကြပြီ ဖြစ်ပါသည်။

Cryptocurrency များထဲတွင် Ripple ၏ XRP ကတော့ အခြား Cryptocurrency များကဲ့သို့ မီးတောက် မီးလျံများ မရှိသော်လည်း အရှိန်မပျက် တငွေ့ငွေ့ တောက်လောင်နေဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့ လက်ထဲတွင်ရှိသော Hive သည်လည်း cryptocurrency ဖြစ်သည်နှင့် အညီ မီးစလေး တစ အဆင့်တော့ရှိနေပါသည်။ မည်သည့် အချိန်တွင် လောင်စာနှင့် တွေ့မည် မသိသေးပါ။

BNB / ETH ကဲ့သို့ လောင်စာများနှင့် တွေ့ပြီး ထတောက်လောင်မည်လား သို့မဟုတ် XRP ကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းနေမည်လား ဆိုသည်ကတော့ အချိန်ကသာ အဆုံးအဖြတ်ပေးပါလိမ့်မည်။ သေချာသည် တခုကတော့ Cryptocurrency သည် တနှစ်ထက်တနှစ် လူသိပိုများလာနေသည်ကတော့ သေချာပါသည်။

ယခင် ၂၀၁၇ BTC မီးတောက်ကြီး ဖြစ်ပေါ်လာပြီး နောက် ပြန်အကျတွင် Cryptocurrency အတော်များ များ အထိနာခဲ့ကြပါသည်။ BNB တို့ 3$ ခန့် အထိ ရောက်သွားသလို ETH သည်လည်း 100$ ကျော်တွင် ကျန်နေခဲ့ရပါသည်။ ထို့နောက် Steem နှင့် အတူ အခြားသော Cryptocurrency အတော်များများ အဆင့် ၁၀၀ အောက် တန်း ဆင်းသွားခဲ့ရကာ ယခု အချိန်ထိ အထက်တန်းသို့ ပြန်တက်ရန် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။

ယခု BTC မီးတောက် နောက်တကြိမ် ထတောက် နေပြန်ပါပြီ။ မည်သည့် Cryptocurrency တို့ တန်းဆင်းရ၍ မည်သူတို့ တန်းတက်လာမည် မသိသေးပါ။ ဤ တကြိမ် BTC အတက်သည် မညိမျှ တက်မည် မသိသေးပါ။ အတက် ကြမ်းလျင် အကျ လည်း ကြမ်းတတ်သည် ဖြစ်၍ ဤ တကြိမ် BTC အကျ တွင် မည်သည့် Cryptocurrency တို့ ကျန်နေနိုင်ပါသနည်း ။

Hive ကတော့ ဒုတိယတန်းတွင် ရုန်းကန် နေရဆဲမို့ 2021 တွင် အထက်တန်းသို့ ပြန်လာနိုင်မည်လား သို့မဟုတ် ဒုတိယတန်းတွင်သာ ဆက်လက်ရုန်းကန်နေရမည်လား ဆိုသည်ကတော့ စိတ်ဝင်စားစရာ ကောင်းနေပါသည်။ အဘယ့်ကြောင့် ဆိုသော် Hive သည် Leo အကူအညီဖြင့် လောင်စာများ လိုက်ရှာနေသည့် သတင်းသဲ့သဲ့ကြားနေရသောကြောင့် ဖြစ်ပါသည်။

Henry Aung ( Kachin )

21 / 12 / 2020 - 17:53 PM - Monday

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency