ကျွန်တော်ခရီးသွား - အပိုင်း ( ၁၃ ) ( Henry Aung )

မင်္ဂလာပါ။ ယနေ့ကတော့ လွန်ခဲ့သော လတွင် သွားရောက်လည်ပတ်ခဲ့သည့် မလေးရှား အနုပညာ ပြတိုက် အကြောင်း ဖေါ်ပြပေးလိုပါသည်။ အမှန်တော့ ဤ အနုပညာပြတိုက်သည် တနေ့ကုန် ကြည့်၍ လည်း ကြည့်၍ မဝနိုင်သော ပြတိုက်ဖြစ်ပါသည်။

ပန်းချီများ ပန်းပု များ Installation Art ( မြန်မာဘာသာ ဖြင့် တပ်ဆင်ခြင်းအနုပညာ ဟုပဲ ခေါ်ရမည်လားမသိ ) ပစ္စည်းများအား အနုပညာ မြောက်အောင် တပ်ဆင်ထားသော ပစ္စည်းများ စသည်ဖြင့် ကြည့်၍ မဝနိုင်အောင် ရှိလှပါသည်။

စာ အရေးအသား အနည်းငယ် လျှော့၍ Ecency မှ လက်ခံသည့် အတိုင်းအတာ အထိ ဓါတ်ပုံများအား အတတ်နိုင်ဆုံး ဖေါ်ပြပေးသွားပါမည်။ ထို အနုပညာ ပြတိုက်မှာ အလွှာ ၃ လွှာ ရှိပြီး အလွှာတိုင်းတွင် မတူညီသော အနုပညာ ပြခန်း များရှိပါသည်။

ကျွန်တော်တို့ ရောက်ရှိချိန်တွင် ဒုတိယအထပ် မှ ပြခန်းများအား အပူချိန် / စိုထိုင်းဆ များ ညှိနေသောကြောင့် ခေတ္တပိတ်ထားပါသည်။ ပြသထားသော အနုပညာ ပစ္စည်းများ မပျက်ဆီးစေရန် ဝင်ရောက်ကြည့်ရှုသော လူ များ အလိုက် အပူချိန် နှင့် စိုထိုင်းဆ တို့အား နည်းပညာ ဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။

(အနုပညာ ပြတိုက် အဆောက် အဦး)

(ပြတိုက်အတွင်းသို့ မဝင်ခင် ဓါတ်ဖမ်း)

(မလေးရှား ဆိုက်ကား)

(ကျွန်တော်နားမလည်သော Installation Art)

(ပေါ်တူဂီ ရွက်လှေ ပန်းချီကား / အလွန်လက်ရာ မြောက်၍ အလင်း အမှောင် ထည့်ထားသည်မှာ အလွန်ပညာသား ပါပါသည်။)

(ကြည့်၍ မဝနိုင်သော ပန်ချီကားများ / အောက်ဖက် တွင် ထိုပန်းချီကားပါ အကြောင်းအရာ မည်သူ ရေးဆွဲခဲ့သည် မည်သည့် ခုနှစ်တွင်ရေး ဆွဲ သည် စသည်ဖြင့် အပြည့် အစုံ ဖေါ်ပြ ထားပေးပါသည်။)

(အင်္ဂလိပ်စာ ဖြင့်ရေးထားသည်ဆိုတော့ ကိုယ်တိုင်ဖတ်ကြည့်ကြပါကုန်။ ၁၅ ရာစု ဝန်ကျင်ဆိုတော့ မြန်မာပြည် ပုဂံခေတ် လောက်ဖြစ်မည်ထင်ပါသည်။)

(ပေါ်တူဂီ ရွက်လှေ တစ်စီး ပုံစံတူ / ရေလှိုင်းများအား ရာဘာ အကြည်သာ ဖြင့် ပြုလုပ်ကာ အောက်မှ မီးထိုးထားပေးခြင်း ဖြစ်ပါသည်။)

(မလေးရှား ရှေ့ခေတ်သုံး ငွေကြေးများ)

(လှပသော ပန်းချီကားကြီး)

(မလေးရှား နိုင်ငံသားများ၏ ကော်ဖီဆိုင် ယျဉ်ကျေးမှု)

(လှပသော ပန်းချီကားကြီး)

(ကျွန်တော်နားမလည်သော အနုပညာ)

( စိတ္တဇ ပန်းချီကား တချပ် )

ဤ ပန်ချီကား မှာ " ပြည်ပ နိုင်ငံသားများ ကျွန်မတို့ ပတ်ဝန်းကျင်ကို မဖျက်ဆီးပါနဲ့ " ဟူသော အမည်ရပါသည်။ ကိုလိုနီ ခေတ်တွင် ပေါ်တူဂီများ သတ္တု တူးရန် သစ်တောများ / မြစ်ချောင်းများအား ဖျက်ဆီးပြစ်ခြင်း အားဆိုလိုပါသည်။

ဤ ပန်းချီကား၏ ထူးခြားချက်မှာ ထိုခလေး သုံးဦး၏ မျက်လုံး ဖြစ်ပါသည်။ ထိုမျက်လုံးများမှာ မည်သည့် ရှု့ထောင်က ကြည့်ကြည့် မိမိအား မကျေမနပ်နှင့် စိုက်ကြည့်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မယုံလျင် ဤ ပုံအား ပုံကြီးချဲ့၍ ပုံ၏ ညာဘက်ထောင်. / ဘယ်ဘက်ထောင့် စသည်ဘက်မှ ကြည့်ကြည့်ပါ။ ခလေးငယ်များ မိမိအား စိုက်ကြည့်နေသည်ကို တွေ့ရပါလိမ့်မည်။

ဤ ပန်းချီကား ၏ ရှေ့တည့်တည့် တွင် ခုံတန်းရှည် တခု ချထားပေးပါသည်။ ထို ခုံတွင် ထိုင်၍ ဤ ပန်းချီကားအား တစိမ့် စိမ့် ထိုင်ကြည့် လေ ထိုခလေး သုံးဦး ၏ မျက်လုံး မှ အမုန်းတရားများက ပို၍ အသက်ဝင်လာလေ ဖြစ်ပါသည်။ ကြည့်ရင်း ကြည့်ရင်း ထိုခလေး ၃ ဦးက မိမိအား ပန်းချီကား ထဲမှ ထွက်လာက ထရိုက်ကြတော့ မည်ဟု ထင်လာရပါသည်။ မယုံလျင် ဤ ပန်းချီကား အား ခပ်ကြာကြာ စိုက်ကြည့် ကြည့်ပါ။

(ကြီးမားသော ပန်းချီကား ချပ်ကြီး။ ခပ်ဝေးဝေးမှ ကြည့်လျင် အလွန်အသက်ဝင်သော ပန်းချီကားချပ်ကြီး ဖြစ်ပါသည်။ မသိလျင် သဘာဝရှုခင်း ကြီးအား အနီးကပ်ကြည့်နေရသယောင် ထင်ရပါသည်။)

(စိတ္တဇ ပန်းချီကား တချပ်)

(မဟေသီနှင့် ပန်းချီကားချပ်များ)

(ကျွန်တော်နားမလည်သော အနုပညာ)

(သံဘူးထဲမှ ဘဝများ)




(လှပသော ပန်းချီကားများ)

(စိတ္တဇ ပန်းချီကား တချပ်)


( ကိုလိုနီ ခေတ် မလေးရှား နိုင်ငံသားများ၏ ဘဝအား ဖေါ်ကျူးပြထားသော ပန်းချီကားများ )

နောက်ထပ် ဖေါ်ပြပေးစရာ ပန်းချီ များ အများ အပြားကျန်ပါသေးသည်။ အမှန်တော့ ဤကဲ့သို့သော ပြတိုက်များသည် အချိန်ယူကာ အနုပညာ တခုချင်းစီအား တစိမ့်စိမ့်ကြည့်ကာ အရသာ ခံသင့်သော နေရာ ဖြစ်ပါသည်။ ကျွန်တော်တို့ ပန်းချီများ ကြည့်နေစဉ်မှာပင် အမျိုးသမီး ၂ ဦးက ကွန်ပြူတာများ ဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ရသဖြင့် သွားစပ်စုကြည့်ရာ ဘွဲ့လွန် အတွက် အနုပညာ ဆိုင်ရာ စာတမ်းတစောင် ပြုစုနေကြောင်း သိရပါတော့သည်။ ကောင်းလေစွ။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

26/11/2022 - Saturday - 14;14 Pm ( KL )

H2
H3
H4
3 columns
2 columns
1 column
20 Comments
Ecency