ကျွန်တော်အားနာနေရပါသည် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခုတလော Cryptocurrency အကြောင်း Hive အကြောင်းများသာ ရေးသားနေခဲ့သည် ဖြစ်ရာ Cryptocurrency အကြောင်း ခေတ္တနားကာ ရသစာပေများအကြောင်း ရေးမည်ဟု စဉ်စားမိပါသည်။

ရသစာပေဆိုရာတွင် ကျွန်တော်၏ မပြီးပြတ်သေးသော " ကျွန်တော်ပြောသော စင်္ကပူ အပိုင်းဆက်များ / ကျွန်တော် ခရီးသွားခဲ့စဉ်က အပိုင်းဆက်များ / ဗီယက်နမ်သွား တောလား မှ အင်ဒိုနီးရှားသွားတောလာ စသည်ဖြင့် ရေးစရာ အတော်များများကျန်နေပါသေးသည်။

ဤကဲ့သို့ ခရီးသွားသည့် အကြောင်းများ ရေးသားရန် ကျန်ရှိနေသေးသည့် အပြင် သရော်စာများ ရေးသားရန်လည်း ရှိနေပါသေးသည်။ သို့သော် ယခုအချိန်သည် မြန်မာတပြည်လုံး ကြိမ်မီးအုံသကဲ့သို့ ဒုက္ခရောက်နေသည့် အချိန်တွင် ကျွန်တော့ အနေဖြင့် သရော်စာများ / ဟာသများ ရေးသားလိုစိတ်မရှိပါ။

အမှန်ဆိုရလျင် Cryptocurrency Group ဖြစ်သောကြောင့် ဝိနည်းလွတ်စေရန် Cryptocurrency အကြောင်းများသာ ရေးသားနေရခြင်း ဖြစ်ပါသည်။ ကျွန်တော့ အတွက်လည်း Post ဖြစ်စေ အခြားသူများလည်း ဗဟုသုတရ စေရန် ရည်ရွယ်ပါသည်။

သို့သော်ကြာလာတော့လည်း အခြားသူများ အမြင်ကတ်ဖွယ်ရာ ဖြစ်လာပါတော့သည်။ မည်သို့ပင်ဆိုစေ Hive platform သည် Cryptocurrency အကြောင်းတခုတည်း ရေးသားရန် မဟုတ်ပါ။ မိမိကိုယ်ပိုင် Blogging ဖြစ်သည့် အတွက် မိမိကြိုက်နှစ်သက်ရာ အကြောင်း ရေးသားနိုင်ပါသည်။

ယခုတလော Hive platform တွင် မြန်မာစာ နှင့် ရေးသားထားသော အကောင့် အတော်များများအား တွေ့မိပါသည်။ အချို့မှာ အရေးအသားအတော်လေး ကောင်းပါသည်။ ကျွန်တော့အနေဖြင့် ရှိထားပြီးသော HP ဖြင့် တတ်နိုင်သလောက်တော့ Vote ပေးနေပါသည်။

ဟိုယခင် တချိန်က Steemit ကာလ ကဲ့သို့ဆိုလျင်​တော့ Support ပေးဖို့ရာ အတော်လေး အဆင်ပြေမည်ဖြစ်ပါသည်။ ရှိစေတော့။ သို့သော် ယခုအချိန်တွင် Hive platform ပေါ်သို့ ဝင်ရောက်လာသူများမှာ ယခင်ကဲ့သို့ Support များမျှော်နေစရာမလိုတော့ပါ။

D.buzz သည် လည်ကောင်း Ecency သည်လည်းကောင်း လူသစ်များအား အတော်လေးပင် အထောက်အပံ့ပေးနေပြီ ဖြစ်ပါသည်။မိတ်ဆွေတို့ အတွက် Hive platform သည် ယခင်ကထက်ပို၍ အဆင်ပြေနေသည်ကတော့သေချာပါသည်။ ကျွန်တော့အနေဖြင့် မိတ်ဆွေတို့အားလုံးအား Vote မပေးနိုင်သည့် အတွက်အားနာပါသည်။

Henry Aung ( Kachin )

14/09/2021 - Tuesday - 19;32 Pm

H2
H3
H4
3 columns
2 columns
1 column
30 Comments
Ecency