မင်္ဂလာပါ။ ယခုတလောက တော့ Hive နှင့် ပတ်သက်၍ အတော်လေးကျေနပ်စရာ ကောင်းနေပါသည်။ BTC ဈေးနှုန်းများ ထိုးကျနေသည့်တိုင် Hive ကတော့ ပြား ၉၀ ဝန်းကျင်တွင် တင်ကျန်ခဲ့လိမ့်မည်ဟု ထင်ပါသည်။
ထိုထက်ပို သဘောကျစရာကောင်းနေသည်မှာ Hive Engine တွင် Airdrop များရနေခြင်း ပင်ဖြစ်ပါသည်။ ရသည့် အရေအတွက်နည်းသော်လည်း သူ့တန်ဖိုးနှင့် သူရှိနေသည် ဆိုတော့ ဝင်ငွေလေးများ တိုးပွားလာသည့် သဘောပင်ဖြစ်ပါသည်။
ယခု နောက်ပိုင်း Pizza ကော်မန့်များ ပေးသော်လည်း Reward မရဟု ထင်နေခဲ့ရာမှ တမြန်နေ့ကစပြီး သေချာ စောင့်ကြည့်မိပါသည်။ Pizza Reward ရပါသည်။ ယခင်ကဲ့သို့ ဒီအတိုင်း မပေးတော့ပဲ Stacking ထဲသို့ ထည့်ပေးခြင်း ပင်ဖြစ်ပါသည်။
ကျွန်တော် Pizza Stacking လုပ်ထားခြင်းကြောင့် တရက်လျင် 1 pizza လောက်ပြန်ရပါသည်။ ယနေ့ Hive ဈေးဖြင့် တွက်လျင်တော့ တနေ့လျင် မြန်မာငွေ ၄၀၀ ကျပ် ဝင်နေသည့်သဘော။
ယခုတလော နောက်ထပ် token တခု ခေတ်စားလာသည်မှာ မျက်နှာပြောင် token ဖြစ်ပါသည်။ သူကလည်း မျက်နှာသာ ပြောင်သည်မဟုတ် ဈေးကလည်း အတော်လေးကို ပြောင်ပါသည်။ 1 LOLZ ကို 0.25 Hive ဈေးပေါက်သည်ဆိုတော့ ယနေ့ Hive ဈေးဖြင့် မြန်မာငွေ ၄၀၀ ကျော် ပေါက်သည့် သဘော ဖြစ်ပါသည်။
ဤ token က လည်း Comment ချမှ ရသည်ဆိုတော့ နေရာတကာ လိုက်၍ မျက်နှာ ပြောင်နေရလျင်ဖြင့် Down Vote မိစရာ ဖြစ်နေပါသည်။ သူများ တကာ အတည်အတံ့ ရေးထားသော စာတွင် Ha Ha Comment ပေးရလျင်ဖြင့် ရိုင်းပျ သကဲ့သို့ရှိချေတော့မည်။
ကိုယ်တွေ မြန်မာ စာ အချင်းချင်း တော့ ကိစ္စမရှိပါ။ နားလည် ခွင့်လွတ်နိုင်ပါသည်။ ဤသို့ ဆိုလျင် ယခုတော့ ကော်မန်တခုလျင် !PIZZA လည်းထည့် !LOLZ လည်း ထည့်မှ အဆင်ပြေမည့် သဘော ဖြစ်ပါသည်။ Pizza လည်း ကျွေးမည် မျက်နှာပြောင်လည်း တိုက်မည် ဆိုသည့်သဘော။
အကယ်၍ မိတ်ဆွေ၏ Post မျာတွင် ကျွန်တော့ အနေဖြင့် Pizza / Lolz ကော်မန့်များ ချမိ၍ သဘောမကျလျင် ကျွန်တော့အား အကြောင်းပြန်ကြားစေလိုပါသည်။ ဟုတ်ကဲ့ ကျွန်တော့ Post များတွင်တော့ Pizza / Lolz မက Beer / LUV စသည်ဖြင့် ကော်မန့်အကုန်ချ၍ ရပါသည်။ ကျွန်တော်က ရှိသမျှ Token အကုန်စု နေသော ကြောင့် ဘာလာလာ အကုန်ဒေါင်းပါသည်။
Hive Platform တွင် Post တင်ရသည်ကတော့ တဖြည်းဖြည်း နှင့် ပျော်စရာကောင်းလာပြီ ဖြစ်ပါသည်။ ယခု နောက်ပိုင်း ညနေ ရောက်လာပြီဆိုလျင် ဂဏာမငြိမ် ဖြစ်လာသလိုလို / လေချဉ် တက်လာသလိုလို / ခြေတုန် လက်တုန် ဖြစ်လာသလိုလို ဖြစ်လာတတ်ပါသည်။
အဘယ့်ကြောင့် ဆိုသော် Hive တွင် Post မတင်ရသေးသောကြောင့် ဤသို့ ဖြစ်လာခြင်း ဖြစ်ပါသည်။ မိုးက ချုပ်တော့မည် ရေးစရာ အကြောင်းက ရှာမရသေး ဆိုလျင် လေပါ ပျို့ချင်သလိုလို ဖြစ်လာတတ်ပါသည်။ စာတပုဒ်လောက် ကြိုးစားရေးပြီး Post တင်လိုက်လျင်တော့ အရာရာ အဆင်ပြေသွားပြီ ဖြစ်ပါသည်။
နေ့စဉ် ရက်ဆက် အရက်မသောက်ရ မနေနိုင်သူအား အရက်သမားဟု ခေါ်လျင် နေ့စဉ် Hive Platform တွင် Post မတင်ရမနေနိုင်သူအား မည်သို့ခေါ်မည်နည်း။ Hive စွဲနေကြသူများ ဟုသာ ခေါ်သင့်သည် ဟု ထင်ပါသည်။
Henry Aung ( Kachin )
16/11/2021- Tuesday - 17;46Pm