Hive platform တာထွက်တော့မည်လော ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယနေ့ နံနက်ပိုင်းတွင် တရိပ်ရိပ်တက်လာခဲ့သော Hive ဈေးကတော့ New Record တခုကို တင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခင်က အမြင့် ဆုံး အနေဖြင့် $1.5 ကျော်ကျော်သာ ရှိရာမှ ယခနေ့ကတော့ $1.93 အထိအမြင့် ဆုံးဆွဲတင်ထားနိုင်ခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် Hive ဈေးတက်လာသည်ဆိုတော့ ပျော်ရပါသည်။

ဈေးတက်လာလျင် စိတ်အားတက်ကြွလာသလောက် ဈေးကျလာလျင် လည်း စိတ်ပျက်မသွားဖို့ အရေးကြီးလှပါသည်။ ကျွန်တော့ အနေဖြင့် Hive အား ၂၀၂၂ တွင်မှ $1 အထက်ရှိလိမ်မည်ဟု ထင်ထားခဲ့ရာ ယခုတော့ နှစ်မကုန် ခင် $2 ဟူသော ဈေးကို ဆွဲကိုင်ထားနိုင်မည်လား စိတ်ဝင်စားစရာကောင်းနေပြီ ဖြစ်ပါသည်။

Hive အကြောင်းကလည်း အရမ်း မရေးရဲပါ။ ကျွန်တော်ရေးလိုက်လျင် ဈေးထိုးကျသွားတတ်၍ ဖြစ်ပါသည်။ ဆိုတော့ Hive ဈေးတက်တက်ကျကျ ကျွန်တော်တို့ အနေဖြင့်တော့ နေစဉ် တင်စရာရှိသည့် post များ တင်နေရုံသာ။ အချို့ကတော့ Hive ဈေးအား $8 လောက်အထိ တက်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။

လက်ရှိ အခြေအနေတွင် Hive အား အသည်းအသန် ဝယ်ယူနေသူတို့မှာ ကိုးရီးယား လူမျိုးများ ဖြစ်ပါသည်။ မိတ်ဆွေတို့ အားလုံးအသိ ဖြစ်သည့် အတိုင်း ကိုးရီးယား များသည် Hive သို့ လိုက်ပါလာခြင်း မရှိခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် Steemit တွင် ကိုးရီးယား တို့ မြုပ်နှံမှု ကြီးကြီးမားမား လုပ်ထားကြသောကြောင့် ဖြစ်ပါသည်။

Hive platform သည် Steemit မှ ခွဲထွက်လာပြီးနောက်Steemit အကောင့် Steem power ရှိသူတိုင်း 1:1 Hive Power ရရှိခဲ့ကြပါသည်။ အကျိုးဆက်အနေဖြင့် ၂၀၂၀ ဧပြီလမှ ၂၀၂၀ ဩဂုတ်လ အထိ Hive ဈေးမှာ ၁၀ ပြား အဆင့်မှ မတက်နိုင်ခဲ့ပါ။ ထိုအချိန်က ကိုးရီယားတို့ ရသည့်ဈေးဖြင့် Hive အား ထိုးချခဲ့ကြသော ကြောင့် ဖြစ်ပါသည်။

ယနေ့ ကိုးရီးယား တို့ Hive ကို အသည်းအသန် လိုက်ဝယ်နေကြပြီဖြစ်ပါသည်။ Hive Platform တွင် Community တခုတည်ထောင်ကာ Project များ လုပ်ဆောင်မည်လား သို့မဟုတ် ဘူဘောင်း ဖေါက်ကြမည်လား မည်သူမျှ မသိနိုင်ပါ။

သို့သော် တခုသေချာသည်က Multinational Community သည် Hive Platform သည် အခြားသော Blockchain များထက်သာလွန်နေသည်ကတော့သေချာပါသည်။ မည်သို့ပင်ဆိုစေ Hive Platform အား လူအများ သတိပြုလာသည်ကတော့ သေချာပါသည်။

ယနေ့ Ecency ကို ဝင်ကြည့်ရာ အပြင်အဆင် အသစ်နှင့် ဖြစ်လိုနေပါသည်။ ယခုတလော Boost မပေးနိုင်ခြင်းမှာ Ecency page အား ပြင်ဆင်နေသော ကြောင့်ဟု ထင်ပါသည်။ ၃ ရက်ဆက်တိုက် Boost လုပ်သော်လည်း မရခဲ့ပါ။

ယနေ့ကတော့ သနားလာ၍ ထင်ပါသည် Ecency လာ၍ ဗုတ်ပေးသွားပြီ ဖြစ်ပါသည်။ Ecency ၏ အပြင်အဆင်ပြောင်းလည်းလာသည်ဆိုခြင်းမှာ Ecency Wallet တွင် ဖြစ်ပါသည်။

ယခင်က Hive Wallet နှင့် Ecency point wallet သာ ရှိရာမှ ယနေ့ကတော့ Hive Engine token Wallet ပါ အသစ်အနေဖြင့် ပါဝင်လာပြီ ဖြစ်ပါသည်။ သို့သော် Hive Engine wallet ၏ Estimate Value ကိုတော့ ဖေါ်ပြပေးထားခြင်း မရှိသေးပါ။ နောက်ပိုင်းတွင်တော့ Hive Engine Exchange site ဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်မည်ဟု ထင်ပါသည်။

Henry Aung ( Kachin )

25/11/2021 - Thursday - 18;04 Pm

H2
H3
H4
3 columns
2 columns
1 column
34 Comments