Hive Platform ပေါ်မှ အတွေးများ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ Hive ကတော့ $2 အောက်မရောက်စေရန် အတော်လေး ရုန်းကန်နေရသည်ကို တွေ့နေရပါသည်။ Hive ဈေးအတက်နှင့် အတူ Power Down ထားသူတို့ ၏ Hive များ ဈေးကွက်အတွင်းသို့ ရောက်လာကြပြီ ဆိုတော့လည်း ဈေးကွက် တွင် အကျဘက်သို့ ဦးတည်နေသည်မှာ အဆန်းတော့မဟုတ်ပါ။

ဒီဇင်ဘာလ တလလုံး 2$ ဈေးတွင် တောင့်ခံထားနိုင်လျင်တော့ ၂၀၂၂ အတွက် Hive အဖွင့်ကတော့ အတော်လေး လှပသွားမည် ဖြစ်ပါသည်။ Hive ဈေးအတက်တွင် ထိုးချထားခဲ့ကြသော Hive Engine token များသည်လည်း ယခုတော့ တဖြည်းဖြည်း နှင့် ပုံမှန် အခြေအနေသို့ ပြန်ရောက်နေပြီ ဖြစ်ပါသည်။

Hive အနေဖြင့် Coinmarketcap ၏ ထိပ်တန်း အဆင့် ၁၀၀ သို့ရောက်ရန် အတော်လေးတော့ ရုန်းကန်ရအုံးမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Coinmarketcap ထိပ်တန်း အဆင့် ၁၀၀ Coin များသည် Total marketcap ၁ ဘီလီယံ အထက်ရှိသော Coin များသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

011.jpeg

Original Image Source

သို့သော်လည်း Hive အတွက်တော့ မကြာမှီ အဆင့် ၁၀၀ အထက်သို့ ရောက်လာနိုင်မည်ဟု ယုံကြည်ပါသည်။ ၂၀၂၂ ခုနှစ်အတွက် Hive မှ ထွက်ပေါ်လာသော Project တခုခုသည် Hive အားလက်ရှိ အခြေအနေထက် ထိုးတက်သွားရန် လောင်စာပေးပါလိမ့်မည်။

ကျွန်တော့ အနေဖြင့် Hive အား သဘောကျသည် မှာ စကားအများကြီး မပြောခြင်းပင် ဖြစ်ပါသည်။ စကားအများကြီး မပြောခြင်း ဆိုသည်မှာ အခြားသော Coin / token များကဲ့သို့ လမ်းပြမြေပုံများ ကြီးကြီးကျယ်ကျယ်ချပြ / ဘယ်အချိန်ရောက်လျင် ဘယ်သို့ ဘယ်ဝါ ကြီးကျယ်နေမည် အောင်မြင်နေမည် အစရှိသော လိမ့်လုံးများ / မက်လုံးများ ပေးမထားခြင်းဖြစ်ပါသည်။

Community များက Proposal တင်ကြ၍ project အတွက် Fund တောင်းမည်။ Hive platform ရှိ Member များက ထို project အားကြိုက်လျင် Vote ပေးမည်။ မကြိုက်လျင် မ Vote ယုံသာ။ အကယ်၍ Voting ပြည့်သွားလျင် Project လည်ပတ်ရန် အတွက် Fund ရရှိမည်။ မိမိ Project အား အောင်မြင် အောင် ဆောင်ရွက်နိုင်ရန်သာလိုပါသည်။

022.jpeg
Original Image Source

ကျွန်တော် Hive နှင့်ပတ်သက်၍ စဉ်းစားမိသည်မှာ Hive Power မည်မျှ ရှိလျင် အဆင်ပြေနိုင်ပါသနည်းဟူသော မေးခွန်းဖြစ်ပါသည်။ ဤမေးခွန်းအားဖြေရန် အချက်နှစ်ချက်ရှိပါသည်။ ပထမအချက်မှာ Hive ဈေးပေါ်တွင်မူတည်နေပါသည်။

Hive ဈေးပြား ၂၀ ဆိုလျင် မိမိ Reward HP များ ပိုရ၍ Hive ဈေးတက်လာသည်နှင့် အမျှ HP စုရသည်မှာ ပို၍ ခက်လာပါသည်။ ဆိုတော့ အမြဲတမ်း အသစ် အနေဖြင့် ဝင်ရောက်လာသူတို့မှာ Hive ဈေးနည်းစေရန် လိုလားကြမည် ဖြစ်သလို HP အတန်အသင့် ရှိသူများကတော့ အလိုက်သင့်စီးမျှောရန် Hive ဈေးတက်သည်ကို လိုလားကြပါလိမ့်မည်။

ဤ တွင်အားလုံးအား ခြုံငုံရလျင် ကျွန်တော့ အမြင်တွင် HP 2000 ခန့်ရှိလျင် အလိုက်သင့်စီးမျောရန် အဆင်ပြေပြီဟုဆိုချင်ပါသည်။ HP 2000 ခန့်သည် Hive ဈေးနည်းလျင်လည်း အများကြီးစိုးရိမ်စရာမရှိပဲ မိမိ HP တိုးတထက်တိုးလာစေရန် ဆောင်ရွက်နိုင်သလို Hive ဈေးတက်လာလျင်လည်း အရှိန်မပျက် အလိုက်သင့် စီးမျောသွားနိုင်ပါသည်။

သို့သော်လည်း ယခုကဲ့သို့သော အချိန်တွင် Hive 2000 ဝယ်ထည့်ရန်ဟူသည်မှာ အတော်လေး အရင်းအနှီးကြီးမားပါသည်။ လက်ရှိ Hive ဈေးအား 2$ ဖြင့်တွက်၍ ဒေါ်လာပေါက်ဈေး ၁၈၀၀ ကျပ်ဖြင့် တွက်လျင်ပင် သိန်း ၇၀ ကျော်ခန့်ရှိပါသည်။ ဤ သိန်း ၇၀ ဟူသော ပမာဏသည် ပိုလျှံနေသူများ အတွက် ကိစ္စမရှိသော်လည်း သာမန်လူများ အတွက်တော့ အိမ်ဆိုင်လေး တဆိုင် ကောင်းကောင်း တည်ထောင်နိုင်သော ပမာဏဖြစ်ပါသည်။

033.jpeg
Original Image Source

Hive Power ဘယ်လောက်ရှိလျင် အဆင်ပြေပြီလဲဟူသော မေးခွန်းအား ဒုတိယအချက် အနေဖြင့် ဖြေရလျင် ပိုက်ဆံ ဘယ်လောက်ရှိလျင် ချမ်းသာပြီလဲ ဟူသော အဖြေနှင့် ခပ်ဆင်ဆင်တူပါလိမ့်မည်။

သာမန်လက်လုပ်လက်စားများအတွက် ငွေ ၁၀ သိန်းသည် အတော်များသည်ဟု ဆိုနိုင်သော်လည်း သူဌေး သူကြွယ်များ အတွက်တော့ တခါ ဈေးဝယ်ထွက်စာပင်မရှိပါ။

Hive Power ၁၀၀ ရှိသူက ၅၀၀ ရှိလာစေရန်ကြိုးစားသလို Hive Power ၁၀၀၀ ရှိသူကလည်း ၅၀၀၀ ရှိလာစေရန် ကြိုးစားနေသ၍ မိမိ Hive Power ဖြင့် ချမ်းသာသူများဟု ဆိုနိုင်ပါသည်။

ကျွန်တော့ အနေဖြင့် ဤ Hive Power အကြောင်းအား အဘယ့်ကြောင့် တစိုက်မတ်မတ် သတိပေးနေရသနည်းဆိုသော် Hive Power သည်သာမန်မဟုတ်ပါ။ မိမိ Hive Power ဖြင့် မဂ္ဂင်လမ်းသို့ ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။

ဤသို့ ဆိုလိုက်သဖြင့် " ဟာ ကိုဟင် အဲတာတော့ များသွားပြီ " ဟုဆိုပါလိမ့်မည်။ သေချာ တွေးကြည့်ပါ။ မိမိ Vote တချက်ကြောင့် အခြားသူသည် 0.1$ 0.3$ စသည်ဖြင့်ရသွားကြပါသည်။ ဤနေရာတွင် Vote မပေခင် " ငါပေးလိုက်သော Vote ကြောင့်ထိုသူ စိတ်ချမ်းသာပါစေ ဟူသော စေတနာ စိတ်လေး ထားတတ်ရန်သာလိုပါသည်။

044.png
Original Image Source

ဤသို့ စေတနာ ထားတတ်လျင် မိမိ Vote Click တချက်သည် တာဝန် ကြောင့် မဟုတ်ပဲ စေတနာကြောင့် ဖြစ်သော ကြောင့် လှူတန်းရာ ရောက်ပါသည်။ မိမိ Vote ပေးလိုက်ခြင်းကြောင့် မိမိထံမှလည်း လျော့ပါးသွားခြင်း မရှိသလို အခြားသူများအတွက်လည်း ပျော်ရွှင်သွားစေသောကြောင့် Win Win သဘောတရားသာဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် Hive Platform နှင့်ပတ်သက်၍ ဆောင်းပါးပေါင်းများစွာရေးသားပြီး ဖြစ်ပါသည်။ ဘိုးဘိုးအောင်၏ ဝလုံး တန်းခိုးဖြင့် နှစ်ဆတိုးသည် ဆိုသည်မှာ Hive Platform ဆိုလိုခြင်း ဖြစ်တန်ရာ။

အဘယ့်ကြောင့်ဆိုသော် မြန်မာစာလုံးများသည် ဝလုံး အား အခြေခံထားသည်ဖြစ်ရာ ဤသို့ မြန်မာစာ ရေးသားရင်း ၂ ဆတိုးပွားလာမည့် သဘောဖြစ်ပါသည်။ Hive Power များလာလေလေ ဤ Platform ၏ လုပ်နိုင်စွမ်းအားသည် ဆတိုးကိန်းဖြင့် တိုးပွားလာလေလေသာ ဖြစ်ပါသည်။

Henry Aung ( Kachin )

02/12/2021 - Thursday - 18;49 Pm

H2
H3
H4
3 columns
2 columns
1 column
49 Comments
Ecency