မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားမည် ဖြစ်သော အကြောင်းအရာတို့မှာ ကျွန်တော့ အတွေး ကျွန်တော့ အထင် ကျွန်တော့ အာဘော်သာ ဖြစ်၍ ကျွန်တော်ရေးသား ထားသည့် အတိုင်း တထစ်ကျ ဖြစ်လာလိမ့်မည်ဟု မမှတ်ယူစေလိုပါ။ မိတ်ဆွေတို့ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာ နိုင်ရန် အတွက် ဖေါ်ပြပေးလိုက်ရခြင်းသာ ဖြစ်ပါသည်။
အခြား မဟုတ်ပါ။ Hive Platform အကြောင်းသာ ဖြစ်ပါသည်။ ကျွန်တော်၏ ယခင် ဆောင်းပါးများတွင် Hive အနေဖြင့် ၂၀၂၂ တွင် အရှိန်ပြင်းပြင်း ဖြင့် ထိုးဖေါက်လာပြီ ဖြစ်ရာ Hive Engine token များမှာ မေးခွန်းထုတ်စရာ ဖြစ်လာပြီ ဖြစ်ပါသည်။
မိတ်ဆွေတို့သိသည့် အတိုင်း Hive Engine Layer 2 token များမှာ ပြင်ပရှိ Cryptocurrency Exchange site သို့ ပို့၍ မရပါ။ Leo အနေဖြင့် အောင်မြင်စဉ်ကာလက Uniswap သို့ ပို့ရာတွင် Swap Leo အဖြစ်သာ ပို့၍ ရခဲ့ပါသည်။ ထို့ အတူ Hive Engine ရှိ အခြားသော token များကလည်း ပြင်ပသို့ ဈေးကွက်ဖေါက်နိုင်စွမ်း မရှိပါ။
ဤ ကန့်သတ်ထားသော Hive Platform မှ အသိုင်းအဝိုင်းများအား မှီခိုရပ်တည် နေကြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် Blogging token များ ဖြစ်ကြသော POB / CCC / Archon အစရှိသဖြင့်။ မိတ်ဆွေတို့ သိသည့် အတိုင်း SPK Network အသက်ဝင်လာလျင် SPK Network အား အသုံးပြု၍ နောက်ထပ် Project အများအပြား ထွက်လာအုံးမည်မှာ အသေအချာ ဖြစ်ပါသည်။
အကယ်၍ အသစ်ထွက်လာသော Exchange Site ဖြစ်သည့် Peerplays DEX တွင် Hive Engine token များ ချရောင်းခွင့်မရှိဆိုလျင်တော့ Hive Engine token များ၏ ခေတ်ကုန်ဆုံးပြီဟူ၍ ပြော၍ ရပါသည်။ အသစ်ထွက်လာသော နည်းပညာဖြစ်သည့် SPK Network သည် Hive Engine ကဲ့သို့ Community များ ဖွဲ့နိုင်သည် / ကိုယ်ပိုင် Cryptocurrency များ ထုတ်နိုင်သည်ဟူ၍ အတိအလင်ကြေညာ ထားပြီး ဖြစ်ပါသည်။
ထို့အပြင် SPK Network ၏ Light Paper တွင် Ecency နှင့် Peerplays DEX တို့ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာထားသော်လည်း Hive Engine အကြောင်းတော့ ဖေါ်ပြထားခြင်း မရှိပါ။ ဤသည်ကို ထောက်ကြည့်ခြင်းအားဖြင့် Ecency ၏ point များက Cryptocurrency တခု ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပါသည်။
ဤ SPK Network အတွက် Fundraising proposal တင်ခဲ့သည့်မှာ 2021 September လတွင် ဖြစ်ပါသည်။ သို့သော် Hive Engine ဘက်မှ မည်သို့ ပြင်ဆင်ထားသည်ဆိုသည့် အကြောင်း မတွေ့ခဲ့ရပါ။ SPK Network မှ ထွက်လာသော Layer2 token များသည် Peerplays DEX တွင် ချရောင်း နိုင်မည်ကတော့ အသေအချာပင် ဖြစ်ပါသည်။
ထို့ကြောင့် SPK Network အသက်ဝင်လာလျင် ကျွန်တော်တို့၏ အဆွယ်အပွား Hive Engine token များ၏ ရှေ့ရေးက မသေမချာ မရေမရာ ဖြစ်လာမည်ကတော့ သေချာနေပါသည်။
နည်းပညာ အပြောင်းအလည်း တွင် လိုက်ပါမပြောင်းလည်း နိုင်သူတိုက ပြတ်ကျန်ခဲ့မည်မှာသေချာပါသည်။ Hive Community ၏ ရှေ့ရေးမှာ Hive Platform အား ယခင် Steemit ကဲ့သို့ စာရေးခြင်း သက်သက် ( Blogging) ဖြင့် ရှေ့ဆက်မည် မဟုတ်ပါ။ Blockchain Gaming/ Social Media / E-commerce စသည်ဖြင့် အကောင်ထည်ဖေါ်နေကြပြီ ဖြစ်ပါသည်။
လက်ရှိ Hive Community မှ ရှေ့ဆက်သွားနေသော ပုံစံအားကြည့်ရသည်မှာ " ငါတို့ သည်လို လုပ်ကြမည် သဘောတူပါသလား ... တူပါတယ်'' ဟု ဝိုင်းထောက်ခံကြလျင် ထိုအလုပ်လုပ်မည့် Project team အတွက် Fund ထုတ်ယူကြ ပြီးလျင် အကျိုးအမြတ်အား Hive Community တခုလုံး မျှဝေခံစားကြသည့် ပုံစံဖြစ်ပါသည်။
Hive ဈေးတက်လာပြီး နောက်ပိုင်းတွင် Hive Engine token များ ဈေးကွက် စတင်ကျဆင်းလာသည်ကို သတိပြုမိပါသည်။ အဘယ့်ကြောင့် ဆိုသော် Hive အကောင့်တိုင်းက Hive Power ကိုသာ ပို၍ အာရုံစိုက်လာသည့် သဘော ဖြစ်ပါသည်။
အထူးသဖြင့် Hive Engine ၏ blogging token များ ဖြစ်သော POB နှင့် ASH တို့က ပို၍ သိသာပါသည်။ ASH ဆိုလျင် မသိမသာ ပျောက်ကွယ်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် SPK Network ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် မိမိတို့ စုထားသော Hive Engine layer 2 token များ အတွက် စဉ်းစားနိုင်ရန် ဖေါ်ပြပေးရခြင်းသာ ဖြစ်ပါသည်။
Hive Engine ဈေးကွက်ပျက်တော့မည်ဟု ဆိုလိုရင်း မဟုတ်ပါ။ ဖြစ်ပျက် နေသော အခြေအနေနှင့် ပြောင်းလည်းနေသော နည်းပညာ များအား မျက်ခြေမပြတ် စေရန်နှင့် မိမိက လက်ဦးမှု ယူထားနိုင်ကြရန် အသိပေးလိုရင်း ဖြစ်ပါသည်။
Cryptocurrency စုခြင်းဟူသည်မှာ သူ့အကြိုက် ကိုယ့်အကြိုက် နှင့် ယုံကြည်ချက်သာ ဖြစ်ပါသည်။ coin / token တခုအား မိမိသဘောကျလျင် မည်သူက မည်သို့ပင် တားနေပါစေ ဝယ်စုမည် ဖြစ်သလို ကိုယ်စု နေသော Token အား အခြားသူများအာ စုကြပါပြောသော်လည်း အခြားသူများက သဘောကျချင်မှ ကျမည် ဖြစ်ပါသည်။ Hive Platform ကတော့ဖြင့် အရှိန်ဖြင့် ရှေ့ဆက်သွားနေပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ နောက်ကျနေလျင် ကျန်နေခဲ့မည်သာ ဖြစ်ပါသည်။
PS.. .......SPK Network ၏ LARYNX Mining token Airdrop အား SPK Desktops App တွင် မဟုတ်ပဲ Website တွင် Airdrop ချပေးရန် လုပ်ဆောင် နေကြောင်း ကြားသိရပါသည်။ February လ အစောပိုင်းလောက်တွင် Airdrop Claim လုပ်နိုင်မည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
Henry Aung ( Kachin )
06/12/2022 - Thursday - 17;56 Pm