Hive platform နှင့် သူ၏ အနာဂါတ် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့၏ Hive ကတော့ ဈေးကွက်တွင် ပြား ၈၀ နေရာတွင် နေရာယူတော့မည်ဟုထင်ပါသည်။ အဘယ့် ကြောင့် ဆိုသော် အခြား Cryptocurrency များ ဈေးကျလာသည့်တိုင် Hive ကတော့ USD ပြား ၈၀ တွင် ကျန်နေလိမ့်မည်ဟုထင်ပါသည်။

ကျွန်တော့ အထင်သာ ဖြစ်ပါသည်။ မိတ်ဆွေတို့ အနေဖြင့် Hive platform သို့ယခုမှ ဝင်​ရောက်လာသူဖြစ်လျင် Hive platform သည် မိတ်ဆွေအတွက် အင်မတန်မှ ရှုပ်ထွေးနေပါလိမ့်မည်။ Hive power / Hive engine token / အစရှိသဖြင့် လေ့လာရမည် ဖြစ်ပါသည်။

အကယ်၍ မိတ်ဆွေ အနေဖြင့် ပြင်ပ Cryptocurrency များအား လေ့လာနေရလျင်ဖြင့် Hive Engine token များအား လက်လွတ်ဖွယ်ရာရှိပါသည်။ ယခု အချိန်တွင် Leo / Hive / Starbits/ Pizza / အစရှိသော token များသည် VFT Lab တွင် Farming လုပ်နိုင်ပြီ ဖြစ်ပါသည်။

VFT token သည် WAX wallet တွင် အခြေပြုထားသည် ဖြစ်ရာ လက်ရှိ အချိန်တွင် ကျွန်တော့ အနေဖြင့်လည်း Starbits အား Farming လုပ်ထားပါသည်။ မည်သို့ Rewards ရရှိလာမည် မသိသေးပါ။ ဆိုလိုသည်မှာ Hive platform မှ ထွက်လာသော Project များသည် ပြင်ပြဈေးကွက်သို့ ခြေစန့်နေကြသည်ကို သိစေလိုရင်းဖြစ်ပါသည်။

Hive platform မှ ထွက်လာသော project token ( NFT ) များသည် ပြင်ပလောကသို့ ခြေဆန့်နေကြပြီ ဖြစ်ပါသည်။ Hive သည်လည်း USD 0.80 $ တွင် နေရာယူနေပြီ ဖြစ်သလို Hive မှ ထွက်ပေါ်လာသော Project များလည်း မည်မျှ အောင်မြင်လာမည် မသိသေးပါ။

Pizza / Starbits/ Leo စသည်တို့သည် ပြင်ပဈေးကွက်သို့ ဖေါက်ထွက်နေပြီ ဖြစ်ပါသည်။မိတ်ဆွေတို့ အနေဖြင့်လည်း Hive platform အား အမှီပြုရင်း Cryptocurrency များအား ရှာဖွေနိုင်ပါမည့်အကြောင့် တိုက်တွန်းလိုက်ရပါသည်။

Henry Aung ( Kachin )

09/09/2021 - Thursday - 19;33 Pm

H2
H3
H4
3 columns
2 columns
1 column
43 Comments
Ecency