Hive platform နှင့် လှော်တက်ပေါင်းစုံ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခုတလော Hive ကတော့ သူ၏ အမြင့်ဆုံးဈေးဖြစ်သည့် USD 1$ အထိ တချက်ခုန်ကာ ပြန်အကျတွင် USD 0.70$ ကျော်တွင် ဈေးကစားနေသည်ကို တွေ့ရပါသည်။

Hive ၏ ယခုတကြိမ် ခုန်တက်ပြီး နောက် ပြန်အကျသည် ယခင်ကဲ့သို့ ပြား ၂၀ ဟူသော အနေအထားသို့ ပြန်ရောက်မည်ဟုတော့ မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် HBD ဖြင့်ထိန်းထားသော ကြောင့် ဖြစ်ပါသည်။

Hive ဤကဲ့သို့ ဈေးတက်လာခြင်းအားကြည့်ရင်း ဖြင့် ယခင် ကျော်ဖြတ်ခဲ့ရသော Steemit ကလများအား သတိရမိပါသည်။ Steem ဈေး 7$ သို့ရောက်သော အချိန်ကာသည် ကျွန်တော်တို့ အတွက် အသာယာဆုံးသော ကာလများ ဖြစ်လိမ့်မည်ဟု ထင်ပါသည်။

ထို့နောက်တော့ Cryptocurrency သွေးစွန်းသော နေ့ရက်များ နှင့် Steemit ၏ နေဝင်ချိန်သို့ ရောက်လာရကာ Steem ဈေးသည် USD 0.20$ ခန့်သို့ ပြန်လည် ကျရောက်သွားရပါတော့သည်။

ထိုအချိန်သည် MSC Chat Group တွင် သရဲခြောက်သော ကာလများ ဖြစ်သလို Steemit တွင် Cryptocurrency တပြားရရ နှစ်ပြားရရ အတင်းဖက်တွယ်ထားသော / ကုတ်ဖြင့် ကော်ထုတ်လျင်ပင် ကုတ်ကျိုး နိုင်သော လူအနည်းစုသာ ကျန်ရစ်ခဲ့ပါသည်။

ထိုလူနည်းစုကတော့ သူတို့ လုပ်စရာရှိသည်အား လုပ်ဆောင်ရင်း Steemit တွင် ရေလိုက်ငါးလိုက် အနေအထားဖြင့်သာ ရှိနေခဲ့ကြပါသည်။ ထို့နောက်တော့ ၂၀၂၀ နှစ်ဦးပိုင်းတွင် Hive platform မွေးဖွားလာရန် ဖြစ်လာပါတော့သည်။

အသေးစိတ်အား ယခင် ကျွန်တော်ရေးသားထားခဲ့သော ဆောင်းပါးများအား ရှာဖတ်ကြည့်ကြပါကုန်။ ဤစာစုတွင် ကျွန်တော်ဆိုလိုရင်းမှာ ယခင်က ကျွန်တော်တို့သည် Steemit ၏ Steem / SBD မှလွဲပြီး ရွေးချယ်စရာမရှိခဲ့ပါ။

ထိုအချိန်က Steem Engine ရှိနှင့်ခဲ့ပြီး ဖြစ်သော်လည်း Steem Engine token များအား အထင်မကြီးခဲ့ပါ။ ကျွန်တော်တို့ တမေ့တမော မျှော်နေခဲ့ကြသည်က SMT ခေါ် Smart Media Token ။

ကျွန်တော့အနေဖြင့် ဆိုရလျင် Steemit မှ Hive သို့ အကူးအပြောင်း ကာလတွင် အတော်လေး စိတ်မကောင်း ဖြစ်ခဲ့ပါသည်။ မိမိ ၄ နှစ် ကျော်မျှ မွေးခဲ့သော ကြက်အား တမနက်တည်းဖြင့် ရိုက်ချက်စားရသော ခံစားချက်မှာ အတော်လေး ကသိကအောက်နိုင်လှပါသည်။

အစကတော့ Hive နှင့် Steem ခွထိုင်ရင်း ၂ သီးစားမည်ဟု စဉ်းစားထားသော်လည်း Steemit ၏ CEO အသစ်ဖြစ်သည့် Justin ၏ Post ထွက်လာသော အခါမှ မိမိစိတ်အား ယတိပြတ် ဆုံးဖြတ်နိုင်ပါတော့သည်။ Hive သည်သာ ကျွန်တော်တို့နှင့် အသင့်လျော်ဆုံး ဖြစ်ပါသည်။

ယခင်က Steemit တွင် ရွေးချယ်စရာ အများကြီးမရှိပါ။ ယခု Hive တွင် သင့် အတွက် ရွေးချယ်စရာ အများအပြားရှိပါသည်။ Hive Platform မှ Post တင်မည်လား ? / POB / Leofinance/ Sportalk / Neoxian/ Archon အစရှိသဖြင့် မိမိကြိုက်နှစ်သက်ရာ Platform မှ post တင်နိုင်ပါသည်။

ဤတွင် သတိရ၍ Steemit ကာလတွင် ကစားခဲ့ဖူးသော Drugwar အား ဆက်၍ ကစားသူများရှိပါသေးသလား သိချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Drugwar မှ rewards များအား ထုတ်ယူ၍ရသေးလျင် ထုတ်ယူချင်သောကြောင့် ဖြစ်ပါသည်။ ရှိစေတော့ ။ Hive အကြောင်း ဆက်ကြပါအုံးစို့။

ကျွန်တော့အနေဖြင့် ဆိုရလျင် ယခင် Steemit ကာလတွင် ဝင်ရောက်လာကြသူများထက် ယခု Hive platform သို့ ဝင်ရောက်လာကြသူများက ပို၍ လွယ်ကူမည်ဟုထင်ပါသည်။

ယခင်က Steemit တခုတည်းသာ ရှိသလို အခြားသူများ၏ Support များ အားကိုးခဲ့ရပါသည်။ ယခု ကာလ ဝင်ရောက်လာကြသူများကတော့ D.Buzz / Ecency Point များဖြင့် အခြားသူများအား အလွန်အမင်းအားကိုးစရာမလိုတော့ပါ။

Cryptocurrency သည် အမြဲတမ်းပြောင်းလည်းနေပါသည်။ ယနေ့ နှင့် မနက်ဖြန်ပင် မတူနိုင်ပါ။ ထို့ အတူ Hive သည်လည်း အမြဲတမ်းပြောင်းလည်း နေပါသည်။ သိသိ သာသာ ပြောင်းလည်း ခြင်းနှင့် မသိမသာ ပြောင်းလည်း ခြင်းသာ ကွာပါလိမ့်မည်။

cryptocurrency ရေစီးကြောင်းကတော့ မပြတ်စီးဆင်းလျက်ရှိရာ မိမိတို့ အနေဖြင့် လိုက်ပါ စီးမျှော နိုင်ဖို့သာ လိုပါလိမ့်မည်။ လှော်တက်ကတော့ မိမိကြိုက်ရာရွေးနိုင်ပါသည်။ BTC / ETH / Hive / Steem / EOS / စသည်ဖြင့် မိမိကြိုက်ရာ လှော်တက်ရွေး၍ Cryptocurrency ရေစီးကြောင်းအတွင်း လှော်ခတ်ကြပါကုန်။ လမ်းကြောင်းတူ လျင်တွေ့ဆုံကြရပါလိမ့်မည်။

Henry Aung ( Kachin )

06/09/2021 - Monday - 19;28 Pm

H2
H3
H4
3 columns
2 columns
1 column
42 Comments
Ecency