Hive Platform နှင့် ကျပ်မပြည့်ဘဝများ ( Henry Aung )

မင်္ဂလာပါ။ ယခုတလော Hive Platform ၏ အခြေအနေက Steemit မှ စတင်ခွဲထွက်လာကာစ အခြေအနေနှင့် ဆင်တူနေပါသည်။ Ecency မှ မကူလျင် မိမိတို့၏ Post များက ကျပ်မပြည့် သည့်ဘဝများ ကိုရောက်ရပါတော့သည်။ Hive အစပိုင်းတွင်လည်း ကျွန်တော်တို့ ကျပ်မပြည့်သည့် ဘဝများ ဖြင့် စတင်ခဲ့ရပါသည်။

အမှန်တော့ Steemit ကာလအား သိမှီလိုက်သူ များဆိုလျင်တော့ ဤ Voting မရသည့် ခံစားချက်အား အတော်ပင် ခံနိုင်ရေ ရှိနေပြီး ဟုထင်ပါသည်။ ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ကြသော ကျပ်မပြည့်သည့် ဘဝများမှာ ယခုမှ မဟုတ်ပါ။ ဟိုယခင် ၂၀၁၇ ကာလ များကတည်းက ကြုံတွေ့ခဲ့ကြရခြင်း ဖြစ်ပါသည်။

ကျွန်တော်ရေးသားခဲ့ပြီး ဖြစ်သည့် အတိုင်း Hive တွင်လည်း လောကဓံ ၏ အနိမ့် အမြင့် ကို ကြုံတွေ့ကြရမည် ဖြစ်ပါသည်။ Hive ဈေးတက်လာလျင် မိမိတို့ ပါဝါ ရှိသလောက် Voting များလာကာ Post တခုလျင် 2$3$ စသည်ဖြင့် ရရှိခဲ့ဘူးကြသလို ဈေးကျလာလျင်တော့ ယခုကဲ့သို့ ကျပ်မပြည့်သည့် ဘဝများအား လည်း ဖြတ်သန်း ကြရမည် ဖြစ်ပါသည်။ မိမိတွင် လုံလောက်သော Power ရှိထားလျင်တော့ ပြသနာမရှိပါ။


Original Image Source

ကျွန်တော့ အနေဖြင့် အရိုးသားဆုံး ဝန်ခံရလျင် Cryptocurrency ၏ အနိမ့်အမြှင့် အတက်အကျများအား ဟိုယခင်ကလောက် မတုန်လှုပ် သည်ကတော့သေချာပါသည်။ Hive ဈေး မည်မျှကျသည် ဆိုသော်လည်း လက်ရှိ မြန်မာ ငွေဈေးဖြင့် တွက်လျင် 1 Hive = 693.7 MMK ဈေးရှိနေပါသေးသည်။

မှတ်မိ ကြအုံးမည် ထင်ပါသည် Hive ဈေး 3$ ရောက်ခဲ့စဉ်က နေ့ရက်များ အကြောင်း။ Chat Group များ ထဲတွင် အားပါးတရ ရှယ်ကြ ပြောကြ ဆိုကြ။ ထိုနေ့ရက်တို့ တရက်ရက် တွင် ပြန်ရောက်လာအုံးမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ မသိသည်က မည်သည့် အချိန်တွင် ရောက်လာမည်လဲ ဆိုသည်ကိုပင်ဖြစ်ပါသည်။

ကျွန်တော်တို့ MSC ကာလများ၏ နောက်ဆုံးနေ့ရကိများ မရောက်မှီ Hive အစောပိုင်းကာလများတွင် Chat Group များတွင် သရဲခြောက်သော ကာလများ ဖြစ်ခဲ့ကြပါသည်။ သို့သော်လည်း အချိန်ကာလတခုရောက်လျင် ပြန်လည် စည်ကားလာမြဲပင် ဖြစ်ပါသည်။ ထွက်သွားသော လူဟောင်းများ ရှိကြသလို အသစ်ဝင်လာသော သူများကလည်း ရှိဆဲပင် ဖြစ်ပါသည်။


Original Image Source

အချို့ကလည်း Community တွင်စာမရေးသော်လည်း Gaming post များ အခြားသော Community များတွင် post များ မပြတ်တင်နေသည်ကို တွေ့ရပါသည်။ မည်သို့ပင် ဆိုစေ ပါဝါ စုဆောင်းသူ များ ရှိနေသေးသ၍ ကျွန်တော်တို့ ရှေ့ဆက်၍ ရပါသေးသည်။

၂၀၁၇ မှ ရှေ့ဆက်လာခဲ့ကြသော ဤခရီးသည် မည်သည့် နေရာတွင် လမ်းဆုံးမည်ကိုတော့ မသိသေးပါ။ သို့သော် ဆက်လျှောက်နေဆဲ ၊ စုဆောင်းနေဆဲ ဖြစ်ပါသည်။

တခါတရံ မောပန်းလာသော ကြောင့် ခဏနားမည် သို့သော် အချိန်တန်လျင် Hive Platform ပေါ်သို့ ပြန်ရောက်လာမြဲသာ ဖြစ်ပါသည်။ ကျပ်ပြည့်ခြင်း မပြည့်ခြင်းကတော့ Hive ဈေးနှင့်သာ ဆိုင်ပါသည်။ ဆက်၍ လျှောက်မည် မလျှောက်မည်ကတော့ မိမိ၏ ဇွဲ နှင့်သာ ဆိုင်ပါလိမ့်မည်။

Henry Aung ( Kachin )

17/11/2022 - Thursday - 17;35 PM ( KL )

H2
H3
H4
3 columns
2 columns
1 column
18 Comments
Ecency