Hive Platform နှင့် Game ကစားစရာ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယနေ့တော့ Hive Platform ဘက်သို့ ပြန်လှည့်ကြပါစို့။ Hive ဈေးက တအိအိပြန်ကျလာပြီ ဖြစ်သော်လည်း ဈေးအတက် အကျ များကြားတွင် Hive platform ကတော့ အနေသားကျနေပြီ ဖြစ်သလို ကျွန်တော်တို့လည်း အနေသားကျလာခဲ့ပြီ ဖြစ်ပါသည်။

ယခင်က Hive Platform မှ ထွက်လာသော Project များတွင် အများအားဖြင့် Blogging ဘက်ကိုသာ ပို၍ ဦးတည်ခဲ့ကြပါသည်။ ဥပမာအား ဖြင့် PAL / Leofinance/ Community Coin / Neoxian / POB / Sport / Foodie / အစရှိသဖြင့် အတော်များများသည် Blogging platform များဖြစ်ကြသည်ကို သတိပြုမိပါလိမ့်မည်။

မိမိက ဆောင်းပါး တပုဒ်ရေးလိုက်မည် သက်ဆိုင်ရာ Blog ၏ tag များတွဲလိုက်လျင် အဆင်ပြေသွားပြီဖြစ်သလို ထိုသက်ဆိုင်ရာ Blog မှ token များအား မိမိ Vote ရရှိသလောက် မိမိရနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်တို့လည်း Hive Platform မှ ဤရေစီးကြောင်း အတိုင်း လိုက်ပါစီးမျှောနေခဲ့သည်မှာ အတော်လေးကြာလာပြီ ဖြစ်ပါသည်။

သို့သော် ယခုတလော ကျွန်တော်သတိထားမိလာသည်မှာ Hive Platform ၏ ရေစီးကြောင်းသည် တဖြည်းဖြည်း ပြောင်းလည်းလာနေပြီ ဖြစ်ပါသည်။ Hive Platform မှ ထွက်လာသော Project များသည် Social Media ထက် Gaming ဘက်သို့ ပို၍ ဦးတည်လာနေပြီ ဖြစ်ပါသည်။

ဤသည်မှာ လွန်ခဲ့သော တလခန့်က Splinterland ၏ SPS ဝက်ဝက်ကွဲ အောင်မြင်လာခြင်း၏ အကျိုးဆက်တခု ဖြစ်ပါသည်။ အများသိပြီး ဖြစ်သည့် အတိုင်း Splinterland အကြောင်းကတော့ မဖေါ်ပြတော့ပါ။

https://www.cryptobrewmaster.io ကလည်း အတော်များများ သိပြီးဖြစ်ပါသည်။ ဘီယာ ချက်လုပ်သော ဂိမ်းဖြစ်၍ ကျွန်တော့ထံတွင် ကဒ်အတော်များများရှိနေပါသေးသည်။ ထိုကဒ်များရောင်းချရန် Passport လုပ်ရမည်ဆိုသောကြောင့် ဘီယာဂိမ်းအား ဆက်မကစားတော့ခြင်း ဖြစ်ပါသည်။

သို့ပေသိ CBM token ကတော့ စုဆောင်းနေဆဲဖြစ်ပါသည်။ ဂိမ်းမကစားသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် ဈေးတက်လာလျင် ရောင်းစားရန် ဖြစ်ပါသည်။

နောက် ဂိမ်းတမျိုးကတော့ https://exode.io/ ဖြစ်ပါသည်။ ဤ game ကတော့ အာကာသနှင့် ပတ်သက်သော ဂိမ်းဖြစ်၍ ယခင်က လူအတော်များများ ကစားခဲ့ကြသည်ဟု ထင်ပါသည်။ ဤ ဂိမ်းနှင့်ပတ်သက်၍ ထုတ်လုပ်ထားသော Token မတွေ့ရသေးပါ။ Gamer ကြီးများ exode နှင့်ပတ်သက်သော HE token များသိလျင် အကြံပေးကြစေလိုပါသည်။

နောက်ဂိမ်းတခုကတော့ https://www.risingstargame.com/ ဖြစ်ပါသည်။ အဆိုတော် ဖြစ်ရန်ကြိုးစားသည့် ဂိမ်းဟုထင်ပါသည်။ Risingstar token ရှိပြီး ဖြစ်သလို Pizza နှင့်လည်း အဆက်အသွယ်ရှိသော Project ဖြစ်ပါသည်။

အခြားသော ဂိမ်းတခုမှာ မြိုပြများ ဖန်တီးရသောရသော https://dcity.io/ ဖြစ်ပါသည်။ ကစားသူဦးရေ တဖြည်းဖြည်း များလာပြီ ဖြစ်သလို ထုတ်လုပ်ထားသော token မှာ SIM ဖြစ်ပါသည်။ SIM stacking လုပ်ထားလျင် reward အနေဖြင့် Hive အချိုးကျပြန်ရပါသည်။ သို့သော် အလွန်နည်းပါသည်။

https://rabona.io ကတော့ ဘောလုံးအားကစားကြိုက်နှစ်သက်သူများ အတွက်ဖြစ်ပါသည်။ Rebona မှ RBN token ထုတ်လုပ်ထားသော်လည်း ယခုအချိန်ထိတော့ ဈေးကွက်တင်နိုင်ခြင်း မရှိသေးပါ။

သတိထားရမည်ဖြစ်သော အခြားဂိမ်းတခုမှာ https://www.dcrops.com/game ဖြစ်ပါသည်။ Crop token ထုတ်လုပ်ထားသလို ဈေးကွင်တွင်လည်း တဖြည်းဖြည်းနေရာယူလာနေပြီ ဖြစ်ပါသည်။ Dcrops ဂိမ်းကတော့ စိုက်ပျိုးရေးသမားများ အကြိုက်တွေ့မည့် ဂိမ်းဖြစ်သလို ကျွန်တော်လေ့လာကြည့်သလောက် လောလောဆယ် အထိ အရှုံးမရှိသော ဂိမ်းဖြစ်ပါသည်။

တခုသာ ရှိပါသည် PC နှင့်သာ ကစား၍ ရသော ဂိမ်းဖြစ်ပြီး မကြာခင် ဖုန်းများဖြင့် ကစား၍ ရလာနိုင်ပါသည်။ https://oceanplanet.io/ ဂိမ်းကတော့ ပင်လယ်ဓမြ ဂိမ်းဖြစ်မည်ဟုထင်ပါသည်။ သူလည်း PC game ဖြစ်မည်ဟုထင်ပါသည်။ လောလောဆယ် အထိတော့ Token ထုတ်ထားသည်ကိုမတွေ့ရသေးပါ။ PC ရှိသူတို့ စမ်းကြည့်ကြပါကုန်။

အထက်တွင် ကျွန်တော်ဖေါ်ပြပေးခဲ့သော Blockchain game များသည် Hive Platform တွင်ကျင်လည်နေသူတိုင်း သိကြမည် ဖြစ်သော်လည်း ပင်းမ game ထွက်မလာသေးပဲ နာမည်ကြီးနေသော Game token နှစ်ခုတွေ့ထားပါသည်။

တခုမှာ Pizza ဖြစ်ပါသည်။ Pizza ကတော့ ထွေထွေထူးထူးပြောစရာမလိုပါ။ အားလုံးအသိဖြစ်ပါသည်။ နောက် token တခုမှာ Psyber-X ၏ LVL token ဖြစ်ပါသည်။ LVL သည် game ထွက်မလာသေးသော်လည်း Token ဝယ်လိုအား အတော်လေးတက်လာသည်ကို တွေ့ရပါသည်။

Game ကစားကောင်းသော Gamer ကြီးများ လက်မလွတ်သင့်သော game တခုဖြစ်လာလိမ့်မည် ထင်ပါသည်။ LVL token သည် အခြားသော Blockchain game များကဲ့သို့ token ဘီလီယံ / ထီရီလီယံ နှင့်ချီ၍ ထုတ်ထားခြင်းမရှိပါ။ LVL token မှာ သန်း ၅၀၀ သာထုတ်ထားပါသည်။

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် Hive platform ၏ ပြောင်းလည်းလာသော ရေစီးကြောင်းနှင့် အညီ ဝယ်စုထားသင့်သော Gaming token များအား ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ကျွန်တော် ကိုယ်တိုင်ကတော့ Game ကစားခြင်း ဝါသနာ မပါပါ။ သို့သော် Game ကစားစရာမလိုပဲ ထို Game မှ ပိုက်ဆံထုတ်ယူနေရသည်ကိုတော့ ဝါသနာပါပါသည်။

Henry Aung ( Kachin )

12/10/2021 - Tuesday - 18;17 Pm

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency