Hive Platform နှင့် SMTs အပိုင်း - ( ၂ )( Henry Aung )

111.jpeg

မင်္ဂလာပါ။ မပြီးပြတ်သေးသော VFTLAB အကြောင်းအားဆက်လက်ဖေါ်ပြပေးပါမည်။ vftlab.finance မှာ Musicforlife မှ ပြုလုပ်ထားပြီး VFTLAB တွင် Hive / Leo / DEC / Starbits/ Pizza အစရှိသော token များ Farming ပြုလုပ်နိုင်ပါသည်။

Farming ပြုလုပ်သည်မှာ ကျွန်တော်နားလည်သလောက် ရှင်းပြရလျင် ဥပမာ မိမိက Hive 1000 Deposit ပြုလုပ်ထားမည်။ တပတ်လျင်တခါ အကျိုးအမြတ်အတွက် VFT token မည်မျှရမည်။

ရရှိလာသော VFT အား ဈေးကွက် ပေါက်လျင် ဈေးကွက်တွင် ရောင်းချနိုင်သလို ဈေးကွက် အတွင်း၌ မရောင်းလိုပါက ထို VFT ကိုလည် ထပ်၍ Farming ပြုလုပ်နိုင်ပါသည်။ ဤ သို့ဖြင့် အခြားသော Token များလည်း stack ဖြစ်ပြီး ဖြစ်သလို မိမိတို့ VFT သည်လည်း ဈေးကွက်တွင်ကျယ်လာမည် ဖြစ်ပါသည်။

တခုသတိထားရမည်မှာ မည်သည့် token deposit လုပ်သည်ဖြစ်စေ Deposit fee 3% ဖြတ်တောက်ပါသည်။ withdraw လုပ်လျင်လည်း 3% ဖြတ်ပါသည်။ ဆိုတော့ မိမိ token များအား Farming သို့ Deposit မလုပ်ခင် စဉ်းစားစေချင်ပါသည်။

Deposit လုပ်လိုက်သည်နှင့် မိမိသည် 6% အဖြတ်ခံရတော့မည်။ တပတ်တခါ Farming reward ရသည်မှန်သော်လည်း မည်မျှရသည်ကို မသိသေးပါ။ သူရို့ Discord အား ဝင်ကြည့်လိုသော်လည်း ဝင်ကြည့်ခွင့် မရခဲ့ပါ။

ဆိုခဲ့သည့် အတိုင်း မိမိက VFT ဈေးကွက် မရှိသေးသော်လည်း VFT များကြိုတင်စုလိုပါက VFTlab ၏ farming တွင် အထက်တွင်ကျွန်တော်ဖေါ်ပြခဲ့သော Token များ Deposit လုပ်၍ VFT ရယူနိုင်ပါသည်။

Wax wallet ကတော့ အထက်တွင် ဖေါ်ပြထားသော VFTLAB အား မပြီးပြည့်စုံသေးကြောင်းနှင့် အချိန်မရွေး Blacklist လုပ်ခံရနိုင်ကြောင်း သတိပေးထားပါသည်။

အကယ်၍ VFTLAB သည်ပြီးပြည့်စုံ၍ Wax တွင် ဈေးကွက်ဖွင့်နိုင်စေရန် ကောင်းမွန်သော Dapp တခုလိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဆွေအနေဖြင့် VFT ကြိုစုမည်လား မစုဘူးလား ဆိုသည်မှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။

Wax wallet အား ကျွန်တော်သိနေသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ သို့သော် NFT token များဝယ်ရောင်းလုပ်ရာ နာမည်ကြီး wallet တခုထက်မပိုခဲ့ပါ။ သို့သော် လွန်ခဲ့သော ရက်က VFTLAB ကြောင့် Wax အား အတော်လေး လေ့လာဖြစ်ပါသည်။

Blockchain Gaming Industry ၏ NFT ဈေးကွက်မှာ ကြောက်ခမန်းလိလိပင်ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် ဂိမ်းကစားခြင်းအား ဝါသနာပါသူ တယောက်မဟုတ်၍ အများကြီး ရှင်းမပြတတ်ပါ။

Wax တွင် Splinterland မှ ကဒ် များဝယ်ရောင်းလုပ်နေကြသည်ကိုလည်း တွေ့ရပါသည်။ အချို့ ကဒ်များမှာ ဒေါ်လာ ၁၀၀ / အချို့မှာ ၁၅ ဒေါ်လာ / ပြား ၅၀ / ၂၀ စသည်ဖြင့် အမျိုးမျိုးရှိပါသည်။

ကျွန်တော်သာ Game အကြောင်း ဝါသနာပါပါက မည်သည့် ဂိမ်းတွင် မည်သည့် NFT က ဈေးကောင်းလာနိုင်သည် ၊ ဤ ဂိမ်းတွင် ဤ Pack ကတော့ဖြင့် ဝယ်ထားသင့်သည် စသည်ဖြင့် ဂိမ်းပေါင်စုံ လှန်လှော်ကာ အလားအလာရှိသော NFT များအား လေ့လာနေမိမည် ဖြစ်ပါသည်။

ယနေ့ ကျွန်တော်တို့ Hive platform တွင်လည်း နာမည် မကြီးသေးသော ဂိမ်းအတော်များများရှိနေပါသည်။ နားလည်သူတို့ ကျွမ်းကျင်စွာကစား၍ အထက်တွင် ဖေါ်ပြခဲ့သော NFT များအား စုထားနိုင်ပါသည်။

ယခုနောက်ပိုင်းတွင် စာရေး၍ Cryptocurrency စုနိုင်သည့်အပြင် Game ကစား၍လည်း Cryptocurrency စုနိုင်ပြီဖြစ်ပါသည်။ သို့သော် ကျွမ်းကျင်ရာ လိမ္မာဆိုသည့် အတိုင်း Gaming ဖြင့် Cryptocurrency ရှာမည်ဆိုလျင်တော့ အထက်တွင် ကျွန်တော်ဖေါ်ပြပေးသကဲ့သို့ NFT ရနိုင်သော game များ ကျွမ်းကျင်စွာ ကစားတတ်ရန်တော့လိုပါလိမ့်မည်။

မြန်မာလူငယ်တို့ အသည်းစွဲ ကစားကသော PUBG / ML / အခြားသော Facebook game များထက်စာလျင် ကျွန်တော်ဖေါ်ပြပေးခဲ့သော Blockchain Game များကစားသည်က ပို၍ အဆင်ပြေမည်ဟုထင်ပါသည်။

သို့သော် သတိထားစရာတခုတော့ရှိပါသည်။ ကျွန်တော်၏ တူလေး ( တဝမ်းကွဲ) တယောက် အသက် ၁၂ နှစ်ခန့်သာ ရှိပါသေးသည်။ Covid ကြောင့် ကျောင်းတနှစ်ပိတ် / နိုင်ငံရေး ကြောင့် နောက်ထပ် တနှစ် ထပ်ပိတ်။

ခလေးသာသာ ဆိုတော့ အလုပ်ထွက်လုပ်ခိုင်းလည်း မဟုတ်။ မိဘများ ကိုယ့်သားလေး ရွာရိုးကိုးပေါက် အပေါင်းအသင်း များဖြင့် လျှောက်မသွားလျင်ပြီးရော ဖုန်းတလုံးဖြင့် အိမ်တွင် စိတ်ကြိုက်နေစေပါသည်။

နေ့ ဂိမ်းကစား ၊ ညဂိမ်းကစား ၊ နောက်တနေ့ ဂိမ်းကစား ၊ ထမင်းစားပြီး ဂိမ်းကစား ၁ နှစ်ခန့် နေ့စဉ်နီးပါး ထိုအတိုင်းနေလာခဲ့ရာ တလောက မျက်လုံး တဖက် အကြောထိခိုက်ကာ ပါးတခြမ်း စောင်းသွားပါတော့သည်။

စကားလည်း မပီတော့ပါ။ စကားပြောလျင် / ရီလိုက်လျင် ပါးတခြမ်းရွဲ့သွားကာ စကားမပီတော့ပါ။ ထိုအခါကျမှ မိဘများက အသည်းအသန် အကြောဆရာဝန်ဆီ ပြေးကာ ကုသကြရပါတော့သည်။

အသက်ငယ်သေးသည့် အပြင် အကြောလေ့ကျင့်ခန်း များ လုပ်ခိုင်းလိုက်သောအခါ ယခုတော့ အတော်လေး ကောင်းသွာပြီ ဖြစ်ပါသည်။ ပြသနာက ယခုမှ စပါသည်။

ဖုန်းပေးမကိုင်တော့ ဂိမ်းစွဲနေသူအဖို့ နေမထိထိုင်မသာ၊ လူငယ်များအတွက် သင့်တော်ရာ သင်တန်းတက်ခိုင်းမည်ဆိုတော့လည်း Covid ကြောင့် မည်သည့် သင်တန်းမှ မဖွင့် ။ အတော်လေးကို ဒုက္ခများနေသည်ဟုကြားရပါသည်။

ရှိစေတော့။ Gaming NFT မှ ချော်တောငေါ့သွားသည်ကို တောင်းပန်ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ အရည်မရအဖတ်မရ ဂိမ်းများကစားနေခြင်းထက် Blockchain game က ပို၍သင့်လျော်ကြောင်း အသိပေးလိုရင်းသာဖြစ်ပါသည်။မနက်ဖြန်တွင် Leofinance ၏ Program တခုအား ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

12/09/2021 - Sunday - 16;50 Pm

H2
H3
H4
3 columns
2 columns
1 column
38 Comments
Ecency