Hive Platform နှင့် SMTs အပိုင်း - ( ၁ )( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော်ယနေ့ရေးသားမည့် အကြောင်းအရာများ မှာ ကျွန်တော့ တွေးထင်ချက် ကျွန်တော့ အာဘော်များသာ ဖြစ်၍ တစုံတရာ အမှားအယွင်း ပါသွားလျင် ရေးသားသူကျွန်တော်၏ အားနည်းချက် ပင်ဖြစ်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်တော်တို့ Steemit တွင် ကျင်လယ်နေစဉ် Smart Media Token ( SMT ) ဟူသော အရာမှာ အတော်လေးခေတ်စားခဲ့ပါသည်။ SMT များနှင့်ပတ်သက်၍ စိတ်ကူးပုံဖေါ်ချက်များလည်း အတော်များများပင်ရှိခဲ့ပါသည်။

ကျွန်တော်လည်း SMT များနှင့်ပတ်သက်၍ ဆောင်းပါး များရေးဘူးပါသည်။ အတော်ကြာပြီ ဖြစ်၍ ထိုစဉ်က ဇော်ဂျီဖြင့်ရေးသားထားသောကြောင့် ယခု ဖတ်မရတော့ဟုထင်ပါသည်။ ရှိစေတော့။

ထိုစဉ်အခါက ကျွန်တော်တို့သည် Steemit ၏ SMT များထွက်ပေါ်လာလျင် Steem ဈေးထောင်တက်သွားမည်ဟု မျှော်လင့်ခဲ့ကြပါသည်။ Steemit သာ ပိုင်ရှင် ပြောင်းသွားသည် SMT နှင့်ပါတ်သက်၍ တိကျရေရာစွာချမပြနိုင်ခဲ့ကြပါ။

Hive အနေဖြင့် Steemit မှ ခွဲထွက်လာပြီးနောက် ထို SMT အားဆက်လက်အကောင်အထည်ဖေါ်သည်ဟု ထင်ရပါသည်။ ကျွန်တော့ အထင်သာဖြစ်ပါသည်။ သို့သော် SMT ဟူသော အမည်အား မယူတော့ပါ။

Hive Engine token များဟု ကျွန်တော်တို့လက်ရှိဝယ်စုနေသော NFT ( Non Fungible Token ) ဟုပဲဆိုဆို Cryptocurrency token ဟုပဲဆိုဆို ထိုအရာများမှာ အများအားဖြင့် SMT များ ဖြစ်ကြသည်ကိုတွေ့ရပါသည်။

Leofinance ထောင်တက်လာသည်။ သူ၏ မိခင်ဖြစ်သော Hive အားလည်း Support ပေးနိုင်သလို သူ၏ token များ ထုတ်လုပ်ရာ Leofinance Blogging သည် Social Media ဖြစ်ပါသည်။ ထို့မှ Cubfinance စသည်ဖြင့် ဆက်လက် ဖေါက်ထွက်သော်လည်း လက်ရှိတွင်တော့ ထင်သလောက် မအောင်မြင်သေးဟုမြင်ပါသည်။ ကျွန်တော့ အမြင်သာ ဖြစ်ပါသည်။

နောက်တခု ကျွန်တော့ အထင်ပြောရလျင် Hive Engine သည် သူ့ထံမှ ထွက်သော Token များအား အမည်ပြောင်းမည်ဟု ထင်ပါသည်။ ထို့ကြောင့် Hive Engine team အနေဖြင့် Tribaldex ကဲ့သို့သော all in one Di-Fi Exchange site ကို ထုတ်ဖေါ်လာခြင်း ဖြစ်ပါသည်။

Hive Engine တွင် လုပ်ဆောင်နိုင်သော Function အားလုံး Tribaldex တွင် လုပ်ဆောင်နိုင်သလို Token Creation / Pool စသည်ဖြင့် လည်းလုပ်ဆောင်နိုင်ပါသည်။ ယခုအချိန်ထိတော့ Tribaldex အား ကြီးထွားစေရန် Social Media များတွင် ကြေညာခြင်းတော့မတွေ့ရသေးပါ။ ရှိစေတော့ ။

SMT အကြောင်း ဆက်ကြပါအုံးစို့။ CCC / Foodie / Starbits / POB အစရှိသော token များအားလုံးသည် Social Media နှင့် ဆက်စပ်နေသော Token များ ဖြစ်ပါသည်။

ယနေ့ ကျွန်တော် အထူးပြောလိုသည်မှာ ဤ SMT ဟု ခေါ်မည်လား Hive Engine token ဟုပဲ ခေါ်မည်လား မသိ ထို token များအတွက် Farming လုပ်နိုင်မည့်နေရာတခုတွေ့ထားပါသည်။ ထိုနေရာမှာ vftlab.finance ဟူသောနေရာဖြစ်ပါသည်။

ဤ vftlab မှာ wax.actomichub.io တွင် တည်ဆောက်ထားပြီး လက်ရှိအချိန်တွင် VFT မှာ Wax တွင် whitelist ရထားပြီးသော်လည်း ပြီးပြည့်စုံအောင် စစ်ဆေးခြင်းမပြုလုပ်ရသေးပါဟု ဖေါ်ပြထားပါသည်။

ဆိုလိုသည်မှာ မိမိတို့အနေဖြင့် Starbits များ Pizza များ Leo များအား VFT တွင် Deposit လုပ်ကာ Farming လုပ်၍ ရပါသည်။ reward အနေဖြင့် VFT token ရမည်ဖြစ်သော်လည်း လက်ရှိတွင် Wax အတွင်း၌ VFT token အား trade လုပ်၍ မရနိုင်သေးပါ။

အလွယ်ဆိုရလျင် မိမိတို့ Farming လုပ်နိုင်သည် reward အဖြစ် VFT များယူထားနိုင်သည်။ သို့သော် VFTlab အနေဖြင့် အချိန်မရွေး WAX မှ blacklist ဖြစ်သွားနိုင်ပါသည်။

အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် VFT ထက် WAX အားပို စိတ်ဝင်စားပါသည်။ မနက်ဖြန်ညနေတွင် VFTlab အပြည့်အစုံ နှင့် Wax wallet အကြောင်း ဖေါ်ပြပေးပါမည်။ လွန်ခဲ့သော လအနည်းငယ်က ကျွန်တော်တို့ အသည်းအသန် စုခဲ့သော Torum ၏ XTM သည် ဤ WAX wallet တွင် အများကြီး အသုံးဝင်လာမည်ဟုထင်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

10/09/2021 - Friday - 17;53 Pm

H2
H3
H4
3 columns
2 columns
1 column
25 Comments
Ecency