Hive Platform မှ သိမှတ်စရာများ - အပိုင်း - ( ၅ ) ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ လူသစ်များ အတွက် သိသင့်သိထိုက်သော Voting အကြောင်း ဖေါ်ပြပေးလိုပါသည်။ Hive platform တွင် အခြားသူငှာများအား Voting / comment ပေးရာတွင် Facebook တွင် Like / comment ပေးသကဲ့သို့ ပေးချင်တိုင်းပေး၍ မရပါ။

Facebook တွင် Like မည်မျှ ပေးသည် ဖြစ်စေမိမိတွင် လျော့ပါးသွားသည် မရှိပါ။ သို့သော် Hive platform တွင်ခြားနားချက် ရှိပါသည်။ Hive platform သည် သူ၏ လုပ်ငန်းဆောင်တာ အားလုံး Hive Power ဖြင့် ချိတ်ဆက်ထားသည် ဖြစ်ရာ လုပ်ဆောင်မှု တိုင်း အတွက် Hive Power အား အသုံးချရပါသည်။

မိမိ အနေဖြင့် Voting တချက် ပေးလိုက်လျင် Hive Power 2% ကျသွားပါသည်။ ထို 2% ကျသွားသော Voting power ပြန်ပြည့်ရန် ၂ နာရီ စောင့်ရပါသည်။ ထို့ကြောင့် မိမိ Voting အား တကြိမ်တည်ဖြင့် Post ၄ ခု ၅ ခု ဆက်တိုက်ပေးခြင်းထက် ၂ နာရီခြား တခါ ၊ ၃ နာရီခြားတာခါ Vote ပေးခြင်းက ပို၍ သင့်လျော်ပါသည်။

လူသစ်များ အနေဖြင့် မိမိတို့ Hive power မရှိသေးသည်ဖြစ်ရာ Hive platform တွင် စိတ်ရှည်ဖို့ရန် အထူးလိုအပ်လှပါသည်။ မိမိတို့ post များအား လူအများ သတိပြုမိစေရန် ၊ အထူးသဖြင့် Voting ရကြစေရန် သတိပြုစေလိုပါသည်။

အထူးသဖြင့် မိမိတင်လိုက်သော Post များတွင် Comment များအား တလေးတစား ပြန်ကြားပေးခြင်း / အခြားသူများ၏ post များအား Comment ပေး၍ မိမိသိလို သော အကြောင်းအရာများအား မေးမြန်းနိုင်ပါသည်။

Hive platform သည် Facebook နှင့် များစွာကွာခြားပါသည်။ Facebook တွင်မိမိသိကျွမ်းသူများအား အပြင်တွင် community အလိုက်တွေ့ရန် ခဲယျဉ်းသော်လည်း ကျွန်တော်တို့ Blockchain community ကတော့ ထိုသို့ မဟုတ်ပါ။

ယခုအချိန်ထိ MSC ပုဂံ တွေ့ဆုံပွဲဟူ၍ ပြောလိုက်လျင် သိမှီလိုက်သူတို့ အကုန်လုံး ရောက်လာပါလိမ့်မည်။ ဆိုလိုသည်မှာ Hive platform တွင် ရှိနေသော မိတ်ဆွေများသည် မိသားစုသဖွယ် ခင်မင်သွားကြသူများ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် လူသစ် အနေဖြင့် ဝင်ရောက်လာသော မိတ်ဆွေများ အား သတိပေးလိုသည်မှာ Hive Myanmar community တွင် ကွယ်ဝှက်ထားသည်များ မရှိသလို လူမျိုးရေး ခွဲခြားဆက်ဆံခြင်းလည်း မရှိပါ။

မိမိကသာ Hive platform တွင် ရေရှည် ရင်းနှီးမြုပ်နှံလိုသူဖြစ်ပါလျင် မြန်မာနိုင်ငံသား တိုင်းအား ဖိတ်ခေါ်ပါသည်။ Hive platform သည် အစပိုင်းတွင် အလွန်စိတ်ပျက် ဖွယ်ကောင်းပါသည်။

မိမိတွင် Hive power မရှိ။ မိမိတင်သမျှ post အား မည်သူမျှ အရေး မလုပ်ကြ ။ စသည်ဖြင့် စိတ်ပျက်သွားတတ်ကြပါသည်။ ကျွန်တော့ အနေဖြင့် အားပေးလိုသည်မှာ ဤ Hive platform ပေါ်သို့ ရောက်နှင့်ကြပြီးသော သူတိုင်းသည် Hive power 1000 / 5000 ဟူ၍ ရောက်လာကြသူ တယောက်မျှမရှိပါ။

Hive power သုံည ဟူသော နေရာမှ စခဲ့ကြရသူများ ဖြစ်ပါသည်။ ဤ နေရာတွင် လူသစ်များ အတွက် ကျွန်တော့လက်သုံးစကားဖြင့် အားပေးလိုပါသည်။ ကံမပါလျင်တောင် ဝရိယ အကျိုး ခံစားခွင့် ရှိသည်ဟူသော ဥပမာမှာ Hive platform ကို ဆိုလိုရင်း ဖြစ်ပါသည်။ မယုံလျင် အခြားသော Hive Myanmar စီနီယာများအား မေးကြည့်နိုင်ပါသည်။

Henry Aung ( Kachin )

04/09/2021 - Saturday - 19;51 Pm

H2
H3
H4
3 columns
2 columns
1 column
28 Comments
Ecency