Hive Platform မှ သိမှတ်စရာများ - အပိုင်း - ( ၄ ) ( Henry Aung )

111.jpeg

မင်္ဂလာပါ။ မပြီးပြတ်သေးသော Hive Platform မှ သိမှတ်စရာများအကြောင်း ဆက်ကြပါအုံးစို့။ယခင် ဆောင်းပါးတွင် Tag များ အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ရာ ယနေ့တွင် Post တင်ခြင်း အကြောင်း အနည်းငယ်ရှင်းပြပေးပါမည်။

Hive platform ပေါ်သို့ ရောက်ရှိနေကြသော မြန်မာလူမျိုး အများစုမှာ Ecency မှ post တင်ကြပါသည်။ Ecency မှ post တင်ခြင်းသည် အကျိုးကျေးဇူးအတော်များများ ရှိပါသည်။

မိမိ၏ လုပ်ဆောင်မှု တိုင်းအတွက် Ecency points များ အား Reward အဖြစ်ရရှိနိုင်သလို ထို Point များအား မိမိ Post Voting ပိုမိုရရှိနိုင်ရန် အတွက် Boosting လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ အနီးစပ်ဆုံး ဥပမာပေးရလျင် Facebook page များတွင် မိမိ Page လူကြည့်ပိုများလာအောင် ပိုက်ဆံပေး၍ Boost လုပ်သည်နှင့် ဆင်တူပါသည်။

သို့သော် Ecency ၏ အားနည်းချက်တခုမှာ post တင်လျင် tag ဆယ်ခုသာ တွဲခွင့်ရှိပါသည်။ အခြားသော Post အတင်များ သည့်Platform တခုမှာ PeakD ဖြစ်ပါသည်။ PeakD အား သုံးပြုရသည်မှာ လွယ်ကူသလောက် အခြားသော Function အတော်များများလည်း ပါဝင်ပါသည်။

PeakD မှ post တင်လျင် Tag အတော်များများ တွဲခွင့် ရှိသော်လည်း PeakD တွင် Ecency ကဲ့သို့ Point Rewards System မရှိပါ။ Tag အတော်များများ တွဲခွင့်ရှိသည့် အတွက် Post တခါတင်လျင် အခြားသော Social Media platform များသို့ ပို၍ ရောက်နိုင်ခွင့်ရှိပါသည်။

သို့သော် PeakD ၏ အားနည်းချက်တခုမှာ Function အတော်များသည့် အတွက် Page လေးပါသည်။ Internet အားနည်းလျင် page ပေါ်ရန် အတော်လေး စောင့်ရပါသည်။

စိတ်ဝင်စားဖွယ်ရာ မိမိကိုယ်တိုင်ရိုက် ဓါတ်ပုံများ တင်ရန် အတွက် အကောင်းဆုံး Platform မှာ D.Buzz ဖြစ်ပါသည်။ Hive -Myanmar မှ အကောင့် အတော်များများ D.Buzz အား အသုံးပြုနေကြပါသည်။ အချို့ကလည်း rewards အနေဖြင့် 1$ / 2$ ရရှိနေကြသည်ကို တွေ့ရပါသည်။

D.Buzz နှင့်ပတ်သက်၍ ကောင်းကွက် ဆိုးကွက်များအား ကျွန်တော်အများကြီး မရှင်းပြနိုင်ပါ။ အဘယ့် ကြောင့်ဆိုသော် ကျွန်တော့ အနေဖြင့် D.Buzz မှ တခါမျှ post မတင်ဘူးသော ကြောင့် ဖြစ်ပါသည်။

အချုပ်အနေဖြင့် ဆိုရလျင် မိတ်ဆွေအနေဖြင့် Hive platform တွင် မြန်မာစာဖြင့် Post တင်မည်ဆိုလျင် Myanmar tag အား မဖြစ်မနေထည့်ရန် တိုက်တွန်းလိုပါသည်။

အတင်းအကျပ် မဖြစ်မနေထည့်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ Myanmar tag ထည့်ထားခြင်းကြောင့် ဤ Hive Blockchain တွင် မြန်မာတို့ တနေရာစာ ဝင်ရောက်နေရာယူထာကြောင်း ကို အခြားသူများအား သိစေလိုရင်း ဖြစ်ပါသည်။ ယခင် Steemit platform တွင် မြန်မာ Tag သည် ကမ္ဘာ့နိုင်ငံအသီးသီး၏ tag များကြားတွင် ထိပ်တန်း အဆင့် ၄၅ နှင့် ၅၀ နေရာတွင်ရှိခဲ့ဘူးပါသည်။

မိတ်ဆွေအနေဖြင့် Post တင်ရာတွင် မိမိ၏ ကိုယ်ပိုင် Post ဖြစ်ကြောင်း သိသာစေရန် အတွက် စာ / ဆောင်း ပါးများ၏ အဆုံးတွင် မိမိ လက်မှတ် ( အမည်နာမ ) post တင်သည့် ရက်စွဲ / အချိန်များအား ထည့်သွင်း စေလိုပါသည်။

မိမိသည် Hive platform အား သာမန်အပျော်တမ်း သုံးစွဲသူ ဖြစ်လျင် ကိစ္စမရှိပါ။ သို့သော် မိမိက Professional ဓါတ်ပုံ ဆရာ သို့မဟုတ် မိမိက ဗဟုသုတဆောင်းပါးများအား ကိုယ်တိုင်ရေးကာ အသိပညာ ဝေမျှနေသူ ဖြစ်ပါက အထက်တွင် ကျွန်တော် ဖေါ်ပြထားသော ကိုယ်ပိုင် Post ဖြစ်ကြောင်း မှတ်တမ်းတင်ထားခြင်း သည် နှောင် တချိန်တွင် မိမိစာ / ဆောင်းပါး / အနုပညာများအား အခြားသူများ ခိုးယူခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။

အကယ်၍ မိမိပုံ / စာ / အနုပညာအား ခိုးယူထားသူ တစုံတယောက်တွေ့လျင် မိမိကိုယ်ပိုင် ဖြစ်ကြောင်း Post link ချပြယုံမျှဖြင့် ကိစ္စပြီးစေနိုင်မည် ဖြစ်ပါသည်။

အဘယ်ကြောင့် ဆိုသော် Hive platform မှ Post များသည် ၇ ရက်ပြည့်ပြီး post reward ရပြီးသည်နှင့် ပြန်လည် ပြင်ဆင်ခွင့် မရှိတော့ပါ။ ထို့အတူ Delete လုပ်ခွင့်လည်း မရှိတော့ပါ။ ထို့ကြောင့် Hive platform သည် မိမိ၏ ကိုယ်ပိုင်အနုပညာ များအတွက် အကောင်းဆုံး မှတ်ပုံတင်ရာနေရာ ဖြစ်ကြောင်း သိစေအပ်ပါသည်။

ထိုသို့မဟုတ် မိမိ အနေဖြင့် Cryptocurrency ရလျင်ပြီးရော ဆို၍ မိမိကြိုက်ရာများ Copy Post တင်နေလျင် တကြိမ်မဟုတ် တကြိမ်တွင် မိမိအမှားကြောင့် Permanent Downvote မိလိုက်လျင် မိမိ အကောင့်မှာ အလွန် နှမျောစရာကောင်းပါသည်။ အရာရာအား အစမှ ပြန်စရပါလိမ့်မည်။

ထို့ကြောင့် မိမိ Hive အကောင့်အား တန်ဖိုးထား ပါရန်နှင့် ဤ Cryptocurrency လမ်းကြောင်းတွင် လျှောက်နေရသော ခရီးသည် တရက် / တလ / တနှစ် မဟုတ်ပါ။ နှစ်ရှည် သွားရမည့် ခရီးဖြစ်သောကြောင့် Cryptocurrency ရထားကြီး ကြာကြာစီးနိုင်ရန် မိမိ Hive လက်မှတ်များအား တန်ဖိုးထားကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Henry Aung ( Kachin )

03/09/2021 - Friday - 2021 ( 18;20 Pm )

H2
H3
H4
3 columns
2 columns
1 column
26 Comments
Ecency