Hive platform မှ ကြိုဆိုပါသည် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခုဖေါ်ပြမည့် အကြောင်းအရာများသည် Hive platform ပေါ်သို့ ရောက်ရှိနေပြီးသော ကျွမ်းကျင် နေပြီ ဖြစ်သော သူများ အတွက်မဟုတ်ပဲ ဤ Platform ပေါ်သို့ ယခုမှ ရောက်ရှိလာကြသော ( Newbie ) လူသစ်များအတွက် ရည်ရွယ်ပါသည်။

ဤ Platform ပေါ်သို့ ရောက်ရှိလာကြသူများသည်

၁ - စာရေးခြင်း၌ ဝါသနာပါသူများ

၂ - Cryptocurrency အားလိုချင်သော ကြောင့် ရောက်လာကြသူများ

၃ - အပျော်တမ်း ဝင်ရောက်လေ့လာကြသူများ

ဟူ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။

၁ - စာရေးခြင်း / ဗဟုသုတ ဝေမျှခြင်း ၌ ပျော်မွေ့သူများ

ဤ အကြောင်းကြောင့် Hive platform ပေါ်သို့ ရောက်လာကြသူများ သည် အတော်လေး ရှားပါသည်။ ယခုအချိန်ထိ စက္ကူချိုးသည့် ဝါသနာ ပါသော ညီမ ယွန်းသီရိ @asterkame တယောက်သာ တစိုက်မတ်မတ် Post တင်နေသည်ကို တွေ့ရပါသည်။

သူ၏ စက္ကူ ချိုးသည့် အနုပညာကလည်း ရိုးသွားသည် မရှိ တခုနှင့် တခု ထပ်သွားသည် မရှိပါ။ ယခင် Steemit ကာလများတွင်တော့ ဝတ္ထုတို ရေးကောင်းသည့် အကောင့် ပိုင်ရှင် အတော်များများ တွေ့ခဲ့ရပါသည်။

Hive Platform ပေါ်တွင်တော့ ရသ ဝတ္ထုတို ရေးသည့် အကောင့် ပိုင်ရှင်များ မတွေ့ရသေးပါ။ ဆိုခဲ့သည့် အတိုင်း ဤ ဝါသနာ များအား အရင်းခံ၍ ဝေမျှပေးသော အကောင့် တို့မှာ Cryptocurrency ရသည် မရသည်ကို စိတ်မဝင်စားကြပါ။

မိမိ ဝါသနာပါရာ အကြောင်း အရာများအား အခြားသူများအား ဝေငှ ပေးနေရလျင် ပျော်နေကြသူများ ဖြစ်ပါသည်။ Hive Platform သည် ထိုသူများ အတွက်တော့ အလွန်ပင် သင့်လျော်ပါသည်။ မိမိဝါသနာလည်း ဝေမျှ / Cryptocurrency လည်းရ။

၂ - Cryptocurrency အားလိုချင်သောကြောင့် ရောက်လာကြသူမျာ

ဤအပိုင်းတွင် ၂ မျိုးရှိပါသည်။ Hive platform သည် Blogging အမျိုးအစား ဖြစ်၍ မိတ်ဆွေ Cryptocurrency လိုချင်လျင် မဖြစ်မနေ Post တင်ရမည် ဖြစ်ပါသည်။

မိမိ ကိုယ်တိုင်ကြိုးစား၍ စာ / ဆောင်းပါး / ဗဟုသုတ တခုခုရေးသား၍ Post တင်မည်လား ...? သို့မဟုတ် သူများရေးသားထားသည့် စာများကူးချ၍ Post တင်မည်လား ..? ဟူ၍ ဖြစ်လာပါသည်။

မိမိက Cryptocurrency လည်း လိုချင်သည် ။ စာရေးခြင်း၌ လည်း စိတ်မဝင်စား အခြားနည်းဖြင့်သာ Cryptocurrency ရရှိလိုလျင် မိတ်ဆွေ အနေဖြင့် Hive platform နှင့် မသင့်လျော်ပါ။ အခြားသော နည်းဖြင့် Cryptocurrency ရနိုင်သော Game ကစားခြင်း / Airdrop များ လိုက်ကောက်ခြင်း က ပို၍ အဆင်ပြေပါလိမ့်မည်။

မိမိ ကိုယ်တိုင် စာ / ဆောင်းပါးများ တတ်သလောက်မှတ်သလောက် ကြိုးစားရေးသား ရင်း Cryptocurrency ရရှိလိုပါသည် ဆိုသူများ အတွက်ကတော့ ဤ Hive Platform မှ အထူးကြိုဆိုပါသည်။

အဘယ့်ကြောင့်ဆိုသော် ကျွန်တော် အပါအဝင် ဤ Hive Platform ပေါ်တွင် Post တင်ရင်း Cryptocurrency ရှာနေကြသူများသည် မိမိတို့ တတ်သလောက် မှတ်သလောက် ကြိုးစားရေးသားရင်း Post တင်နေကြသူများ ဖြစ်ကြပါသည်။

မိမိနေ့စဉ် ဘဝအကြောင်း / Cryptocurrency အကြောင်း / ဒုက္ခအခက်အခဲများ အကြောင်း / ရယ်မောစရာ / ဝမ်းနည်းစရာ အဖြစ်အပျက်များ အကြောင်း မိမိတို့ တတ်သလောက်မှတ်သလောက် မည်သည့် နေရာမှ copy ကူးမယူပဲ ကိုယ်တိုင်ရေးသားထားသော စာဖြစ်ကြောင်း ဂုဏ်ယူကြသူများ ဖြစ်ကြပါသည်။

မိမိရေးသားထားသော အကြောင်းအရာ များဖြင့် Cryptocurrency ရရှိခြင်းကို ဂုဏ်ယူကြသူများ ဖြစ်ပါသည်။ ထို့ အပြင် ယုံကြည်ချက် တခုတည်းဖြင့် ဤ Hive Platform ပေါ်တွင် စာ / ဆောင်းပါး ရေးသားနေကြသူများ ဖြစ်ပါသည်။

၂၀၁၇ မှ စခဲ့သော ဤ ခရီလမ်းတွင် မှတ်ကျောက်တင်နိုင်သော အကောင့် ၁၀ ခုပင်မရှိသည်ကို သိစေလိုပါသည်။ ကျွန်တော့ အနေဖြင့် အဘယ့်ကြောင့် ဤသို့ ရှင်းပြရသနည်းဆိုသော် Cryptocurrency ရလိုမှု တခုတည်းအတွက် မိမိယုံကြည်ရာအတွက် ဇွဲ / လုံလဝရိယ စိုက်ထုတ်သူများအား မှတ်ကျောက်တင်လိုရင်း ဖြစ်ပါသည်။

အနည်းငယ် အကျယ်ချဲ့၍ ရှင်းပြပါမည်။ မိမိဝါသနာပါသော အရာအား အရင်းခံ၍ Post တင်နေသူများသည် Cryptocurrency မည်ရွေ့ မည်မျှ ရသည်ကို စိတ်မဝင်စားပါ။ မိမိ Post တင်နေရခြင်း အပေါ်ပျော်မွှေ့၍ Cryptocurrency ရရှိခြင်း အပေါ် ထပ်တိုးဝမ်းသာရသူ များ ဖြစ်ပါသည်။

Cryptocurrency ရလိုမှုကြောင့် စာရေးသူတို့မှာ မိမိတို့ ကြိုးစားရေး၍ တပတ် / တလ / ၂ လ ခန့်ကြာလျင် မိမိကသာ ကြိုးစား၍ ရေးသားနေရသည် ရလာသည့် Reward က ဖြစ်ဖြစ် မြောက်မြောက်မရှိ ။ အခြားသူများ ရသလောက် မိမိ မရသော အခါ စိတ်ပျက်အားလျောသွားတတ်ပါသည်။

ကြိုးစားနေလည်း မထူးပါဘူး အချိန်ကုန်တာ အဖတ်တင်တယ် ဟူ၍ လက်မြောက် အရှုံးပေးသွားကြပါသည်။ မယုံမရှိပါနှင့် ။ ဤ Platform ပေါ်သို့ Hive Power လက်ဝယ်မရှိပဲ အစကနေ လျှောက်မယ်ဟူ၍ ကြုံးဝါးသူတို့ ၃ ပုံ ၂ ပုံခန့် လမ်းခုလတ် တွင် ပြတ်ကျန်သွားခဲ့ကြပါသည်။

ထို့ကြောင့် ၂၀၁၇ မှ ၂၀၂၁ အထိ ၅ နှစ်တာကာလအတွင် Hive platform ပေါ်တွင် တင်ကျန်ခဲ့သော အကောင့် ၁၀ ခု မပြည့်ကြောင်း ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။

ဤတွင် Hive platform မှ ပြတ်ကျန်ရစ်ခဲ့သူများအား ဇွဲမရှိသူ / လုံးလမရှိသူများဟု ဆိုလိုရင်း မဟုတ်ပါ။ သူရို့တွင်လည်း သူ့အကြောင်းနှင့် သူရှိပါလိမ့်မည်။ Blogging လုပ်၍ Cryptocurrency ရယူခြင်းသည် ထင်သလောက်မလွယ်ကူကြောင်း သိစေလိုရင်း ဖြစ်ပါသည်။

၃ - အပျော်တမ်းဝင်ရောက်လေ့လာကြသူမျာ

​ဤ အပိုင်းတွင် နည်းပညာအား စိတ်ဝင်စား၍ ဝင်ရောက်လာသူများရှိသလို Post တင်ရင်း ဝင်ငွေရသည် ဟူသောကြောင့် ဝင်ရောက်လာကြသူများလည်း ရှိပါလိမ့်မည်။ အများစုမှာ Post တခု နှစ်ခု တင်ပြီး ထင်သလောက်ခရီးမပေါက်သောကြောင့် လက်လျှော့ သွားကြပါသည်။

အချို့ကလည်း လက်တည့်စမ်းရင်း ခရီးသွားဟန်လွဲ ဝင်ရောက်လာကြသူများ ဖြစ်ပါသည်။ ကျွန်တော်တို့ Steemit ခေတ်ကောင်းစဉ်က တက်သစ်စ မော်ဒလ် တယောက် Myanmar Steemit Community သို့ ရောက်လာဘူးပါသည်။ သူ၏ ကော့ကော်ကန်ကား ပုံအား Facebook တွင် like ထောင်ပေါင်းများစွာရသော် လည်း Steemit တွင် Vote 20 မျှ မပြည့်သော အခါ လက်လျော့သွားပါတော့သည်။

ထို့ကြောင့် Hive platform သို့ လူသစ်အနေဖြင့် ဝင်ရောက်လာကြသော မိတ်ဆွေ များအား အသိပေးလိုသည်မှာ မိမိသည် အဆင့် ၁ / ၂ / ၃ မည်သည့် နေရာတွင် ရှိသည်အား အလျင် သိစေချင်ပါသည်။

ကျွန်တော့အနေဖြင့်ဆိုရလျင် Hive Platform သည် အထနှေးပါသည်။ သို့သော် အရှိန်တခုရလျင် ဆတိုးကိန်းဖြင့် ပြေးပါသည်။ ဥပမာ အနေဖြင့် ဖေါ်ပြရလျင် လွန်ခဲ့သော ၂၀၁၇ ကာလက ကျွန်တော်တို့သည် Post တင်ခြင်း ကော်မန့်ပေးခြင်းသာ အာရုံစိုက်ရပါသည်။

ယခု အခါ post တင် ကော်မန့်ပေးအပါအဝင် tag တွဲ / game ကစား / NFT များရသလောက်ယူ ဟူသော အနေအထားသို့ရောက်ရှိနေပြီဖြစ်ပါသည်။ လူသစ် အနေဖြင့် ဝင်ရောက်လာကြသော မိတ်ဆွေများအတွက် "Hive Platform မှ စိတ်ဝင်စားစရာ" ဟူသော ဆောင်းပါးအား မနက်ဖြန်တွင်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

30/08/2021- Monday - 18:18 Pm

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency