Hive platform အကြောင်း တွေးမိသမျှ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ လက်ရှိအချိန်တွင် cryptocurrency အများ မှာ အကျဘက်သို့ ဦးတည်နေသော်လည်း Hive ကတော့ ပြား ၈၀ နေရာတွင် ဈေးကစားနေပါသည်။

အမြင့် Coin / token များ ဈေးကျလာနေသော်လည်း ယခုတလော Hive ၏ ဈေးကွက် သည် တစုံတယောက်က ခြေကန် ပေးနေသည်ဟု ယုံကြည်မိပါသည်။ ကျွန်တော့ အနေဖြင့် Hive အား မည်သူ Support ပေးနေသည်ကို မသိနိုင်ပါ။

သို့သော် Hive သည် ပြား ၅၀ အောက်သို့ မရောက်စေရန် တစုံတယောက်က ကြိုးစားနေသည်ဟု ထင်ပါသည်။ကျွန်တော့အထင် သာဖြစ်ပါသည်။ တစုံတယောက်သာမဟုတ် အဖွဲ့အစည်းတခုလည်း ဖြစ်နိုင်ပါသည်။

Hive အား ဆွဲတင်သည့် ဈေးကွက်အားကြည့်လိုက်တိုင်း ကိုးရီးယား ဈေးကွက်က ထိပ်ဆုံးတွင် ရှိနေပါသည်။ ယခုလည်း ကိုးရီးယားများက ဆွဲတင် နေသည်ဟုထင်ပါသည်။ ကျွန်​တော့ အထင်သာဖြစ်ပါသည်။

Cryptocurrency လောက သည် ငွေကြေး ဈေးကစားသူတို့ အကြိုက်ဖြစ်ရာ Coin / token များသည် Project ခိုင်မာသည် မခိုင်မာသည် အရေးမကြီးပါ။ ပိုက်ဆံရှိသူတို့က ဝင်ရောက် ကစားကြကာ ဘူပေါင်း ဖေါက်ကြဖို့ရန် ပိုအားသန်နေကြသည်ကိုတွေ့ရပါသည်။

မည်သို့ပင်ဆိုစေ Hive သည် ပြား ၂၀ ခန့်မှ ယခု အချိန်ထိရောက်ရန် အတော်လေး ရုန်ကန်ခဲ့ရသည်ကို အားလုံး အသိပင်ဖြစ်ပါသည်။ ကျွန်တော့ အမြင်တခုတည်းဖြင့် ပြောရလျင် Hive platform သည် ရပ်တန့်နေသော / တနည်းအားဖြင့် Project များ မရှိသော Platform တခုမဟုတ်သည်ကတော့သေချာပါသည်။

Hive ကိုယ်တိုင်က လှုပ်ရှားနိုင်စွမ်း မရှိသော်လည်း သူ့လက်အောက်မှ ထွက်လာသော Project များသည် အခြားနေရာသို့ ခြေဆန့်နေပြီ ဖြစ်ပါသည်။ ယခင်က ကျွန်တော်တို့တွင် Hive platform တခုသာရှိပါသည်။ ယခု Hive Engine token များဖြင့် အလုပ်ရှုပ်နေရပြီ ဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင် Hive Engine token များအား အထင်သေးသောကြောင့် အခွင့်အရေးအချို့အားလက်လွတ်ခဲ့ရပါသည်။ Leo နှင့် တကြိမ် Splinterland နှင့် တကြိမ် ဖြစ်ပါသည်။

ယခုနောက်ပိုင်း Hive platform မှ Project များသည်လည်း ပြင်ပလောကတွင် နေရာရစေရန်ကြိုးစားလာသည်ကိုတွေ့နေရပါသည်။ Leofinance ကတော့ ပထမဆုံး ဖေါက်ထွက်သူဖြစ်ပါသည်။ သူ၏ Cub Finance မှာထင်သလောက် မအောင်မြင်ခဲ့ပါ။

ထို့အတူ အခုအချိန်တွင် မိတ်ဆွေတို့သိသည့် အတိုင်း Leo ဈေးမှာ သာမန် Project ဖြစ်သော Pizza နှင့် တန်တူ ဖြစ်လာနေပါတော့သည်။ တကယ်တမ်းဆိုရလျင် Leofinance ၏ လုပ်ဆောင်မှုများသည် Pizza ထက် အများအပြားသာလွန်သည်ကတော့သေချာပါသည်။ သို့ပေသိ ဈေးကွက်သည် နာမည်ကြီးရာသို့သာ ဦးတည်ပါသည်။

Leofinance သည် ဤကဲ့သို့သော အကျပ်အတည်းများတွင် အဆင်ပြေစေရန်အတွက် Leofi.io ဟူသော Platform တခုလွင့်တင်ထားပါသည်။ လက်ရှိအနေဖြင့် ထို Platform မှာ Beta Version သာရှိပါသေးသည်။ ဆိုလိုသည်မှာ စမ်းသပ်ဆဲ အဆင့်သာရှိပါသေးသည်။

ဤ Platform မှာ မိမိတို့ Leo power အား အငှားချနိုင်သလို မိမိက Project များလုပ်နေ၍ အခြားသူငှာများထံမှလည်း Leo power ငှားနိုင်ပါသည်။ ဆိုလိုသည်မှာ မိမိသည် ခရီးသွားရန်ရှိသည့်အတွက် မိမိခရီးသွားနေစဉ် တလအတွင် မိမိ Leo power အား အခြားသူထံအငှားချထားနိုင်ပါသည်။

ထို့အတူ မိမိသည် Leofinance တွင် Project လုပ်နေသည် ။ ထို့အတွက်ကြောင့် အခြားသူငှာများအား Vote ပေးရန် အလို့ငှာ Leo power အခြားသူထံမှ ငှားယူနိုင်ပါသည်။ ဤသည်မှာ Leofinance ၏ အငှားချသော ပထမအဆင့်သာ ရှိပါသေးသည်။

အဘယ့်ကြောင့်ဆိုသော် Beta Version သာရှိသေးသောကြောင့် ဖြစ်ပါသည်။ Cryptocurrency သည် မှန်းဆရခက်ပါသည်။ အချို့က နာမည်ကြီးစေရန် ကြေညာကြပါသည်။ အချို့က လူသိများစေရန် မကြေညာသော်လည်း ဈေးကွက်တွင် နေရာယူနိုင်ကြပါသည်။

အချို့က နာမည်ကြီးသော်လည်း တွက်ခြေမကိုက်ပါ။ အချို့က နာမည်မကြီးပါ သို့သော် ဈေးကွက်တွင် နေရာရနေကြပါသည်။ Cryptocurrency သည် ခန့်မှန်းရခက်ပါသည်။ ထီထိုးသည်နှင့်လည်း တူပါသည်။

ကံပေးသမျှရနိုင်သည်ဟူသည်မှာ Cryptocurrency အားဆိုလိုရင်း ဖြစ်ပါလိမ့်မည်။ ယခုအချိန်ထိတော့ Hive သည် ကျွန်တော်တို့အား ခွန်အားပေးလျက်ရှိပါသည်။ ကံအကျိုးမပေးတောင် ဝရိယ အကျိုးတော့ ခံစားရမည်ဟုထင်ပါသည်။

Henry Aung ( Kachin )

13/09/2021 - 19;36 Pm

H2
H3
H4
3 columns
2 columns
1 column
23 Comments
Ecency