Hive နှင့် တနွယ်ငင်တစင်ပါ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခုတလော စာမရေးဖြစ်သည်မှာ အတော်ကြာသွားပြန်ပါပြီ။ အရင်တခေါက်ကတော့ ရွေးကောက်ပွဲ အကြောင်းပြကာ အပျင်းထူးနေသောကြောင့် စာမရေး ဖြစ်ခဲ့။ ယခုတော့ အကြောင်းပြစရာ မရှိ ပျင်းလို့ စာမရေးသည်ထက် Hive ဈေးက ကျပြီးရင်း ကျနေသဖြင့် စိတ်ပျက်ကာ စာမရေးဖြစ်ခြင်း သာ။

လူဆိုသည်ကလည်း အခက်သား။ ဒံပေါက်ထမင်း စားဘူးသူ ဆိုတော့ သာမန် ငစိန် ဆန် ထမင်းအား မြိုမကျချင်။ ယခင် မိမိတို့ cryptocurrency အကောင့် တန်ဖိုးက သိန်း ၄၀ / ၅၀ ဆိုတော့ ယခု ၃ သိန်း ၅ သိန်း ဖြစ်ကုန်သည်ကို သိပ်လက်မခံချင်။

ကျွန်တော်တို့ မှီခို နေသော Hive ကလည်း ပြောလည်း ပြောချင်စရာ။ နောက်ပေါက်သည့် ရွှေကြာပင်များက တပင်ပြီး တပင် ပွင့်လန်းလို့လာနေကြသော်လည်း Hive ကတော့ဖြင့် နင်တို့ဖာသာ ကြိုက်ရင်ကြိုက် မကြိုက်ရင် နေ .. ငါကတော့ ဈေးလုံးဝမတက် ဟု မာနထောင်နေသယောင်။

လက်ရှိ Covid ကာလကုန်ဈေးနှုန်း များကလည်း Hive ဈေး ကဲ့သို့ အကျဘက်သို့ သာ ဦးတည်နေလျင်လည်း အကောင်းသား။ တလောက အတော်လေး ဂယက်ထခဲ့သော Leo ကလည်း ဟက်ကာများ ၏ ကောင်းမှုကြောင့် ယခုနောက်တခါ လွင့်တင်လိုက်သော အခါ ယခင် တုန်းကလောက် ဝက်ဝက် မကွဲတော့။

ဟက်ကာများ ဟက်ယူနိုင်သည်ဆိုတော့ ရင်းနှီမြုပ်နှံသူများ လက်တွန့် လာသည်လည်း အပြစ်မဆိုသာ။ ဘီယာချက်သည့် လုပ်ငန်းကလည်း ယခင်လိုမဟုတ်တော့။ ပစ္စည်းလိုအပ်ချက်က ပိုများလာသလို ယခင်လို ချက်ချင်တိုင် ချက်မရတော့။ Cryptocurrency တို့များ လိုချင်ပြန်တော့လည်း ရှာရခက်လိုက်သည် ဖြစ်ခြင်း။

ဒီကြားထဲ Bitcoin ဆိုသည့် ကောင်ကလည်း တတက်ထဲတက်နေပြန်တော့ Bitcoin မပိုင်ထားသူတို့ မျက်နှာငယ်စရာ ။ ကျွန်တော်တို့ ဘဝက စာရေးမှ မူးစု ပဲစု ရမည်မို့ လုပ်လက်စ စာရေးသည် အလုပ်သာ အစဉ်အလာမပျက် လုပ်ကြပါစို့။ လောလောဆယ်အထိ Hive သည်လည်း တန်ဖိုးရှိနေဆဲ မဟုတ်လား ။

Henry Aung ( Kachin )

17/11/2020 - 17:05 PM

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency