Hive Engine နှင့်ကျွန်တော်တို့ မျှော်လင့်စရာ ( Henry Aung )

111.jpeg

မင်္ဂလာပါ ။ ယနေ့ကတော့ ကျွန်တော်တို့ အတန်ကြာ မေ့လျော့ နေခဲ့သော Hive Engine အကြောင်း အနည်းငယ်ဖေါ်ပြလိုပါသည်။ မေ့လျော့နေသည်ဟု ဆိုသည်မှာ Hive Engine မှ ထုတ်လုပ်သော NFT token များတွင် ကျွန်တော်တို့ သတိမထားမိသော အရာများအား ဖေါ်ပြပေးလိုရင်း ဖြစ်ပါသည်။

ကျွန်တော်တို့သည် လက်ရှိ အချိန်တွင် Hive Engine token များအား အဓိကထား ၍ ရှာဖွေနေသည် ဖြစ်ရာ ဈေးကွက်တွင် မည်သို့ ရှိနေကြောင်း သိရန် လိုအပ်ပါသည်။ ယခင်က Hive Engine ဈေးကွက် သည် ၂၄ နာရီ ဝယ်ရောင်းအင်အား ဒေါ်လာ ထောင် ကဏန်းသာ ရှိခဲ့ပါသည်။

ယနေ့ အချိန် တွင် Splinterland ၏ ကောင်း မှုကြောင်း ယနေ့ Hive Engine တွင် ဒေါ်လာ သိန်းနှင့် ချီ၍ ရောင်း ဝယ်နေကြပြီ ဖြစ်ပါသည်။ မည်သည့် NFT သည် မည်မျှ ဝယ်ရောင်း နေကြကြောင်း အနည်းငယ် ဖေါ်ပြလိုပါသည်။

လက်ရှိ Hive Engine တွင် ဈေး အကောင်းဆုံး မှာ Splinterland ၏ DEC ဖြစ်ပါသည်။ Hive Engine တွင် ဝယ်ရောင်း အင်အား ဒေါ်လာ ၁၅၉၀၀၀ ကျော် ရှိပါသည်။ Splinterland ကတော့ ပြောဖွယ်ရာမရှိ လက်ရှိ အချိန်ထိ ဈေးကွက် ကို ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။

ကျွန်တော် သတိထားမိသည်မှာ ဤကဲ့သို့ ရောင်း အားတက်နေသော NFT များမဟုတ်ပါ။ လက်ရှိ ကျွန်တော်တို့စိတ်ဝင်စားနေသည်မှာ Pizza / CCC/ POB အစရှိသော NFT များ ဖြစ်ရာ ဈေးကွက်တွင် ကျွန်တော်တို့ မေ့လျော့နေသော NFT တခုမှာ SIM နှင့် Starbits တို့ ဖြစ်ပါသည်။

ကျွန်တော် သတိထားမိသည်မှာ ယခု တလောတွင် Gaming ဖြစ်သော Dicty ၏ Sim / StarBits တို့သည် ဈေးကွက် အတွင်း၌ အခြားသော NFT များ ထက် ဝယ်ရောင်း အင်အား ပိုမိုတက်လာသည်ကို တွေ့နေရပါသည်။

Pizza / CCC / Archon / POB ၏ အထက်တွင် ရှိနေသည်ဖြစ်ရာ အဘယ့်ကြောင့် ဤ NFT များ ဈေးတက်လာသည် ဝယ်ရောင်း အင်အား များလာသည် ကို လေ့လာသင့်ပါသည်။ ကျွန်တော်တို့သည် Coinmacketcap ၏ BTC / ETH / BNB အစရှိသော token များ အားကျနေခြင်း ထက် Hive Engine ၏ NFT များအား လေ့လာခြင်းက ပို၍ အဆင်ပြေလိမ့်မည်ဟု ထင်ပါသည်။

ကျွန်တော့ အတွေ့အကြုံအား ပြောရလျင် Hive Engine အစတွင် ၂၄ နာရီ ဈေးကွက် ဒေါ်လာ ထောင်ကဏန်းမျှသာ ရှိခဲ့ပါသည်။ သို့သော် Leo ကြောင့် တခါ ယခု တကြိမ် Splinterland ကြောင့်တခါ Hive Engine အား လူအများ သိရှိလာပြီ ဖြစ်သောကြောင့် Hive Engine ဈေးကွက်၏ ၂၄ နာရီ ဝယ်လိုအား ရောင်းလိုအားသည် ဒေါ်လာ သိန်းချီသို့ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။

ဤကဲ့သို့သာ ဆက်သွားလျင် များမကြာမှီ Hive platform အောင်မြင်လိမ့်မည်ဟု ယူဆရပါသည်။ ကျွန်တော် ဖေါ်ပြပေးဖြစ်သည့် အတိုင်း Sim နှင့် StarBits token များ အဘယ့်ကြောင့် ဝယ်ရောင်း အင်အားတက်လာသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အခြားသော NFT ဖြစ်သည့် CBM သည်လည်း စိတ်ဝင်စားစရာ ကောင်းလို့လာနေပြီ ဖြစ်ပါသည်။

Henry Aung ( Kachin )

20/08/2021 - Friday - 20:56 Pm

H2
H3
H4
3 columns
2 columns
1 column
25 Comments