Hive Engine နှင့် ပျိုးခင်းများ ( Henry Aung )

001.jpeg

မင်္ဂလာပါ။ ဒီနေ့ကတော့ အနည်းငယ် အလုပ်ရှုပ်သည့် အတွက် Hive platform ပေါ်သို့ နောက်ကျမှ ရောက်ဖြစ်ပါတော့သည်။ ဖျားနာသည့် အချိန်နှင့် ကျွန်တော့မိခင် အတွက် အလုပ်များရသော ရက်များမှ အပ ကျန်သော အချိန်များတွင် Hive platform ပေါ်သို့ မပျက်မကွက် အရောက်တက်လာမြဲပင်ဖြစ်ပါသည်။

မိတ်ဆွေတို့ မည်သည့် Post များတင်ထားသည် မည်သည့် Post များကတော့ Cryptocurrency အတွက် သတင်းထူးသည်ရှာ ဖတ်မြဲဖြစ်ပါသည်။ ယခုတလောကတော့ ထွေထွေထူးထူး သတင်းထူးများအား မတွေ့မိသေးပါ။ ကျွန်တော် ရှာမတွေ့သေးသည်သည် လည်း ဖြစ်နိုင်ပါသည်။

လွန်ခဲ့သော ရက်များက Hive Engine သို့ မရောက်ဖြစ်သောကြောင့် ယနေ့မှ Hive Engine သို့ သေချာဝင်ကြည့် ဖြစ်ပါသည်။ ဝင်ကြည့် သည့် အကြောင်းအရင်းကလည်း ထွေထွေထူးထူးမဟုတ်ပါ။ PAL token စုထားရသည်မှာ ယခင်ကလောက် တွက်ခြေမကိုက်သောကြောင့် PAL များ ထုတ်ရောင်းကာ HBD Saving လုပ်ရင်း ၁၀% အတိုးယူရန် ကြံစည်နေရခြင်း ဖြစ်ပါသည်။

HBD ကလည်း ရေရှည် အတွက် စီမံကိန်းဆွဲထားသောကြောင့် နှစ်နှင့်ချီ၍ စုသွားရအုံးမည့် သဘောဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ Hive Power ကလည်း ဤသို့မူးစုပဲစု ဖြင့် နှစ်ကြာလာသော အခါ အခြေအနေတခုသို့ ရောက်ရခြင်း ဖြစ်ပါသည်။

HBD အားလည်း ဤသို့စုရင်း နှောင် ၃ / ၄ နှစ် ခန့်တွင်တော့ လစဉ် အတိုးထုတ်စား၍ ရသည့် အခြေအနေသို့ ရောက်မည်ဟု မျှော်လင့်ရပါသည်။ အများကြီး မမျှော်လင့်ထားပါ။ လစဉ် အင်တာနက် Bill လေးများ ဆောင်နိုင်လျင် ပင် အလွန်အကျိုးများနေပြီ ဖြစ်ပါသည်။

ထို့ကြောင့် Hive Platform အား အမှီပြု၍ နောက်ထပ် HBD အပင်တပင် ထပ်မံစိုက်ပျိုးနေပြီ ဖြစ်ပါသည်။ PAL ယာခင်းကတော့ ပျိုးထားသည်မှာ ကြာပြီ ဖြစ်ပြီ အသီးအပွင့်လည်း အတော်များများ စားခဲ့ရပါသည်။

သို့သော် ယခုနောက်ပိုင်း PAL သည် အသီး သိပ်မလိုက်တော့ သည့်အပြင် ရေလောင်းပေါင်းသင် ရန်လည်း အနည်းငယ်ခက်ခဲလာသောကြောင့် PAL အပင်များအား ထုတ်ရောင်းကာ HBD အပင် အစားထိုးစိုက်ထားလိုက်ရခြင်း ဖြစ်ပါသည်။

HBD အပင်လည်း နှစ်အနည်းငယ်ကြာလျင်တော့ အသီးအပွင့် စားရလိမ့်မည်ဟု ယုံကြည်သလို HBD အပင်၏ သဘောတရားမှာ နှစ်ရှည်ပင် ဖြစ်သောကြောင့် အနည်း ဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ် အတွင်းရောက်မှ အသီးအပွင့် များ ဝေဝေဆာဆာ သီးပွင့်လာမည်ဟု ထင်ပါသည်။

Hive Engine ပျိုးခင်း ရှိအခြားသော သီးနှံများကလည်း အတော်အတန်တော့ သီးပွင့်လာကြပြီ ဖြစ်ပါသည်။ Leo အပင်ကလည်း Hive Power အငှားချထားသဖြင့် နေ့စဉ် 5 Leo ခန့် ပုံမှန်ခူးယူ နေနိုင်ပြီ ဖြစ်သလို Uniswap တွင် ထည့်ထားသော Wleo ကလည်း လစဉ် အတိုးနှုန်း ပုံမှန်ရလျက်ရှိပါသည်။

အခြားသော ပျိုးခင်းတခုဖြစ်သည့် Pizza Token ကလည်း တဖြည်းဖြည်း ကြီးထွားလို့လာနေပြီ ဖြစ်ပါသည်။ Pizza အပင်စိုက်မိသည့် အတွက် အားရကျေနပ်မိပါသည်။ Archon ပျိုးခင်းကလည်း အတော်လေး ကြီးထွားလို့လာနေပါသည်။

Pizza နှင့် Archon သည် ယခုအချိန် ထုတ်ရောင်းလျင် အမြတ်ရနေပြီ ဖြစ်သော်လည်း ဆက်လက် စိုက်ပျိုးထား ရပါအုံးမည်။ တနှစ်မပြည့်မှီ အသီးအပွင့်များ မြင်လာရပြီဖြစ်သော်လည်း အရေးတကြီး ထုတ်ရောင်းရန် မလိုအပ်သေးကြောင့် အသီးသာ ခူးစားနေရပါအုံးမည်။

ကျွန်တော် အများကြီး မျှော်လင့်ထားသော CreativeCoin ကတော့ ရေလောင်းပေါင်းသင် ရန် အတော်လေးလိုအပ်နေအုံး မည်ဖြစ်ပါသည်။ သို့သော် သူလည်း နှစ်ရှည် သီးပင်ဖြစ်သောကြောင့် စိတ်ရှည်ရှည်ထားကာ ပျိုးထောင်ထားရအုံးမည် ဖြစ်ပါသည်။

ဤသည်များက Hive Engine နှင့် ကျွန်တော်၏ ပျိုးခင်းများအား ဖေါ်ပြပေးရခြင်းသာဖြစ်ပါသည်။ အခြားသော ပျိုးခင်း ကွိစိကွစ များအားချန်လှပ်ထားခဲ့ပါသည်။ ယခုတလော ကျွန်တော်လိုက်ကောက်ထားသည့် နောက်ထပ် လေပြုတ်ကျ သုံးခု ထပ်မံရရှိထားပါသည်။ မနက်ဖြန်တွင် လေပြုတ်ကျ များအကြောင်း သီးသန့်ရေး၍ ဖေါ်ပြပေးပါမည်။ လေပြုတ်ကျများလည်း တချိန်တွင် အဖိုးတန်လာပါလိမ့်မည်။

Henry Aung ( Kachin )

27/07/2021 - Tuesday - 18;46 Pm

H2
H3
H4
3 columns
2 columns
1 column
12 Comments