HBD အတွက် ကျွန်တော့ အမြင် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခု ကျွန်တော်ရေးသားမည် ဖြစ်သော HBD အကြောင်းအရာမှာ ကျွန်တော့ အတွေးအမြင်များသာ ဖြစ်၍ အကယ်၍ တစုံတရာ မှာယွင်းမှုများ ပါဝင်သွားခဲ့လျင် ရေးသားသူ ကျွန်တော်၏ လေ့လာမှု အားနည်းချက်ကြောင့်သာ ဖြစ်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။

HBD ( Hive Backed Dollar ) ဟူသည်မှာ Hive Platform ၏ ငွေကြေးတမျိုး ဖြစ်သည်ကို မိတ်ဆွေတို့ အားလုံး သိပြီး ဖြစ်ပါသည်။ Hive / Hive Power သည် Blockchain လည်ပတ်ရန် အတွက် လိုအပ်သည်ဆိုလျင် HBD သည် ထို Blockchain ၏ အသီးအပွင့် ဖြစ်ပါသည်။

Hive အနေဖြင့် ယခင် Steemit မှ ခွဲထွက်လာစဉ် အချို့က ဤ HBD အား ဖြုတ်ချထားခဲ့ရန် အကြံပြုခဲ့ကြပါသည်။ အဘယ့်ကြောင့် ဆိုသော် Steemit တွင် SBD သည် ငွေကြေးတရပ် အဖြစ် Steem အား အထောက်အကူ ပေးရမည် ဖြစ်သော်လည်း Steem ၏ ပြိုင်ဘက် Cryptocurrency တခုအဖြစ် တည်ရှိနေသော ကြောင့် ဖြစ်ပါသည်။

ဤ သည်ကို Hive Witness များကပြန်လည် ပြုပြင်လိုက်ကြပါသည်။ HBD အား အမြဲတမ်း USD 1$ နှင့် ညီမျှစေရန် ကြိုးစား လုပ်ဆောင်လိုက်ကြခြင်း ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် ထုတ်လုပ်ပြီးသမျှသော HBD သည် HBD 25 သန်းကျော်မျှသာ ရှိသေးသည်ဟု ထင်ပါသည်။

၂၅ သန်းဟူသော ပမာဏသည် ငွေကြေး တခု အဖြစ်လည်ပတ်ရန် အလွန်ပင် နည်းပါးနေသေးသော ပမာဏဖြစ်ပါသည်။ ယခု HBD အား Saving လုပ်ထားပါက တလလျင် ၂၀ % အတိုးရသည်ဟူ၍ ဖြစ်လာပါသည်။

လွန်ခဲ့သော ရက်များက ကျွန်တော် Hive Platform နှင့် ခေတ္တဝေးကွာနေစဉ် @donjaun မှ Messenger တွင် မေးလာသော ကြောင့်သာ သိရခြင်း ဖြစ်ပါသည်။ HBD ၂၀ % အတိုးရခြင်း နှင့်ပတ်သက်သော ဆောင်းပါး များကတော့ ရှာမတွေ့ပါ။ သို့သော် Wallet တွင် တကယ် အတိုး 20% ပေးထားသည်ကို တွေ့ရပါသည်။

ယခင်က ကျွန်တော်လည်း HBD များအား Saving သို့ ပို့၍ အတိုးထုတ်ယူဘူးပါသည်။ ထို အချိန်က 10 % အတိုးသာ ရသဖြင့် Power Up ၍ Voting ပေးသည်ကမှ ပို၍ ထိရောက်နိုင်သည်ဟု ထင်သော ကြောင့် ထုတ်ယူကာ Power Up ခဲ့ လိုက်ပါတော့သည်။

ယခု HBD က အတိုး 20% ပေးနေသည်ဆိုတော့ စိတ်ဝင်စား စရာ ကောင်းလာပါပြီ။ အရိုးရှင်းဆုံးပြောရလျင် ၁၀၀ လျင် ၂၀ တိုး။ ကိုယ်က ၁၀၀ ရင်ထားလျင် တလ ၂၀ ရနေမည်။ ၂၀ ဟူသည်မှာ USD $ တန်ဖိုးနှင့် ညှိထားသော HBD 20$ ရမည် ဟူသော သဘော ဖြစ်ပါသည်။

ယနေ့ မြန်မာကျပ်ငွေ နှင့် တွက်ကြည့်လျင် တဒေါ်လာ ၂၀၀၀ ကျပ်သာထား ။ တလလျင် မြန်မာငွေ ၄၀၀၀၀ ကျပ် ရမည် ဖြစ်ပါသည်။ ဤသည်က HBD 100 saving ထဲ ထည့်ထားခြင်း ၏ အကျိုးကျေးဇူး ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေ အနေဖြင့် HBD saving တွင် HBD 1000 ထည့်ထားနိုင်လျင် အတိုး မြန်မာငွေ ၄ သိန်းခန့် လစဉ် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

မှန်ပါသည်။ လက်ရှိအချိန်တွင် ၄ သိန်းဟူသော ပမာဏမှာ ကုမ္ပဏီ ဝန်ထမ်းတယောက်၏ လစာ ဖြစ်ပါသည်။ ဆိုတော့ HBD saving လုပ်ထားလျင် အတိုး ၂၀% ရသည်ကတော့သိပါပြီ။ ပြသနာက HBD 1000 ခန့် ဘယ်ကသွားရှာမည်နည်း ။ Hive Power ကလည်း စုရအုံးမည်။ မတတ်နိုင်ပါ။ Hive Power စုသလို HBD လည်း စုရတော့မည် ဖြစ်ပါသည်။

Hive Power 1000 ရရန် ၃ နှစ် စုရသည်ဆိုလျင် HBD 1000 ရရန် အတွက်လည်း နောက်ထပ် ၃ နှစ် စုသင့်လျင် စုရမည်သာ ဖြစ်ပါသည်။ ကျွန်တော်ယခင်က ဆိုခဲ့သည့် အတိုင်း Hive Platform သည် နှစ်ရှည် စီမံကိန်း ဖြစ်သဖြင့် အချိန်ကတော့ပေးရမည်သာ ဖြစ်ပါသည်။

ယခင်က ကျွန်တော်တို့ Hive Power မူးစုပဲစု စုခဲ့ကြသော ကြောင့် ယနေ့ အချိန်တွင် Hive Power အားကိုး ၍ Airdrop လေးများ မျော်လင့် နိုင်ခဲ့ကြပြီ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့်ကတော့ Hive Engine မှ စုထားသော Token အချို့အား HBD ပြောင်းကာ Saving သို့ ပို့ထားလိုက်ပြီဖြစ်ပါသည်။

မေလတလ စောင့်ကြည့်ကာ အတိုးနှုန်းသေချာသည်ဆိုလျင်တော့ Hive Engine ရင်းနှီးမြှုပ်နှံ မှုများအား HBD saving သို့ ပြောင်းလိုက်မည် ဖြစ်ပါသည်။ HBD Saving မှ ရလာသော အကျိုးအမြတ်များအား Dlux တွင် ရင်းနှီးမြှုပ်နှံ မှု လုပ်သင့်မလုပ်သင့်ကတော့ Dlux Exchange အား စောင့်ကြည့်ရအုံးမည် ဖြစ်ပါသည်။

Henry Aung ( Kachin )

05/05/2022 - Thursday - 18;09 Pm

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency