Cryptocurrency စိတ်ကူးအိမ်မက် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခုတလော Cryptocurrency ဘက်ကိုသာ အာရုံရောက်နေသဖြင့် အချိန်ရသည်နှင့် စိတ်ကူးနှင့် တိုက်ဆောက်နေမြဲ ဖြစ်ပါသည်။ Airdrop token အချို့ကလည်း အတော်များများ ရထားသည်ဆိုတော့ ဘာရယ်မဟုတ် လေဖမ်းဒါန်းစီးသည် ဆိုသည့်အရသာအား ခံစားကြည့်မိခြင်း ဖြစ်ပါသည်။

Cryptocurrency ဆိုသည့်အရာကလည်း အတော်လေး စိတ်ကူးယဉ်စရာ ကောင်းနေတော့သည်ကိုး။ အဘယ်ကြောင့် ဆိုသော် Cryptocurrency ဖြင့် ချမ်းသာသူများ ဖြစ်သွားကြသလို အချ်ု့ကတော့ မိမိတို့ cryptocurrency Defi ထဲတွင်ထည့်ထားကြကာ တပတ်တခါ တလတခါ အတိုး ဒေါ်လာ ၅၀၀ / ၁၀၀၀ ထုတ်ယူကြဖြင့် အဆင်ပြေနေကြသည်ကို မြင်နေရ ကြားနေရသောကြောင့် ဖြစ်ပါသည်။ ဆိုတော့ Cryptocurrency မဖြစ်စလောက် ပိုင်ဆိုင်ထားသော ကျွန်တော့ အနေဖြင့် စိတ်ကူးဖြင့် တိုက်ဆောက်နေရသည်မှာ အဆိုးမဆိုသာ။

မတော်တဆ Hive များ ဒေါ်လာ ၅၀ အထက်ဖြစ်သွားလျင် ဘယ်လောက်ရမည် ၊ စုထားသော Airdrop token များ ၁ ဒေါ်လာလောက် ဈေး ဖြစ်သွားလျင်ဖြင့် Toyota Fortuner ကားလောက်တော့ ဝယ်စီးမည် ၊ စီးပွားရေး မည်သို့ချဲ့ ထွင်းမည် ၊ နောက်ထပ် အလာအလာရှိသော Cryptocurrency များ ထပ်ဝယ်ကာ Stake လုပ်ထားမည် ၊ လစဉ် အတိုးယူမည်။ စိတ်ကူးကတော့ ဟုတ်နေပါတော့သည်။

ဘာပဲ ဖြစ်ဖြစ် စိတ်ကူယဉ်နေရသည့် အချိန်ခဏတာတော့ စိတ်ချမ်းသာစရာ ကောင်းပါသည်။ ၂၀၁၆ ခုနှစ် ကျွန်တော် Cryptocurrency လောကသို့ စတင်ဝင်ရောက်ကာစက BTC ဝယ်စုထားသော စင်္ကပူ လူငယ်တယောက်၂၀၁၇ BTC ၁၀၀၀၀ $ခန့်ဈေးပေါက်သောအခါ Lamborghini ကားဝယ်စီးသည့် အကြောင်း ဖတ်ခဲ့ရပါသည်။ အားကျ လိုက်သည် ဖြစ်ခြင်း။

ထို့နောက် စင်္ကပူ ရှိ အသက် ၅၀ ကျော်မုဆိုးမတယောက်တွင် BTC 140 ကျော် ပိုင်ဆိုင်ထားသည့်သတင်းလည်း ကြားလိုက်မိပါသည်။ယခုဈေးနှင့် ဆိုတော့ ဒေါ်လာ ၅.၆ သန်းခန့် ချမ်းသာ နေပြီ ဖြစ်ပါသည်။

ကျွန်တော် Cryptocurrency ဝယ်ရောင်း ကစားနေစဉ်တွင် ( ၂၀၁၇ - ၂၀၁၈ ကာလ ) ကျွန်တော့ အစ်မလတ် အလုပ်လုပ်သော သွားဆေးခန်းမှ ဆရာဝန် တယောက်ကလည်း BTC ဝယ်စုနေသည်ဟု သတင်းပေးပါသည်။ ထိုအချိန်က ၂၀၁၈ BTC ဈေးအကျပိုင်း အချိန်။

၂၀၂၁ ရောက်သော အခါ BTC 60000 ဈေးတွင် ထိုဆရာဝန် စင်္ကပူ တွင် ကွန်ဒို တိုက်ခန်းတခု ဝယ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော့ အစ်မလတ်က မေးပါသည် သူများတွေ Cryptocurrency စုတာ ကွန်ဒို ဝယ်နိုင်ပြီ နင် Cryptocurrency စုတာက ဘယ်လို အခြေအနေရှိတုန်း ဟူ၍။

သူရို့ကတော့ BTC လောက်သာ သိသဖြင့် မေးခြင်း ဖြစ်ပါသည်။ ကိုယ်စုနေသည်က Hive နှင့် အခြား ကွိစိကွစ token များ။ မည်သို့ပင်ဆိုစေ ကျွန်တော် တို့ Hive လည်း တချိန်ချိန်ကျရင်တော့ ဈေးတက်လာပါလိမ့်မည်။ ဘယ်အချိန်မှန်းတော့ မသိသေး။ ကြိုးစားပန်းစားစုနေတုန်းပင်ဖြစ်ပါသည်။

ယခုလည်း ကွန်ဒို တိုက်ခန်း မဝယ်နိုင်တောင် ဖုန်းဘေလ် အင်တာနက်ဘေလ်လေးတော့ ဖြည့်နေနိုင်ပြီ ဖြစ်ပါသည်။ ဒီနေ့လည်း Airdrop ထပ်ယူထားပြီမို့ စိတ်ကူးယဉ်လိုက်ပါအုံးမည်။ Airdrop link များ ကော်မန့်တွင်ချထားပေးပါသည်။

Henry Aung ( Kachin )

02/08/2021 - Monday - 18;53 Pm

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency