Cryptocurrency ပင်လယ် ကြီး ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့၏ Hive ကတော့ တအိအိ ဖြင့် ပြား ၅၀ အထက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့်လည်း Hive ဈေးအား ရုတ်တရက် ခုန်တက်သွားခြင်းထက် တအိအိဖြင့် ရင်းနှီးမြုပ်နှံသူတို့ ဝင်ရောက်လာက တဖြည်းဖြည်း ဖြင့် ဈေးတက်လာသည်ကို ပိုသဘောကျပါသည်။

Hive သည် Splinterland ကြောင့် ဈေးတက်လာသည်လား / HBD ကြောင့် ဈေးတက်လာသည်လာပဲ မသိ ... ဈေးကတော့ တက်လာနေပါသည်။ မည်သို့သော အကြောင်း ကြောင့်ပင် ဖြစ်စေ လက်ရှိအချိန်တွင် Hive သည် ဈေးတက်ရန် အကြောင်းပြချက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။

ယခင်က ကဲ့သို့ ဘူဘောင်း ဆွဲတင်ခြင်း မျိုးမဟုတ်ပဲ ရင်းနှီးမြုပ်နှံသူတို့က Hive အား ဝယ်ယူကာ Hive platform ရှိ Project များတွင် ရင်းနှီးမြုပ်နှံ ကာ Hive အား ဈေးတက် စေခြင်း ဖြစ်ပါသည်။

Hive သည် လည်းကောင်း HBD သည် လည်ကောင်း လက်ရှိအချိန်တွင် တက်ဈေးတွင် ရှိနေပါသည်။ HBD ဈေးတက်လာခြင်း မှာ HBD saving အတိုးကြောင့် ဖြစ်မည်ဟု ထင်ပါသည်။

Hive Engine တွင်လည်း Pizza သည် တက်လိုက်ကျလိုက်ဖြင့် တဖြည်းဖြည်း အမြှင့်သို့တက်နေသည်ကို တွေ့ရပါသည်။ အခြားသော Hive Engine token တခုမှာ StarBits ဖြစ်ပါသည်။

Hive Engine ဈေးကွက်တွင် နေ့စဉ် ဝယ်ရောင်း ဒေါ် လာ ၈၀၀၀ ကျော်ခန့်ဖြင့် Pizza / Leo / CCC တို့၏ အထက်တွင် ရှိနေပါသည်။ ယခုတလောတွင် Splinterland ခေတ်စားလာခြင်း နှင့်အတူ / StarBits / CBM / Dcity အစရှိသော token များအားလည်း စောင့်ကြည့် စေချင်ပါသည်။

ကျွန်တော့ အနေဖြင့် ပြင်ပ Cryptocurrency ဖြစ်သော BTC / ETH / BNB တို့အား လိုက်မမှီ နိုင်တော့ပြီ ဖြစ်ရာ Hive Engine ရှိ Token များအား ဈေးအတက်အကျ ကစားကာ ပျော်မွေ့နေရတော့မည် ဖြစ်ပါသည်။

အမှန် ဆိုရလျင် Hive Engine ရှိ token များကလည်း မြန်မာငွေ တစ်ကျပ် ဟူသော Token များထက် မြန်မာငွေ ၄၀ / ၅၀ / ၁၀၀ / ၂၀၀ အထက်ဟူသော Token များသာ တွေ့နေရပြီ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့်ကလည်း Cryptocurrency အမြှင့် Coin များအား လိုက်မမှီ သည့်နောက်တော့ မိမိကျက်စားရာ စာကျက်ဖြစ်သည့် Hive platform မှ ထွက်သော token များအား အမိဖမ်းထားရန်တော့ လိုအပ်မည်ဟုထင်ပါသည်။

မိမိ အထင်သာ ဖြစ်ပါသည်။ Cryptocurrency ဖြင့် ဝင်ငွေရှာဖွေခြင်းသည် ကျယ်ပြန့်လွန်းလှပါသည်။ Cryptocurrency ပင်လယ်တွင် လက်ပစ်ကူးခြင်းထက် Hive ရေစီးအတိုင်း အသာစီးမျှောခြင်းသည် ပို၍သက်တောင့် သက်သာရှိမည်ဟုထင်ပါသည်။ မိတ်ဆွေတို့ ကော မည်သို့ ယူဆပါသနည်း။

Henry Aung ( Kachin )

23/08/2021 - Monday - 19;55 Pm

H2
H3
H4
3 columns
2 columns
1 column
41 Comments
Ecency