Cryptocurrency ပိုင်ဆိုင်ထားသင့်သည် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ Cryptocurrency အကြောင်း မွှေနှောက်ရှာဖွေရင်း သတင်း အတော်များများကို ဖတ်ကြည့်မိခဲ့ပါသည်။ လွန်ခဲ့သော ခုနှစ်များက Cryptocurrency သည်မကြာမှီ မှေမှိန်ပျောက်ကွယ်သွားလိမ့်မည် ၊ Cryptocurrency သည် လိမ်လည်မှုအကြီးစား ဖြစ်သည်ဟု ဟောကိန်းထုတ်ခဲ့ကြသူအတော်များများ အသံတိတ်သွားကြပြီဖြစ်ပါသည်။

Cryptocurrency သည် တနှစ်ထက်တနှစ် စိတ်ဝင်စားသူ ပိုမိုများပြားလာသည်နှင့်အမျှ နေ့စဉ် တကမ္ဘာလုံး ဝယ်ရောင်း အင်အား ဒေါ်လာ ဘီလီယံ နှင့် ရှိနေပြီ ဖြစ်ပါသည်။ အဓိကအားဖြင့် Stock ဝယ်ရောင်းကစားကြသူများ ၊ ငွေကြေး ဝယ်ရောင်းကစားကြသူများသည် Cryptocurrency လောကသို့ အလုံးအရင်း နှင့် ဝင်ရောက်လာကြပြီ ဖြစ်ပါသည်။

တိုင်းနိုင်ငံအသီးသီးကလည်း Cryptocurrency နှင့်ပတ်သက်၍ ဥပဒေမည်သို့ ထုတ်ကြသည့်တိုင် Cryptocurrency များသည် ပို၍ အားကောင်းလာနေကြပါသည်။ ကျွန်တော့ အနေဖြင့် Cryptocurrency နှင့်ပတ်သက်၍ နှောင် ၃ နှစ်မှ ၅ နှစ်အကြာတွင် ဤထက်ပိုမို၍ အားကောင်းလာမည်ဟု မျှော်လင့်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ယနေ့ အချိန်တွင် ကျွန်တော်တို့ နေ့စဉ်ဘဝများတွင် အင်တာနက်မပါလျင် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ Facebook သည်လည်းကောင်း Google သည် လည်ကောင်း Cryptocurrency နှင့်ပတ်သက်၍ မည်သို့ပင် ပိတ်ပင်စေကာမူ သူတို့ကိုယ်တိုင် Cryptocurrency ထုတ်လုပ်ရန် အားထုတ်လာကြသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။

အမှန်ဆိုရလျင် Cryptocurrency သည် လုံးဝထိန်းချုပ်၍ မရသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ ဥပမာ အနေဖြင့် ပြရလျင် မြန်မာပြည်သည် အင်တာနက်အား လုံးဝထိန်းချုပ်လိုက်သောအခါ ဘဏ်စနစ်နှင့် အစိုးရလုပ်ငန်း များ ရပ်ဆိုင်းသွားရသည်ကို အားလုံးအသိပင် ဖြစ်ပါသည်။

နောက်ဆုံးတော့ ဘဏ်များလည်ပတ်ရန် အတွက် အင်တာနက်များ ပြန်လည် ဖွင့်ပေးသည့်တိုင် ကန့်သတ် ချက်များ ရှိနေဆဲဖြစ်ပါသည်။ အင်တာနက်အား ဤသို့ ထိန်းချုပ်လိုက်ခြင်း အတွက် အကျိုးအမြတ်မှာ ပြည်သူအနေဖြင့် အစိုးရအားအယုံအကြည်မရှိကြတော့ခြင်း သာ အဖတ်တင်ပါသည်။

ဤသို့ အယုံအကြည်မရှိသည့် အတွက်လည်း ဘဏ်များမှ မိမိတို့ပိုက်ဆံအား မရ ရသည့်နည်းဖြင့် ထုတ်ယူနေကြခြင်း ဖြစ်ပါသည်။ ဆိုရလျင် Cryptocurrency အားလုံးဝ ထိန်းချုပ်ရန် ကြိုးစားလျင်ပြည်သူများက အစိုးရအား အယုံအကြည်ကင်းမဲ့လာကာ မိမိတို့ ပိုက်ဆံ အား မည်သူမှ တို့ထိမရသည့် Cryptocurrency ထဲသို့သာ တွန်းပို့ကြမည်ဖြစ်ပါသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တိုင်းနိုင်ငံအစိုးရကလည်း Cryptocurrency အား ညှင်သာစွာ ကိုင်တွယ်နေကြရပါသည်။ ဥပမာ အနေဖြင့် ပြောရလျင် စင်္ကပူတွင် Cryptocurrency အကောင့် ဖွင့်ထားသူတိုင်းသည် မိမိ၏ ဘဏ်အကောင့် ဖြင့် တွဲဖွင့်ထားရသလို မိမိ ဝင်ငွေရလမ်း ( ဥပမာ အလုပ်အကိုင် / စီးပွားရေး ) စသည်တို့ကို ဖေါ်ပြပေးထားရပါသည်။

ဤနည်းဖြင့် နိုင်ငံအတွင်းသို့ ငွေဖြူ ၊ ငွေမဲ ပြသနာအား ထိန်းချုပ်ထားပါသည်။ မည်သူမျှ Cryptocurrency မပိုင်ရဟု စည်းကမ်းသတ်မှတ်ချက်မရှိပါ ။ သို့သော် မိမိ ဘဏ် အကောင့်သို့ ဒေါ်လာ သန်းနှင့်ချီ၍ စီးဝင်လာလျင် သေချာပေါက် စစ်ဆေးခံရမည့်အတူ Cryptocurrency မှ ရသည် ဆိုလျင်လည်း ယုံကြည်လောက်အောင် သက်သေပြရမည် ဖြစ်ပါသည်။

ဥပမာ မိမိ BTC ဝယ်ထားစဉ်က ဒေါ်လာ ၃၀၀၀ သာ ရှိခဲ့သည် မိမိပြန်ရောင်း တော့ ဒေါ်လာ ၄၀၀၀၀ ကျော်အထက်ရှိသည် စသည်ဖြင့် Transition history ပြနိုင်ရပါလိမ့်မည်။ အစိုးရကလည်း မိမိတို့ထံမှ ပိုက်ဆံ ထွက်သွားခြင်း ထက် မိမိတို့ထံ သို့ ပိုက်ဆံများ စီးဝင်လာသည်ကို ပိုသဘောကျပါလိမ့်မည်။

ကျွန်တော်တို့ နိုင်ငံကတော့ ဤ အဆင့်ထိရောက်ရန် အတော်လေး စောင့်စားရမည့် အနေအထားရှိပါသည်။ မည်သို့ပင် ဆိုစေ တချိန်တွင် အသုံးဝင်လာမည် ဖြစ်သော လက်ရှိတွင်လည်း အသုံးဝင်နေဆဲ ဖြစ်သော Cryptocurrency သည် ယနေ့ခေတ် Social Media အသုံးပြုတတ်သည် အင်တာနက် အသုံးပြုတတ်သည်ဟူသော လူငယ်တိုင်း ပိုင်ဆိုင်ထားသင့်သည့် အရာဖြစ်ပါသည်။

ကျွန်တော်တို့သည် အရာရာတွင် နောက်ကျ ကျန်နေခဲ့ရပြီ ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့လည်း Cryptocurrency တွင် သူများထက်မသာလျင်တောင် သူများနှင့် တန်းတူ လိုက်ပါ နိုင်အောင် ကြိုးစားထားရမည် ဖြစ်ပါသည်။

Henry Aung ( Kachin )

01/08/2021 - Sunday - 19;13 Pm

စာကြွင်း.... ကော်မန့် ထဲတွင် နောက်ထပ် Airdrop link များချထားပေးပါသည်။

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency