Cryptocurrency မျှော်လင့်ချက် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ တနေ့ တနေ့ Hive platform လေး ပြေးကြည့်လိုက် ၊ Torum platform ဘက်လှည့်လိုက် XTM လေး ပြေးကြည့်လိုက် ၊ ၁၅ မိနစ်ပြည့်သွားလျင် AXO လေး ပြေးနှိပ်လိုက် နှင့် အားရသည်မရှိပါ။

AXO လေးကလည်း တဖြေးဖြေးများလာနေသည်ဆိုတော့ အားတက်စရာ ဖြစ်လို့ လာနေပါသည်။ AXO က နောက် နှစ်ရက်နေလျင် Pancake Swap တွင် ဈေးကွက်တင်တော့မည်။ ကျွန်တော်တို့ က ဒေါ်လာ ၅၀၀ ဖိုးကျော်မှ ထုတ်ယူ၍ ရမည် ဖြစ်ပါသည်။

ဒေါ်လာ ၅၀၀ ဖိုးရမှ ထုတ်ယူ ၍ ရမည် ဆိုသော်လည်း တခါ ထုတ်ယူလျင် AXO မည်မျှ ထုတ်ခွင့် ရှိမည် မသိသေးပါ။ သူ ဖေါ်ပြထားချက်အရဆိုလျင် AXO တခါထုတ်ယူလျင် အနည်းဆုံး ၄ ရက် ခန့် စောင့်ရမည်။

၄ ရက်ခန့် မှ AXO token မိမိ wallet ထဲရောက်လာမည် ဖြစ်ပါသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ လက်ရှိ AXO free ရယူနေသူ အကောင့်ပေါင်း ၂.၇ သန်း ကျော်ရှိရာ ရှိသမျှ အကောင့်အားလုံး ရထားသမျှ AXO token အား ဈေးကွက်သို့ တွန်းပို့ကြလျင် AXO များ ဈေးထိုးကျကုန်မည် ဖြစ်ပါသည်။

ထို့ကြောင့် တခါထုတ်လျင် နည်းနည်းနှင့် ရက်ကြာကြာ စောင့်ခိုင်း ခြင်း ဖြစ်ဟန်တူပါသည်။ ကျွန်တော့ အတွက်တော့ ရက်ကြာသည် ၊ token နည်း သည် မကြည့်အားပါ။ ထုတ်၍ ရသည် ဆိုလျင်ပင် ကျေနပ်ဖို့ ကောင်း နေပြီ ဖြစ်ပါသည်။

Airdrop group များဖြစ်သော Telegram တွင်လည်း Token ရမည့်ရက်တွင် Token မရသဖြင့် ဆဲသံတို့ဖြင့် ပွက်ပွက်ညံနေပါတော့သည်။ အချို့ token များကတော့ Project မအောင်မြင်ပါဟု အကြောင်းပြကာ token များ ထုတ်မပေးကြတော့ပါ။ ဘာတတ်နိုင်မည်နည်း။ သူရို့ ထုတ်ပေးမှ ရမည်မဟုတ်လား။ မရတော့လည်း မရဘူး မှတ်ရုံသာ ရှိပါတော့သည်။

ထို့ကြောင့် Airdrop ၁၀ ခုလုပ်လျင် ၅ ခုလောက်သာ ရလေ့ရှိပါသည်။ ရတော့လည်း အပြည့်ရသည်မဟုတ်။ သူတို့ ပေးသလောက်သာ။ ကြေညာ ထားစဉ်ကတော့ $20 ဖိုး ၊ $50 ဖို့ခန့် token free ပေးမည် ဆိုသော်လည်း တကယ်ရလာလျင် $5 ခန့်သာ ဖြစ်ပါသည်။ မတတ်နိုင် ပါ။

ကိုယ်က ငွေပေး၍ ဝယ်သူမဟုတ်တော့ သူရို့ ပေးသလောက်နှင့် ကျေနပ်ယုံပေါ့။ သို့တိုင်အောင် အချို့ token များက ယူသာယူထားရသည်။ ဈေးကွက်က မပေါက်သေး။ Cryptocurrency လောကသည်လည်း ကျယ်ပြန့်လွန်းတော့ ဘယ်Project ကဘယ်သို့ဘယ်ပုံ ရှိသည်ကို အပြည့်အဝ လိုက်မကြည့်နိုင်လျင် ပလုံဖို့ များပါသည်။

ထို့ကြောင့် ပိုသေချာသည့် Hive တွင် စာရေးခြင်း နှင့် Torum တွင် XTM claim ခြင်း များကို သာ မပျက်မကွက် လုပ်ဆောင်လျက်ရှိပါသည်။တရက်ပြီး တရက်ကုန်ဆုံးလာသလို တရက်ပြီး တရက် cryptocurrency များ ရသလောက်ရယူထားသည်က နှောင်ရေး အတွက် သေချာပါသည်။

လက်ရှိ အချိန်တွင် ပြင်ပ စီးပွားရေးများကလည်း ထန်းညှက်ခဲ ခွေး လျက်သလို လုံးပါးပါးလာနေပြီ ဆိုတော့ Cryptocurrency သာ အားကိုးရာရှိနေပါတော့သည်။

Henry Aung ( Kachin )

13/06/2021 - Sunday - 17;05 Pm

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency