View full version

နေ့ရက်တိုင်းအတွက် Cryptocurrency ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့်ယခုတလော Cryptocurrency အကြောင်းအရာများသာ ရေးသားရန် အားသာ နေသည် ဖြစ်ရာ ယနေ့လည်း Cryptocurrency အကြောင်းသာ ဆက်ကြပါအုံးစို့။ ယခုတလော ကျွန်တော်တို့ Torum နှင့်ပတ်သက်ပြီး အခြားသော Cryptocurrency များ ဆက်စပ် ရှာဖွေနေသည် ဖြစ်ရာ ယနေ့တော့ မရှိမဖြစ် METAMASK နှင့် Binance Smart Chain အကြောင်း ဖေါ်ပြပေးပါမည်။

METAMASK ကတော့ Wleo နှင့် ပတ်သက်ပြီး အားလုံးသိကြမည် ဖြစ်ပါသည်။ METAMASK သည် Airdrop ရှာဖွေနေသူများ အတွက် မဖြစ်မနေရှိထားရန် လိုအပ်ပါသည်။ ယခင်ကတော့ ERC 20 token Airdrop များသာရှာဖွေခဲ့ရမှ ယခု တော့ BEP-20 token Airdrop များလည်း ရှာဖွေနိုင်ပြီ ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း METAMASK အကောင့် ဖွင့်နည်းတော့ အားလုံး သိကြမည် ဖြစ်ပါသည်။ password နှင့် စာလုံး ၁၂ လုံးအား သေချာ ရေးမှတ်ထားရန် လိုပါသည်။ မိမိ၏ METAMASK ကို ဖွင့်လိုက်ပါ။ မိမိ အကောင့် တွင် Ethereum Mainnet ဟူ၍ တွေ့ပါလိမ့်မည်။

ဤသည်မှာ ERC-20 နှင့် ဆိုင်သော token များ အတွက်ဖြစ်ပါသည်။ ပိုမို သေချာစေရန် မိမိ အကောင့်ဘေးနား တွင် connected ဟူသော မီးစိမ်း လင်းနေရမည်ဖြစ်ပါသည်။ Account 1 / account 2 မိမိကြိုက်သလောက် အကောင့် ဖွင့်နိုင်ပါသည်။

Add token ဟူသော နေရာ နှိပ်လိုက်လျင် contract address / Token Symbol / Decimal အစရှိသော အကွက်များ ပေါ်လာပါလိမ့်မည်။ မိမိ Airdrop ၏ contact address ထည့်ကာ Airdrop claim လိုက်ယုံသာ ရှိပါသည်။

ဤသည်က ERC-20 အတွက် ဖြစ်ပါသည်။ Binance ၏ BSC ကတော့ ပို၍ လွယ်ကူပါသည်။ အပေါ်တွင် ပြထားသော Ethereum Mainnet အစား Binance Smart Chain Mainnet အား ပြောင်းလိုက်ပါ။ ဤသို့ ပြောင်းလိုက်သည်နှင့် မိမိသည် Binance smart chain wallet သို့ ရောက်သွားပြီ ဖြစ်ပါသည်။ Account ကတော့ မိမိအလိုရှိသလို Account 1 / account 2 ကြိုက်သလို ဖွင့် နိုင်ပါသည်။

မိမိ wallet Address ရယူရန် မိမိအကောင့်အား ထောက်လိုက်လျင် Address ပေါ်လာပါလိမ့်မည်။ Add token ဟူသော နေရာ နှိပ်လိုက်လျင် contract address / Token Symbol / Decimal အစရှိသော အကွက်များ ပေါ်လာပါလိမ့်မည်။ မိမိ Airdrop ၏ contact address ထည့်ကာ Airdrop claim လိုက်ယုံသာ ရှိပါသည်။

ရရှိလာသော Airdrop သည် မိမိ BSC wallet တွင် ချက်ချင်းလာပေါ်မည် ဖြစ်ပါသည်။ ဤ မျှလောက်ဆိုလျင် BEP-20 Airdrop Claim လုပ်ရန် မည်မျှ လွယ်ကူသည်ကို တွေ့ရပါလိမ့်မည်။ မိတ်ဆွေ တို့ အနေဖြင့် BEP-20 Airdrop များ ရှာဖွေလိုလျင် ကော်မန့်တွင် လင့်များ ချထားပေးပါသည်။

Airdrop များရယူရန် အတွက် မိမိတွင် Telegram/ Tweeter/ Facebook/ Reddit/ Medium / Discord / YouTube စသည် အကောင့် များလိုအပ်ပါသည်။ အချို့ Airdrop ကတော့ YouTube အကောင့် မတောင်းပါ။ အချို့ ကတော့ အစုံအလင် တောင်းပါသည်။ Airdrop အားလုံးနီးပါက Telegram မှ စတင်ခြင်း ဖြစ်ပါသည်။ Airdrop link များအား ကော်မန့်ထဲတွင် ရယူနိုင်ပါသည်။ အဆင်ပြေလိမ့်မည်ဟု ယုံကြည်ပါသည်။

Henry Aung ( Kachin )

08/06/2021 - Tuesday - 13;12 Pm