Blockchain ခေတ်ဦးကာလ ( Henry Aung )

111.jpeg

မင်္ဂလာပါ။လွန်ခဲ့သော ရက်အနည်းငယ်က သူငယ်ချင်းတယောက်နှင့် အမှတ်မထင် ဖုန်းဖြင့် စကားပြောခွင့်ရခဲ့ပါသည်။ ထိုသူငယ်ချင်းမှာ အတော်အတန်ရင်းနှီးသည်ဟု မဆိုနိုင်သော်လည်း စင်္ကပူ၌ ကျွန်တော် ညကျောင်း တက်နေစဉ်ကာလတွင် ကျွန်တော်နှင့်အတူ တတန်းတည်း တက်ရောက်ခဲ့သူဖြစ်ပါသည်။

သာကြောင်းမာကြောင်း အလုပ်အကိုင် အကြောင်းများ ရောက်တက်ရာရာများ ပြောဆိုကြရင်း ကျွန်တော်က ယခုတလော ခေတ်စားလာသော blockchain နည်းပညာအား သိပါသလားဟု ရုတ်တရက် မေးလိုက်သောအခါ သူ့အဖြေမှာ " Bitcoin " ဆိုတဲ့ဟာမဟုတ်လားဟူ၍ ပြန်မေးပါသည်။ တဆက်တည်း ကျွန်တော့အားသတိပေးလိုက်သည်မှာ " နင်အဲဒီ Bitcoin ဆိုတဲ့ဟာတွေကစားနေတာလား နင်တော့ အလိမ်ခံရတော့မယ် " ဟူလို။

အမှန်တော့ ကျွန်တော့အနေဖြင့် Hive Platform အား မိတ်ဆက်ပေးလိုရင်း ဖြစ်ရကာ သူ့ပြန်ကြားချက်ကြောင့် တခါတည်း ပါးစပ်ပိတ်သွားရပါတော့သည်။

သူ့အား အပြစ်မဆိုသာပါ။ လက်ရှိ လူ ၁၀ ယောက်အား မေးလျင် ၈ ယောက်၏ အဖြေမှာ blockchain ဟူသည်မှာ bitcoin ဟု ပြန်ဖြေပါလိမ့်မည်။ ထို့အတူ Bitcoin ၏ သတင်းများကလည်း ကောင်းသတင်းထက် ဆိုးသတင်းပိုများသောကြောင့် ဤလောကအကြောင်းထဲထဲဝင်ဝင်လေ့လာသိရှိထားသူသာလျင် blockchain နှင့် cryptocurrency ကိုခွဲခြားသိနိုင်ပါလိမ့်မည်။

ဤ အကြောင်းအရာများအား ကျွန်တော့၏ ယခင်ဆောင်းပါးများတွင်လည်း ဖေါ်ပြပေးခဲ့ဘူးပြီ ဖြစ်ပါသည်။ ဤသို့ဆိုလျင် blockchain သည် Bitcoin မဟုတ်ပါသလော?။ အနီးစပ်ဆုံး ဥပမာပေးရလျင် " internet ဆိုတာ Wifi လား " ဟူသော အမေးနှင့် ဆင်တူမည်ဟု ထင်ပါသည်။ စာဖတ်သူသာ သင့်တော်သလို ဖြေကြည့်ကြပါကုန်။

ဤ ဆောင်းပါးမှာ blockchain နှင့် cryptocurrency တို့အား ခွဲခြမ်းစိတ်ဖြာရန် မဟုတ်သော်လည်း နည်းပညာ ပြောင်းလည်း လာမှုအပေါ် တရက်နှင့်တရက် တလနှင့်တလ အလွန်ကွာခြား လာနေသော အခြေအနေများအား ဖေါ်ပြပေးလိုရင်းဖြစ်ပါသည်။ အခြားသောအရာများအား မကြည့်ပါနှင့် ဤ Hive platform သည်ပင်လျင် လွန်ခဲ့သော ၂၀၁၆ ခုနှစ် ( Steemit ကာလ )အခြေအနေနှင့် ယခုအခြေအနေအတော်ခြားနားသွားပြီဖြစ်ပါသည်။

၂၀၁၇ ခုနှစ် Bitcoin ဘူဘောင်းပေါက်ပြီးနောက်ပိုင်းတွင် cryptocurrency များ ရင့်ကျက်သွားရန် အချိန်အတော်ယူခဲ့ကြရပါသည်။ ထို့နောက် ICO နေရာများတွင် IEO များနေရာယူလာကြခြင်းနှင့်အတူ အသစ်ထွက်ပေါ်လာကြသော cryptocurrency များက ဈေးကွက်နေရာရရန် ယခင်ကထက် ပိုမိုကြိုးစားလာကြပါသည်။

မိတ်ဆွေတို့သိပြီးဖြစ်သည့်အတိုင်း ဤ Hive Platform ပေါ်မှပင် မရေတွက်နိုင်သော coin များ token များ projects များ ထွက်လာနေကြဆဲဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ထို အရာအားလုံးအား ပါဝင်ပါတ်သက်ရန် မစွမ်းသာပါ။ ကောင်းနိုးရာရာ မိမိနှစ်သက်ရာ Project များတွင်သာ လိုက်ပါစွမ်းဆောင်နိုင်ကြပါလိမ့်မည်။

ဥပမာ အားကစားနှစ်သက်သူကအားကစား ၊ ဂိမ်း နှစ်သက်သူက ဂိမ်းကစား ၊ စာပေရေးသားရန် အားသန်သူက ဆောင်းပါးများရေးသား ၍ post တင်အစရှိသဖြင့် မိမိအားသန်းရာနေရာတွင် လိုက်ပါစီးမျှောနိုင်ပါလိမ့်မည်။ ဤ blockchain နည်းပညာအား အနီးစပ်ဆုံး ဥပမာ ပေးရလျင် internet ရေပန်းစားလာပုံနှင့် တူပါသည်။

Internet အစဦးကာလတွင် social activity ဆိုလျင် Yahoo! အား ပြေးမြင်ကြမည် ဖြစ်သော်လည်း ယနေ့ခေတ် Social media ဟုဆိုလိုက်လျင် အလွန်ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်ပါသည်။ internet ကြောင့် digital ခေတ်တခေတ် ပြောင်းလည် သွားသကဲ့သို့ပင် ယခု blockchain နည်းပညာကလည်း ကျွန်တော်တို့၏ လူနေမှုပုံစံ ခေတ်တခေတ်ကိုပြောင်းလည်းပေးပါလိမ့်မည်။ မည်သို့မည်ပုံပြောင်းလဲလာလိမ့်မည်ကတော့ အတပ်မပြောနိုင်သေးပါ။ သေချာသည်ကတော့ ကျွန်တော်တို့၏ ငွေကြေးဆိုင်ရာတန်ဖိုးနှင့် ပိုင်ဆိုင်မှု ပုံစံများ ပြောင်းလာပါလိမ့်မည်။

စာဖတ်သူအနေဖြင့် ကိုင်တွယ်၍ မရသော ငွေကြေးသည် တန်ဖိုးရှိနိုင်ပါမည်လော၊ အသုံးပြု၍ ရနိုင်ပါမည်လောဟု သံသယရှိလျင် ယနေ့ Bitcoin တခု၏ တန်ဖိုးကို မြန်မာငွေနှင့် တွက်ချက်ကြည့်လိုက်ပါ။ သို့မဟုတ် သင်သည် Hive Platformတွင်စာ ဆောင်းပါးများရေးသားနေသူ တယောက်ဖြစ်ပါက မိမိ၏ Hive wallet estimate တန်ဖိုးကိုကြည့်လိုက်ပါ။

ထိုအရာများသည် ထိတွေ့ကိုင်တွယ်၍ မရသော ငွေကြေးတို့၏ တန်ဖိုးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ လက်ရှိ ၂၀၂၁ ခုနှစ် ၅ နှစ်သာ ဖြတ်သန်းသွားခဲ့သောကာလသည် တကယ်တမ်း ပြန်တွေးကြည့်လျင် မျက်စိတမှိတ်အတွင်း ဖြတ်သန်းသွားသကဲ့သို့ လျင်မြန်လှပါသည်။ ထို့ အတူ နှောင် ၃ နှစ် ၅ နှစ်ဟူသောကာလများသည်လည်း တခဏအတွင်သာ ဖြတ်ကျော်သွားကြပါလိမ့်မည်။သို့သော် မိမိတို့ အတွက် တခဏမျှသာထင်ရသော ထိုကာလသည် နည်းပညာ အနေဖြင့် အများကြီး ပြောင်းလည်း သွားနိုင်ပါသည်။

ပညာရှင်များ၏ အဆိုအရ လက်မှု လုပ်ငန်း ( အလုပ်သမား အသုံးပြု ရသော လုပ်ငန်း ) မှ စက်မှု ခေတ်ပြောင်း ကာလသည်လည်း ရာစုနှစ် နီးပါး ကြာမြင့်ခဲ့ပါသည်။ သို့သော် Internet ပေါ်လာပြီးနောက် Information Technology ခေတ် ၊ digital ခေတ် ၊ smart phone နှင့် social media ခေတ် ပြောင်းလည်း မှုတို့မှာ ဆယ်စုနှစ် တခု ခန့်သာ ခြားနား လာကြပါတော့သည်။

ကျွန်တော် ၏ ယခင် ဆောင်းပါး များတွင်လည်း ဖေါ်ပြပေးဘူးပါသည်။ ယခု ယနေ့ မျက်မှောက်ခေတ် သည် currency revolution ငွေကြေး ခေတ်ပြောင်း ကာလ ဖြစ်သော်လည်း ဤ cryptocurrency ဟူသော ငွေကြေးမှာ သိမ်မွေ့လွန်း သဖြင့် လူအများ သတိမထား မိကြခြင်း ဖြစ်ပါသည်။

ထို့ အတူ ကျွန်တော်တို့သည် ရှုပ်ထွေးသော ငွေကြေးလည်ပါတ်ပုံ စနစ်တွင် အသားကျ နေသူများ ဖြစ်သည့် အပြင် ဤ cryptocurrency ဟူသော ငွေကြေးမှာ တိုးတက်ပြီး နိုင်ငံ လူတိုင်းနီးပါး computer internet အလွယ်တကူ အသုံး ပြုနိုင်ကြသူများ အဖို့ အခက်အခဲ မရှိနိုင်သော်လည်း မြန်မာ ပြည်ကဲ့သို့သော LDC နိုင်ငံများအဖို့ တော့ ဤ ခေတ်ပြောင်း တော်လှန်ရေး တွင် အခြား နိုင်ငံများနည်းတူ ပါဝင်စီးမျောရန် အိမ်မက်ပမာသာ ရှိပါသေးသည်။

ထို့ အပြင် လက်ရှိ ကျွန်တော်တို့ မြင်နေကြသည်မှာ blockchain ဟု ဆိုလိုက်သည်နှင့် cryptocurrency ကို တွဲလျက် မြင်နေကြပါသည်။ အမှန်မှာ Blockchain သည် နည်းပညာသာ ဖြစ်၍ cryptocurrency မှာ ထုတ်ကုန် တခုသာ ဖြစ်ပါသည်။ မှန်ပါသည် Blockchain မရှိလျင် Cryptocurrency ဟူ၍ ဖြစ်မလာပါ။

သို့ သော် Cryptocurrency မရှိလည်း Blockchain နည်းပညာ ရှိနေနိုင်ပါသည်။ ယနေ့ တိုးတက်ပြီး နိုင်ငံများတွင် ရုံးလုပ်ငန်းများအား လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် တီထွင်ထားကြသော SAP system မှာ blockchain နည်းပညာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အနေဖြင့် cryptocurrency အား လက်မခံ လိုသော်လည်း blockchain နည်းပညာကိုတော့ လက်ခံနေကြရပြီ ဖြစ်ပါသည်။

အချုပ် ဆိုရလျင် နည်းပညာ ခေတ် ပြောင်းလည်း မှု တခုဖြစ်တိုင်း ထို ပြောင်းလည်း လာသော နည်းပညာမှာ မြန်ဆန်မှု ၊ အသုံးပြုရလွယ်ကူမှု ၊ လုပ်အား ဝန်ကျဉ်း လာမှုတို့ အပေါ် ဦးတည်နေကြပါသည်။

ပညာရှင်များ၏ အဆိုအရ လက်မှုမှ စက်မှု ခေတ်သို့ ပြောင်းသောအခါ လူအတော်များများ အလုပ်လက်မဲ့ ဖြစ်သွားကြပါသည်။ လက်နှိပ်စက်ခေတ်မှ computer ခေတ် ပြောင်းသွားသော အခါ စာရေးစာချီ အတော်များ များ အလုပ်ပြုတ်သွားကြပါသည်။ စာရေး ၁၀ ယောက် လုပ်နိုင်အား အား computer တလုံ ရှိယုံ ဖြင့် လုပ်နိုင်သော ကြောင့် ဖြစ်ပါသည်။

ထို့ နောက် Digital ခေတ် မှ Smart Phone , Social Media ခေတ် သို့ ပြောင်းလည်း လာသော အခါ TV နှင့် Camera ခေတ်ကို ပြောင်းလည်း သွားစေ၍ ထိုအရာများနှင့် ပါတ်သက်သော အလုပ်များ နည်းပါး သွားကြပါသည်။ အောက်စက်ဟု ခေါ်သော ခွေ ၊ VCD ခွေ ထိုးကြည့် ရသည့် ခေတ်တခေတ် ကို လုံးဝ ကုန်ဆုံး သွားစေပါသည်။ ဆိုလိုသည်မှာ လက်ရှိ လူနေမှုစရိုက်တွင် TV သည် အသုံး မလိုအပ်တော့ပါ။

သတင်းကြည့် ရန် ဇာတ်ကား ကြည့် ရန် ၊ အခြားသော အရာများ ကြည့် ရှုရန် Social Media ပေါ်တွင် အားလုံး လုပ်ဆောင် နိုင်သောကြောင့် ဖြစ်ပါသည်။ TV တလုံး ရှိရန်ထက် Smart phone တလုံး ရှိရန်သာ လိုအပ်ပါသည်။ ဆိုခဲ့သည့် အတိုင်း နည်းပညာ အပြောင်း အလည်း သည် မသိမသာ ဖြင့် ညင်သာ စွာပြောင်းလည်း သွား၍ ကျွန်တော် တို့၏ အလုပ်အကိုင်များအား ခြိမ်းခြောက်လျက် ရှိပါသည်။

သိပ္ပံနှင့် AI ( Artificial Intelligences) ဟုခေါ်သော စက်ရုပ်များ အသုံးဝင်လာကြသောအခါ သာမန် လက်လုပ်လက်စားများအတွက် အလုပ်ရရန် ပိုမို ခက်ခဲလာနေကြပြီ ဖြစ်ပါသည်။

ထို့ ကြောင့် ကျွန်တော်တို့ အနေဖြင့် မိမိ တို့ ခေတ်တွင် အခြားသူငှာ များကဲ့သို့ နည်းပညာ ခေတ်ပြောင်း ကာလများတွင် အကျိုး အမြတ် ရယူ ရှာဖွေယူ တတ်စေရန် နည်းပညာ နှင့် ပါတ်သက်သော အသိပညာ အတတ်ပညာ ဗဟုသုတများ ရှိနေရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ပါသည်။

ပညာရှင်များ ပြောသကဲ့သို့ နောက်ထပ် မျိုးဆက် ၂ ဆက်လောက်တွင် ကျွန်တော်တို့ အနေဖြင့် စက်ရုပ်များ မလုပ်နိုင်သော အလုပ်များကို ရှာဖွေ လုပ်ကိုင်နေကြရပါလိမ့်မည်။ ကျွန်တော် စဉ်းစားကြည့်ပါသည် ။ စက်ရုပ်များ မလုပ်နိုင်သော အလုပ် ဟူ၍ အဘယ်အလုပ်ရှိပါသေးသနည်း။

Henry Aung ( Kachin )

23/11/2021 - Tuesday - 18;01 Pm

H2
H3
H4
3 columns
2 columns
1 column
25 Comments
Ecency