မင်္ဂလာပါ။ ယနေ့ကတော့ မိတ်ဆွေတို့ အတွက် Hive Engine မှ Airdrop တခုအကြောင်း ဖေါ်ပြပေးပါမည်။ ထိုAirdrop မှာ Writer token ခေါ် ( WIT ) ဖြစ်ပါသည်။ မည်ကဲ့သို့ Airdrop ရနိုင်မည့် အကြောင်း အသေးစိတ်ဖေါ်ပြပေးပါမည်။
ဤ WIT မှာ Hive Platform ပေါ်တွင် ကျွန်တော်တို့ ကဲ့သို့ Blogging လုပ် စာရေးသားရင်း ဝင်ငွေရှာဖွေနေသူများ အတွက် အဓိကထား ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ထုတ်လုပ်ထားသော token ပမာဏမှာ WIT ၁၀ သန်းသာ ရှိပါသေးသည်။
WIT airdrop ရနိုင်သည့် နည်းလမ်းမှာ Creative Coin ( CCC ) အား @cccf သို့ Delegate လုပ်ထားသူတိုင်း ၁:၁ WIT ရရှိနိုင်မည် ဖြစ်ပါသည်။ Creative Coin အား မိတ်ဆွေတို့ နှင့် အထူးမိတ်ဆက်ပေးစရာ လိုမည်တော့ မထင်ပါ။ ကျွန်တော်တို့ နေ့စဉ် Post များတွင် Tag တွဲ နေကျဖြစ်ပါသည်။
Creative Coin ၏ အသုံးဝင်ပုံအား ကျွန်တော်၏ ယခင် post များတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ CCC stacking လုပ်ထားခြင်း နှင့် Delegate လုပ်ထားခြင်း တို့ အတွင် အပတ်စဉ် Reward များ ပြန်လည်ရရှိပါသည်။
အကယ်၍ မိတ်ဆွေအနေဖြင့် 10000 CCC အား @cccf သို့ delegate လုပ်ထားလျင် အပတ်စဉ် 55.770 CCC ရရှိနိုင်မည် ဖြစ်ပါသည်။ ယခု အသစ် ထွက်လာမည် ဖြစ်သော WIT airdrop ပြီးသွားလျင် မိတ်ဆွေအနေဖြင့် 10000 CCC delegate လုပ်ထားရုံမျှဖြင့် token သုံးမျိုးရနိုင်မည် ဖြစ်ပါသည်။ ဥပမာပြပါမည်။
မိတ်ဆွေ အနေဖြင့် 10000 CCC အား @cccf သို့ delegate လုပ်ထားသည်ဆိုပါစို့။ မိတ်ဆွေအနေဖြင့် အပတ်စဉ် 55.770 CCC နှင့် 55.770 WIT ရရှိ နိုင်မည် ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေ ၁:၁ Airdrop ကြောင့် ရရှိထားသော 10000 WIT အား ရောင်းမပြစ်ပဲ Stacking လုပ်ထားမည် ဆိုပါက stacking reward အဖြစ် တပတ်လျင် 55.770 CCC ထပ်မံရရှိမည် ဖြစ်ပါသည်။ ဤသို့ ဆိုလျင်ဖြင့် မည်မျှ ကောင်းသော Airdrop ဖြစ်ပါသနည်း။
ဤ Airdrop တွင်တခုသတိထားရမည်မှာ CCC အား Stacking လုပ်ထားရုံဖြင့် Airdrop မရနိုင်ပါ။ Stacking လုပ်ထားသော CCC များအား @cccf သို့ Delegate လုပ်ထားမှသာလျင် Airdrop ရနိုင်မည် ဖြစ်ပါသည်။ December 31 ရက်နေ့ည တွင် မိမိတို့ Hive Engine account အား Snapshot ရယူ ကာ ၂၄ နာရီအတွင်း WIT 1:1 airdrop ချပေးမည် ဖြစ်ကါသည်။
ဆိုတော့ မိတ်တွေတို့ အနေဖြင့် CCC အား Hive Engine တွင် ဝယ်ယူနိုင်ပါသည်။ လွန်ခဲ့သော ၄ နာရီခန့်က CCC team မှ တင်လိုက်သော ဤ Airdrop post ကြောင့် CCC များ ဈေးတက်စပြုနေပြီ ဖြစ်ပါသည်။ ယနေ့ Hive ပေါက်ဈေး ၃၁၀၀ ကျပ်ဖြင့် တွက်လျင်ပင် 1CCC အား ၁၀ ကျပ်ကျော် ဈေးပေါက်နေပြီ ဖြစ်ပါသည်။ အသေးစိတ်အား ဤ နေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
@cccf/creative-coin-fund-investor-report-token-airdrop-to-delegators
Henry Aung ( Kachin )
28/12/2021 - Tuesday - 18;30 Pm