Airdrop ခေါ် လေပြုတ်ကျ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ မနေ့က METAMASK အကြောင်း ရေးရာတွင် Airdrop ယူရာ၌ Gas fee လိုအပ်ကြောင်း မှားယွင်းရေးသားမိပါသည်။ အမှန်တော့ Airdrop ယူရာတွင် Gas fee မလိုပါ။ ရရှိလာသော token များအား Swap လုပ်ရာတွင် ဖြစ်စေ အခြားသော Exchange site များသို့ ပို့ရာတွင် ဖြစ်စေ gas fee လိုအပ်ပါသည်။

ဟုတ်ကဲ့ Airdrop အကြောင်း ဆက်ကြပါအုံးစို့။ Airdrop ဟူသည် မှာ Cryptocurrency ထုတ်ကြသူများက မိမိတို့ Project များအား လူအများ ပိုမို သိစေရန် တနည်းအား ဖြင့် မိမိတို့အား Token အချို့ အလကားပေးကာ ကြေညာစေခြင်း ဖြစ်ပါသည်။

Telegram/ Facebook/ Tweeter/ အစရှိသော social media များမှာ ကြေညာရန် အလွန်ကောင်း သောနေရာများ ဖြစ်သည့် အပြင် တယောက် တဆင့် လက်ဆင့်ကမ်းရန် အလွန်သင့်လျော်သော နေရာများ ဖြစ်ပါသည်။

အချို့ Airdrop များက Medium / Reddit/ YouTube အစရှိသော Website များတွင် မိမိတို့အား Follow လုပ်စေခြင်းမှာ မိမိတို့ Project မည်သို့ ကောင်းမွန်းကြောင်းသိစေရန် အတွက် မိမိတို့အားဖတ်ကြည့် ဖွင့်ကြည့်စေချင်သော ကြောင့်ဖြစ်ပါသည်။

ယခင်က Airdrop များရယူရာတွင် မိမိ wallet အား ပေးစရာမလိုပါ။ ယခုနောက်ပိုင်းတွင်တော့ မိမိတို့ Ether Wallet / BSC wallet များတောင်းလာသည်ကို တွေ့ရပါသည်။ အချို့ Airdrop များမှာ မိမိတို့ ကိုယ်တိုင် Claim လုပ်စရာမလိုပါ။ မိမိ၏ Wallet သို့ တခါတည်း ပေးပို့ကြပါသည်။

အချို့ကတော့ Airdrop အား ထုတ်ယူရမည့် Contract Address အား မိမိ တို့၏ Email လိပ်စာအတွင်း သို့ တိုက်ရိုက်ပေးပို့ကြပါသည်။ အများအားဖြင့်တော့ telegram အတွင်းရှိ သက်ဆိုင်ရာ Airdrop group များတွင် အသိပေးကြပါသည်။

ထို့ကြောင့် မိမိ Airdrop ရယူထားလျင် ထို token သည် မည်သည့်နေ့တွင် Airdrop ရက်ကုန်ဆုံးမည် မည်သည့် ရက်တွင် စတင် ထုတ်ယူနိုင်သည်ကို အသိအကျ မှတ်ထားရန်လိုပါသည်။ ဤကဲ့သို့ ရက်မသတ်မှတ်ထားသော Token များကိုတော့ Telegram တွင်စောင့်ကြည့်နေရုံသာ ရှိပါတော့သည်။

ဆိုခဲ့သည့် အတိုင်း Airdrop project များ များလွန်သည်ဖြစ်ရာ Airdrop တိုင်း မိမိ ရရှိနိုင်သည်တော့ မဟုတ်ပါ။ အချို့ Project များက Airdrop ကာလ မကုန်ဆုံးမှီမှာပင် ရပ်တန့်သွားကြသည်လည်း ရှိပါသည်။ Airdrop လိုက်ကောက်ရာတွင် အချိန်ပေးရမည် ဖြစ်သလို စိတ်ရှည်ရန်လည်း လိုပါသည်။

ထို့အပြင် သေချာပေါက် ရရမည်ဟု ပုံသေ တွက်ထား၍ မရပါ။ မိမိက Free cryptocurrency လိုချင်၍ Airdrop ရယူသလို Project များကလည်း သူတို့ Project အား ကြေညာလိုသောကြောင့် Airdrop free ချပေးကြခြင်းသာ ဖြစ်ပါသည်။

အခြာသူများ Airdrop ရလာလျင် ဈေးကွက်ပေါက်လာသည်နှင့် ရောင်းချကာ ပိုက်ဆံထုတ်ယူကြပါသည်။ အချို့လူများကတော့ မိမိတို့ရထားသော Coin / token များအား စုထားကာ ထို token တို့ ဈေးတက်လာသည့် အချိန်ကြမှ ရောင်းစားကြသည်လည် ရှိပါသည်။

မည်သို့ပင်ဆိုစေ Cryptocurrency တို့ရှိနေသေးသ၍ Airdrop များရှိနေအုံးမည်သာ ဖြစ်ပါသည်။ မိတ်ဆွေတို့ စိတ်ဝင်စားလျင် ကော်မန့် ဘောက်ထဲတွင် Airdrop link များ ချထားပေးပါသည်။

Henry Aung ( Kachin )

11/06/2021- Friday - 13;21 Pm

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency