တစ်ချိန်က သူငယ်ချင်းများ

img_0.8392673976598561.jpg
Photo Source

တစ်ချိန်က သူငယ်ချင်းများ ဆိုတော့ ခုချိန်မှာ သူငယ်ချင်း မဟုတ်တော့ဘူးလို့ ထင်စရာ ရှိပါတယ်။ မဟုတ်ပါဘူး တစ်ချိန်က သူငယ်ချင်း ဆိုသည်မှာ ခုချိန်ထိ သူငယ်ချင်း ဖြစ်နေဆဲပါ။

ဒါပင်မဲ့ အကြောင်း အမျိုးမျိုး တွေကြောင့် တစ်ဦးနှင့် တစ်ဦး အဆက်အသွယ် ပျက်နေကြသည် သို့မဟုတ် မဆက်သွယ် ဖြစ်ကြပါဘူး။ တစ်ချို့ကလည်း ဝန်ထမ်းတွေ လုပ်နေကြသလို တစ်ချို့ကလည်း ဝန်ထမ်းအလုပ်များမှ ထွက်ကြပါတယ်။

ဒီထဲက တစ်ချို့ကတော့ နိုင်ငံခြား ထွက်ကုန်ကြပြီး တစ်ချို့ကတော့ ပြည်တွင်းမှာ ရရာအလုပ်တွေ လုပ်နေကြပါတယ်။ တစ်ချို့ကတော့ နိုင်ငံခြား ထွက်ဖို့သာ ပြင်ဆင်ကြပါတယ်။

လုပ်သက်ရှိသည် Engineer များအတွက် ရရှိသည့် လစာမှာ မပြောပသောကြောင့် ကိုယ်ပိုင် စီးပွားရေးများ လုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့တွေ ခံယူချက်တွေကတော့ မတူကြပင်မဲ့ သူငယ်ချင်းတွေတော့ ဖြစ်နေကြဆဲပါ။

ကျောင်းနေဖက် သူငယ်ချင်းများစွာ ရှိသည့် အထဲမှာမှ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းများလည်း ရှိတာပေါ့။ ကျွန်တော် နေမကောင်း ဖြစ်လျှင် လာရောက် ကူညီပေးသည့် သူငယ်ချင်းတွေလည်း ရှိနေဆဲပါ။ ကျွန်တော်သည် လက်ရှိအချိန်ထိ မိသားစုနှင့် များစွာ မနေရပါဘူး။ ဒါကြောင့် သူငယ်ချင်းများသည် ကျွန်တော်၏ မိသားစုများ ဖြစ်ကြပါတယ်။

သူအခက်အခဲ ကိုယ့်အခက်အခဲတွေ ကူညီဖြေးရှင်း ပေးရင်း ကျွန်တော်တို့ အသက်တွေလည်း သုံးဆယ်နား ကပ်လာခဲ့ပါပြီ။ ဘယ်အချိန်မှာ ဘယ်လိုတွေ ဖြစ်လာမည် မသိပင်မဲ့ သူငယ်ချင်းများသည် ကျွန်တော်၏ သူငယ်ချင်းများသာ ဖြစ်ကြပါတယ်။

@johndieo
30.5.2022

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency