သံတိုင်နောက်မှ သူ့ဖြစ်အင်

man_g29315ac75_1920.jpg
Photo Source Via Pixbay
This Photo is owned by tama66

၂၀၁၆ ခုနှစ်
“ ကျွီး................အုန်းးးးးးးး “

“အမလေး................ လူတစ်ယောက် ကားတိုက်ခံလိုက်ရပြီ”

“ဟယ်...........အဲဒါကောင်မလေးတစ်ယောက်မလား…..”

“အဲ့ကောင်မလေးက လမ်းကိုမကြည့်ဘဲ အတင်းဖြတ်ကူးတာ” လမ်းမထက်မှ အသံများဆူညံစွာ ထွက်ပေါ်လာခဲ့ပါသည်။

ကိုတင်မောင်သန်းသည် Taxi ကားမောင်း သမားတစ်ယောက်ဖြစ်ပါ။ တစ်နေ့မှာ တင်မောင်သန်း ကံမကောင်း၍ အင်းစိန်အကျဥ်းထောင်အတွင်းသို့ ရောက်ရှိလာခဲ့ပါတယ်။ တင်မောင်သန်းသည် Taxi အား Owner ကြေးပေး၍ကားမောင်သူ တစ်ယောက်ဖြစ်ပြီး ကလေး (၄)ယောက်၏ ဖခင်တစ်ယောက်။ မိသားစုဝင်‌ငွေသည် တင်မောင်သန်းပေါ်၌ မှီခို‌နေပါတယ်။

ထောင်တွင်းရောက် ရောက်ခြင်း ထောင်ဘူးဝမှ ခေါင်းငုံပြီးဝင်ကြရပါတယ်။ အတွင်းဘက် လူစစ်သည့်နေရာတွင် အချုပ်ဘုတ်မှ အကျတစ်ဦးသည် အချုပ်သစ်ပါလား၊ စခန်းအိပ် စခန်းပြန်ပါလား၊ အကျသစ်ပါလားဟု အော်မေးနေသည့်အသံကို တင်မောင်သန်းတစ်ယောက်ကြားနေရပါတယ်။ အသံသာကြားရပင်မဲ့ သူဘာကို ဆိုလိုတယ်ဆိုတာ တင်မောင်သန်းတစ်ယောက် မသိချေ။

ထို့နောက် တင်မောင်သန်းတို့ အုပ်စုသည် အချုပ်ရုံးနှင့် လွတ်လူခန်းမ ကြားရှိနေရာလွတ်တွင် ပုံစံထိုင်၍ နေရပေသည်။ ( အချုပ်ရုံးဆိုသည်မှာ တရားရုံးအသီးသီးမှ အချုပ်ထောင်/အကျဥ်းထောင်သို့ ထိန်းသိမ်းထားရမည့် သူများအား စစ်ဆေးအတည်ပြုလက်ခံပေးပြီး ဝရမ်းများကို ထိန်းသိမ်းထားသည့်နေရာဖြစ်ပါသည်)။

ထိုနေရာမှ အတည်ပြုပြီးတော့ တင်မောင်သန်းတို့ အုပ်စုသည် ဦးစီးရှိသည့် အဝိုင်းဘေးတွင် ထိုင်ကြ ရပြန်သည်။ ထိုနေရာတွင်လည်း အမှုတွဲပါလား၊ အချုပ်သစ်ပါလားဟု အပြာရောင်ဝတ် အကျများမှ ‌မေးမြန်းခြင်းကိုခံကြရပေသည်။

ထိုအချိန်တွင် တင်မောင်သန်းဘေးမှ အချုပ်သားတစ်ယောက်အား အပြာရောင်ဝတ် အကျတစ်ဦးမှ ဝါယာကြိုးများကို ကျစ်ထားသော ကြိုးဖြင့်ရိုက်နှက်လေသည်။ အကြောင်းမှာ ပုံစံထိုင်ခိုင်းချိန်တွင် သူအားမိုက်ကြည့် ကြည့်သောကြောင့်ဖြစ်သည်ဟုဆိုပါတယ် (ထောင်တွင်း စတင်ဝင်ရောက်လာသူများကို ဦးချိုးထားခြင်း ပင်ဖြစ်ပေးသည်)။

တင်မောင်သန်းတစ်ယောက် အကျဥ်းထောင်ဆိုသည်ကိုဝေးစွ ရဲစခန်းကိုပင်ရောက်ဖူးသူမဟုတ်၍ အကြောက်ကြီး ကြောက်နေရှာတော့သည်။ မနက် ရုံးတင်ကတည်းက မိသားစုမှ မလာသဖြင့် ဘာမှ မစားရသေးပေ။

ထို့ကြောင့် တင်မောင်သန်းသည် ကြောက်ရွှံ့ ခြင်း၊ စိတ်ပျက်ခြင်း၊ အလိုမကျခြင်း နှင့် အတူ သပြေဆောင် ( အင်းစိန်အကျဥ်းထောင်အတွင်း အချုပ်သစ်များ လက်ခံသည့် (၂)ဆောင်၊(၃)ဆောင်၊(၅)ဆောင် နှင့် သပြေဆောင်ဟူ၍ရှိပါသည်။ အကျများသည် (၁)ဆောင် နှင့် (၅)ဆောင်တို့၌ နေကြရပါတယ်။ လက်ရှိအချိန်တွင် နိုင်ငံရေးအချုပ်သားများအား တရားစခန်း နှင့် သီးသန့်ဆောင် တို့တွင် နေထိုင်ကြရပါတယ်) သို့ လူတန်းကြီးနှင့် အတူ လိုက်ပါသွားလေတော့သည်။

သပြေဆောင် မရောက်ခင် တံခါးတစ်ခုဖြတ်ပြီး (မြစ်ငယ်) သို့ အရောက်တွင် ......

“ခေါင်းတွေ ငုံ့ထား”

“ဖိနပ်တွေ ကို ပုံး ထဲထည့်”

“၂ယောက်တွဲ စီထား”

“ငါမေးတာကိုဖြေ”

“မင်းတို့ထဲမှာ ရဲရိုက်ထားတဲ့ဒဏ်ရာကြီးကြီးမားမားပါလား”၊ “HIV/ TB / အနာကြီးရောဂါ / နာတာရှည်ဆေးသောက်နေရတဲ့ လူတွေပါလား” ဟု တစ်ယောက်ယောက်မှ အော်ဟစ်မေးမြန်းနေသည်ကို တင်မောင်သန်း တစ်ယောက် အတိုင်းသားကြားနေရပါတယ်။ ထိုသို့အော်ဟစ် မေးမြန်းနေသည့် သူ၏ မျက်နှာထားမှာ လိုအပ်သည်ထက် ပိုမိုမာကြော၍ နေပါတော့သည်

ဆက်ရန် ရှိပါသည်............

အသိပေးချက်- ယခု Post သည်ဖြစ်ရပ်မှန်ပေါ်အခြေခံ၍ ရေးသားထားပါသည်။ အချိန် နှင့် နာမည်များအား ပြောင်းလဲထားပါသည်။

@johndieo
9.1.2021

#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain #creativecoin #creativewriting #neoxian #archon #hive #asianhivecommunity #hive-engine #proofofbrain #creativecoin #leofinance #cent #neoxian #trafficinsider #vibes #hivelist

img_0.2766733809050379.jpg

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency