ဆိုင်တွေ အမြတ်ဘယ်လောက် တင်ရောင်းကြသလဲ ?

img_0.1434558626900489.jpg
Photo Source

ဆိုင်တွေ အမြတ်ဘယ်လောက် တင်ရောင်းကြသလဲ ?

ဒီမေးခွန်းက ဖြေရအတော်လေး ခက်သည့် မေးခွန်းပါ။ အကြောင်းမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းများ မတူနိုင်သောကြောင့် ဖြစ်ပါတယ်။ တစ်ချို့ဆိုင်တွေကတော့ ၎င်းတို့ ဆိုင်၏ အမြတ်ယူသော ဈေးနှုန်းများကို မပြောချင်ကြပါဘူး။ တစ်ချို့ဆိုင်တွေကတော့ ပုံမှန် အမြတ်ယူသည့် ဈေးထက် နှစ်ဆ တင်တက်ကြပြီး ဈေးဝယ်သူအား လျော့ဈေး ပေးသည့် ပုံစံဖြင့် ရောင်းတက်ကြပါတယ်။ ( Buy One Get One ပုံစံမျိုးနှင့် တစ်ခြား ဈေးရောင်းနည်း နည်းဗျူဟာများစွာ ထဲက တစ်ခု ဖြစ်သည် )

ဒီနေ့မှာတော့ ဆိုင်တွေက အမြတ်ဘယ်လောက်ယူလျှင် သူတို့ အတွက် ဘယ်လောက် ကျန်ရှိမည် ဆိုတာကို မျှဝေပေးချင်တာပါ။ ( ခေတ်ကာလ အခြေအနေအရ ဈေးရောင်းသူနှင့် ဈေးဝယ်သူဆိုလျှင် ဈေးရောင်းချသည့် ဦးရေသည် များပြားလာသောကြောင့် ဖြစ်ပါတယ် )

ကျွန်တော်တို့ ဆိုင်သည် ကုန်ပစ္စည်းတစ်ခုလျှင် အမြတ် ၃% မှ ၁၀% နှုန်းထိယူပါတယ်။ Avg တွက်လျှင် 7% ရာခိုင်နှုန်း ဟု မှတ်ယူနိုင်ပါတယ်။ ဆိုင်၏ ရောင်းအားသည် လစဥ် Avg 240 သိန်း ခန့် ရှိပါတယ်။ ( တစ်ရက် ရောင်းအား ရှစ်သိန်းခန့်ဖြင့် တွက်ချက်ထားပါတယ် )

ဒါကြောင့် လစဥ်ရောင်းရငွေ၏ အမြတ်သည် 16.8 သိန်း ခန့် ရှိပါတယ်။ ( ၎င်းသည် တစ်လအတွင်း ရရှိသည့် အသားတင် အမြတ်မဟုတ်ပါ။ တစ်လအတွင်း ကုန်ကျငွေများကို ထပ်မံ တွက်ချက်ရပါအုံးမယ် )

ဆိုင်မှာ ဝန်ထမ်း သုံးယောက် ရှိပါတယ်။ ၎င်းတို့၏ လစာမှ ၂၄၀၀၀၀ ကျပ် ရှိပါတယ်။ ၎င်းတို့၏ နေစရိတ်မှာ တစ်သိန်းကျပ် ရှိပါတယ် ( ကျွန်တော်၏ အဆောင်တွင်သာ ထားပင်မဲ့ Accounting သဘောတရားအရ ထည့်သွင်း တွက်ချက်ရပါမည် )။ ၎င်းတို့အား နေ့စဥ် ထမင်းသုံးနပ်ကျွေးရသည့် အတွက် ကုန်ကျငွေ တစ်သိန်း ရှစ်သောင်းခန့် ရှိပါတယ်။ ဒါကြောင့် ဆိုင်ရှိ အလုပ်သမားများအတွက် ကုန်ကျငွေ 5.2 သိန်းခန့် ရှိပါတယ်။

ဆိုင်ခန်းငှားရမ်းခသည် တစ်လကို လေးသိန်းရှိပါတယ် ( ကိုယ်အိမ်ဆိုပင်မဲ့ ကျွန်တော်သည် ၎င်းနေရာကို ငှားရမ်းပါက ထိုဈေးပေါက်ပါတယ် )။ ဆိုင်၏ မိတာခမှာ လေးသောင်းကျပ် ခန့် ရှိပါတယ်။ ဆိုင်၏ ခိုးယူခံရမှုနှင့် ပျက်စီးဆုံးရှံးခံရမှုအတွက် တစ်သိန်းကျပ် ( ကျွန်တော်တို့ဆိုင်သည် Stock များကို အပတ်စဥ် / လစဥ် စစ်ပင်မဲ့ အလဲမရသော ပစ္စည်းများ နှင့် မတော်တဆ ပျက်စီးမှုများ ရှိနိုင်ပါတယ်။ ထို့အခါ ဆိုင်တွင်းမှ ခိုးယူခြင်းအတွက် ဆုံးရှံးမှုကိုပါ ထည့်သွင်း တွက်ချက်ရပါတယ် ) ခန့် ရှိနိုင်ပါတယ်။

ဒါဆိုလျှင် ကျွန်တော်တို့ ဆိုင်၏ အမြတ်ငွေမှာ ( 16.8 - (5.2+4+0.4+1) ) ကျပ်ခန့် ရှိပါတယ်။ 6.2 သိန်း မြတ်သည်ဟု ထင်စရာ ရှိပါတယ်။ မထင်ပါနဲ့အုံးဗျာ မှားပါအုံးမယ်။ ကျွန်တော်၏ လုပ်အားခနှင့် စားစရိတ်ကို ထည့်သွင်း တွက်ချက်မယ် ဆိုလျှင် ဆိုင်က အနှုတ်တောင် ထွက်နေနိုင်ပါတယ်။

ဒါဆိုဘာကြောင့် ကျွန်တော်တို့ ဆိုင်ဖွင့် နေသေးလဲဟု မေးစရာ ရှိပါတယ်။ ကျွန်တော်မှာတော့ အကြောင်းပြချက် များစွာရှိနေပါတယ်။ ပထမ အချက်ကတော့ ငွေကြေးတန်ဖိုး ကျဆင်းလာသည်ကို ကွာကွယ်ဖို့ပါ။ ဟုတ်ပါတယ် အားလုံးသိသည့်အတိုင်း ငွေကြေးတန်ဖိုးများသည် အလွန်ကို တန်ဖိုးကျဆင်းနေပါတယ်။ ငွေသားများကို လက်ဝယ်ကိုင်ဆောင်ထားခြင်းသည် ကျွန်တော်တို့အတွက် အရှံးတွေကိုသာ ဆက်တိုက် ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းဝယ်လှောင်ခြင်းနှင့် ငွေကြေး အမြဲလည်ပတ်စေရန် ဒီဆိုင်ကို ဖွင့်ထားရခြင်း ဖြစ်ပါတယ်။

ဒါအပြင် ဝန်းထမ်းသုံးဦးအား ကျွန်တော်၏ အဆောင် နှစ်ခုမှ အလှည့်ကျ လိုအပ်သည့် တာဝန်များ ပေးထားပါတယ် ( ရေတင် ခြင်း / သန့်ရှင်းရေး နှင့် လုံခြုံရေး )။ ဒီလိုဆိုလျှင် ဆိုင်သည် အမြတ်မရသည့်တိုင်အောင် ကျွန်တော်၏ အဆောင်များနှင့် လုံးခြင်း အိမ်တို့မှ ရရှိမည့် ငွေများသည် အသားတင် အမြတ်ငွေများ ဖြစ်ပါတယ် ( အဆောင်၏ မိတာခွန်များ နှုတ်ရန် လိုပါသေးသည် )။ ကျွန်တော် ပြောခဲ့သလို ဂယ်ပေါက်များပေါ့နော်။

အနှစ်ချုပ်ရလျှင် ဆိုင်တစ်ဆိုင်သည် အမြတ်ငွေ ခုနှစ်ရာခိုင်နှုန်းအောက် ဖြင့် ရောင်းချလျှင် အမြတ်ကျန်မည်မဟုတ်ပါဘူးဆိုတာကိုပါ။

ဒီတော့ ဆိုင်တစ်ဆိုင်တွင် ပစ္စည်းတစ်ခု ဝယ်ယူလိုက်ပါက မူရင်းဈေး ( Company ချဈေး) ထက် ခုနှစ်ရာခိုင်နှုန်းခန့် ပေးနေရတယ် ဆိုတာ သဘောပေါက်စေချင်လို့ပါ။

နောက်ရက်တွေမှာ ထပ်ပြီး မျှဝေပေးချင်ပါသေးတယ်

@johndieo
11.5.2022

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency