ပြန်လည် ဖောက်သည်ချခြင်း

အဆောင်တိုင်းတွင် မတူညီသည့် စည်းကမ်းချက်များ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ အဆောင်မှာလည်း စည်းကမ်းချက် တစ်ချို့ ရှိပါတယ်။ ဒီ စည်းကမ်းချက်များကို HIVE Myanmar Community မှ သူငယ်ချင်းများ သိရှိစေရန် ဖောက်သည်ချပေးပါရစေ။

Photo Source

( . . . ) အဆောင်တွင် ငှားရမ်းနေထိုင်သူများသည် အောက်ပါ စည်းကမ်းချက်များကို သိရှိလိုက်နာရန် သဘောတူပြီး ဖြစ်ပါသည်။

( ၁ ) အဆောင်ဌားရမ်း နေထိုင်သူများသည် သက်ဆိုင်ရာ ရပ်ကွတ် အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်း တိုင်ကြားရမည်ကို သိရှိပြီး မဖြစ်မနေ ဧည့်စာရင်း တိုင်ကြားရပါမည်။

( ၂ ) အဆောင် အခန်းအတွင်းရှိ အများဆုံး ထားရှိသည့် ကန့်သတ် လူဦးရေ အတိုင်းသာ နေထိုင်ကြရမည် ဖြစ်ပြီး လူပိုနေထိုင်ခြင်း နှင့် ဧည့်သည် လက်ခံထားရှိ စကားပြောဆိုခြင်း၊ ညအိပ်ညနေ လက်ခံတွေ့ဆုံခြင်းများ မပြုလုပ်ရသည်ကို သဘောတူ သိရှိပြီး ဖြစ်ပါသည်။

( ၃ ) အဆောင်တွင်း နေထိုင်သူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝ (လုံးဝ) မဖြစ်ပွားရသည်ကို သိရှိ သဘောတူပြီး ဖြစ်ပါသည်။

( ၄ ) အဆောင်၏ သန့်ရှင်း သာယာခြင်းကို တန်ဖိုးထားရှိရမည် ဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း နှင့် ထမင်းကျန် ဟင်းကျန်များစွန့်ပစ်ခြင်းကို မပြုလုပ်ရန် တားမြစ်ထားသည်ကို သိရှိထားပြီး လိုက်နာနေထိုင်ရန် သဘောတူ ထားရှိပြီး ဖြစ်ပါသည်။

( ၅ ) အဆောင်မှ မနေလို၍ ပြောင်းရွှေ့လိုပါလျှင် အနည်းဆုံး (၁၅) ရက်ထက် နောက်မကျစေဘဲ အဆောင်မှူး (သို့မဟုတ်) အဆောင်ပိုင်ရှင် ( သို့မဟုတ် ) Help Line - 09752369697 သို့ ကြိုတင် ဆက်သွယ် အကြောင်းကြားပေးရန် လိုအပ်ပါသည်။

( ၆ ) မိမိနေထိုင်ရာ အခန်းအတွင်းရှိ တပ်ဆင်ထားသော ပစ္စည်းများ တစ်စုံတစ်ရာ ပျက်စီးခဲ့ပါလျှင် အစားထိုး ပစ္စည်း ( သို့မဟုတ် ) ကျသင့်ငွေကို ပေးဆောင်ရမည် ဖြစ်ပါတယ်။

( ၇ ) ည (၁၀ : ၀၀) နာရီ ကျော်လျှင် ဆူညံစွာ စကားပြောဆိုခြင်း၊ ဝိုင်းဖွဲ့ စကားပြောဆိုခြင်း၊ ဖုန်းပြောဆိုခြင်း နှင့် သီချင်းများ ဖွင့်ခြင်းတို့အား မပြုလုပ်ရသည်ကို သိရှိသဘောတူပြီး ဖြစ်ပါတယ်။

( ၈ ) ည ( ၁၁ : ၀၀ ) နောက်ပိုင်းတွင် ရေချိုးခြင်း နှင့် ညှော်နံ့ထွက်စေသော အစားအသောက်များ ချက်ပြုတ်ခြင်း မပြုရသည့် စည်းကမ်းချက်များကို နားလည်သဘောပေါက်ပြီး ဖြစ်ပါတယ်။

( ၉ ) အဆောင်အတွင်း ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်းနှင့် အရက်သေစာ ဝိုင်းဖွဲ့ သောက်စားခြင်းကို အထူးတားမြစ်ထားသည်ကို သိရှိထားပြီး ဖြစ်ပါသည်။

စည်းမျဉ်း နံပတ် ( ၂ ၊ ၃ ၊ ၉ ) များကို ချိုးဖောက်ခဲ့လျှင် အဆောင်မှ ချက်ချင်းထုတ်ပယ် ခံရမည် ဖြစ်ပြီး အဆောင်စတင် ဌားရမ်းစဥ်က ပေးချေထားသော စပေါ်ငွေ ( ယုံကြည်စေရန် ထားရှိငွေ ) ပြန်လည် ရရှိမည် မဟုတ်ပါ။

စည်းမျဉ်း နံပတ် ( ၅ ) အား မသိရှိ၍ဖြစ်စေ၊ ရည်ရွယ်ချက် ရှိရှိဖြင့် ဖြစ်စေ မေ့လျော့ ပျက်ကွတ်ပါက အဆောင်စတင် ဌားရမ်းစဥ်က ပေးချေထားသော စပေါ်ငွေ ( ယုံကြည်စေရန် ထားရှိငွေ ) ပြန်လည် ရရှိမည် မဟုတ်ပါ။

စည်းမျဉ်း နံပတ် ( ၄ ) အား ဖောက်ဖျက်မိပါက အဆောင်းမှူး၏ ပြင်းထန်စွာ သတိပေးခြင်းကို ခံရမည် ဖြစ်ပြီး၊ ဒုတိယအကြိမ် ဖောက်ဖျက်မိပါက ဒဏ်ငွေ ကျပ် (၃၀၀၀)နှင့် မပိုသော ငွေကြေးကို ပေးဆောင်ရမည် ဖြစ်ပါသည်။

စည်းမျဉ်း နံပတ် ( ၄ ) အရ ရရှိခဲ့သော ဒဏ်ငွေကို အဆောင်ရှိ ကျန်အခန်းများအား မဲဖောက်ပြီး ပေးဆောင်သွားမည် ဖြစ်ပါသည်။

အထက်တွင် ဖော်ပြထားသည့် စည်းကမ်းချက် နှင့် တားမြစ်ချက်များကို အဆောင်နေထိုင်သူများ ဘက်မှ သိရှိပြီး သဘောတူ လက်ခံပါသည်ဟု ( . )အဆောင်မှ မှတ်ယူပြီး အဆောင်အား ဌားရမ်းနေထိုင်ခွင့် ပြုထားပါသည်။

@johndieo
30.7.2022

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency