ပျော်ရွှင်နိုင်မည် ဖြစ်နေသော်လည်း

img_0.8951974383201359
Photo Source

မူးယစ်ဆေးဝါး ဆို၍ မူးယစ်ဆေးဝါး အကြောင်းကို ပြောရပါအုံးမယ်။ အကြောင်းကတော့ မူးယစ်ဆေးဝါး အသစ် တစ်မျိုးပါ။ နာမည်ကတော့ Happy Water လို့ ခေါ်ပါတယ်။ Happy Water များကို Bar နှင့် Club များတွင် အဓိက ရတယ်လို့ သိရပါတယ်။

Happy Water ဆိုသည်ကတော့ မူးယစ်ဆေးဝါး အသစ် ဆိုပင်မဲ့ အသစ်ကြီးတော့ မဟုတ်ပါဘူး။ ဆိုလိုသည်က အရောအနှော မူးယစ်ဆေးပါ။ Happy Water ထဲတွင် caffeine, diazepam, ketamine, Ecstasy, methamphetamine and tramadol တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီ Happy Water သည် မူးယစ်ဆေးဝါး အရောအနှော ဖြစ်၍ မည်သည့် မူးယစ်ဆေးဝါ ပမာဏသည် ဘယ်လောက် ပါဝင်သလဲ ဆိုတာကိုတော့ မည်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

ပါဝင်သည့် ပမာဏပေါ်မူတည်ပြီး လူကို သေစေနိုင်သည့် အထိ ဖြစ်နိုင်ပါတယ်။ ယခင်က Thai, Cambodia တို့လို နိုင်ငံတွေမှာသာ တွေနိုင်ပင်မဲ့ ယခုကတော့ ပြည်တွင်းရှိ Bar နှင့် Club များတွင် ရရှိနိုင်သည်ဟုလည်း ပြောဆိုနေမှုများ ရှိပါတယ်။

ကျွန်တေည်တို့သည် စိတ်ညစ်မှုများ၊ စိတ် ဖိစီးမှုများကြောင့် Club တို့ Bar တို့ကို သွားရောက် အနားယူလိုကြသည်။ သို့သော်လည်း အလွယ်တကူ ရရှိနိုင်သည် WY ၊ E ၊ K နှင့် Happy Water တို့လို မူးယစ် ဆေးဝါးများကို ရှောင်စေချင်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ

@johndieo
20.6.2022

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency