High Fun (HF) နှင့် သားကောင်းများ (၄)

img_0.2671539536951255

Photo Source

  • မနေ့မှ အဆက် -

Gay တို့၏ လောကသည် Roll များယေဘုယျ အားဖြင့် သုံးမျိုး ရှိပါတယ်။ ၎င်းတို့မှာ B၊ V နှင့် T တို့ ရှိပါတယ်။ ဒီနေရာမှာ ဘာကြောင့် သူတို့၏ Roll များ ရှင်းပြရသလဲဆိုတော့ HF လုပ်ပြီးနောက်ပိုင်း T အများစုသည် V roll သို့ ပြောင်းလဲ သွားကြသောကြောင့် ဖြစ်ပါတယ်။ (စိတ်၏ ဖြစ်တည်မှု အရ ပြောင်းလဲသွားကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ )

HF ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပြောပြပေးဖို့ကို အတော်လေး စဥ်းစားရပါတယ်။ အကြောင်းမှာ ဆိုးကျိုးများစွာ ရှိနေသောကြောင့် ဘယ်ကိစ္စကို ဦးတည်ပြီး ရေးသားရမလဲ ဆိုတာပါ။

အကျကာလ

နောက်ဆက်တွဲ ဆိုးကြိုးများသည် အကျကာလတွင် ဆိုးဝါးပြင်းထန် လှပါတယ်။ အစား စားလိုသည့် ဆန္ဒမရှိခြင်းကြောင့် အတော်လေး ဒုက္ခရောက်ပါတယ်။ ဒါကြောင့် ဒီလို အချိန်မှာ အဟာရ ဖြစ်စေမည့် အစားအသောက်များကို စားသောက် ပေးဖို့ လိုအက်ပါတယ်

Over Drop (OD)

OD ဖြစ်ခြင်းသည် အကြောင်းတိုက်ဆိုင်ပါက အသက်ကိုပါ ပေးရ တက်ပါတယ်။ Drop လုပ်ပေးသည့် သူများသည် ဆရာဝန်များ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မဟုတ်သောကြောင့် အန္တာရယ် အလွန်များပါတယ်။ ( စိတ်မကောင်း စရာက တစ်ချို့ ဆရာဝန်ကိုယ်တိုင်တောင် HF လို ကိစ္စများ ဖြစ်နေကြပါတယ်။ အားလုံးကို ဆိုလိုသည်မဟုတ်၍ နားလည်မှု မလွဲစေလိုပါဘူး။ ဆရာဝန်ဆိုသည့် သမားဂုဏ်သည် ကြီးမားလှသောကြောင့် ဒီလို ကိစ္စမျကို မလုပ်သင့်ဘူး ထင်ပါတယ် )

@johndieo
29.6.2022

H2
H3
H4
3 columns
2 columns
1 column
11 Comments