Dcity မှ အသစ်များ

screen_shot_2022_05_26_at_14.08.38.png

ဒီနေ့ မျှဝေ ပေးချင်တာကတော့ #dcity game မှာ Update အချို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်သည် Game တွေထဲမှာ Dcity Game တစ်ခုတည်း ဆော့ဖြစ်တာပါ။ တစ်ခြား Game တွေကို အချိန်မပေးနိုင် သောကြောင့် မဆော့ ဖြစ်ခဲ့ပါဘူး။

screen_shot_2022_05_26_at_14.11.52.png

Dcity Game ကို ပင်ကိုယ်အရ သဘောကျသောကြောင့် ဆော့ဖြစ်ခဲ့တာပါ။ ယခုဆိုလျှင် Dcity Game မှာ Dcity မှ တင်သမျှ အချက်အလက်များကို Noti ရရှိနေနိုင်ပါပြီ ဖြစ်ပါတယ်။

ဒါအပြင် dcity မှ student ( debt ) card များကို Pack အလိုက် ရောင်းချ ပေးနေပါတယ်။ Pack တစ်ခုကို HIVE 25 hive ကျသင့်မှာ ဖြစ်ပြီး pack တစ်ခုလျှင် student ( debt ) card 50 ပါဝင်မှာ ဖြစ်ပါတယ်။ ဈေးကွတ်ပေါက်ဈေး အရ အတော်လေး သက်သာသည့် Pack တစ်ခု ဖြစ်ပါတယ်။ ( ယခု Park သည် ခုနှစ်ရက်သာ ရောင်းချပေးသွားမှာပါ )

ကျွန်တော်ကတော့ ဒီအချိန်မှာ HIVE များကို ရသမျှ စုဆောင်းဖို့ အားခဲထားသူပါ။ ဒါပင်မဲ့ ခုတော့ student ( debt ) card များ ဝယ်ယူဖို့ အတွက် HIVE တစ်ချို့ကို အသုံးပြုခဲ့ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ student ( debt ) card များသည် 1 sim tex refund ပေးပါတယ်။ ဒါကြောင့် ဝယ်သမျှ card များသည် income ရရှိနေမှာဖြစ်ပါတယ်။ ဒါအပြင် Income Ranking အရ တန်ဝင်ခဲ့လျှင် ( Top 400 ) နေ့စဥ် Ranking Reward အဖြစ် HIVE များ ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်၏ Income Ranking သည် Top 200 ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Student ( debt ) card များကို တစ်ခြား Random Card အဖြစ်သို့လည်း ပြောင်းလဲ နိုင်ပါတယ်။ ( ထိုသို့ ပြောင်းလဲရန် card တစ်ကဒ်လျှင် SIM 20 ကုန်ကျပါသည် )

ဒါအပြင် Dcity Game တွင် တစ်ခြား ပြောင်းလဲ ချက်များလည်း ရှိနေပါသေးတယ်။ နောက်ရက်မှ ပြန်လည် မျှဝေပေးပါ့မယ်။

@johndieo
26.5.2022

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency