Daily Story ( Holiday )

Photo Sources

ပြသာနာက ဈေးဝယ်သူ အမြောက်အများ လာဝယ်ကြခြင်း ဖြစ်ပါတယ်။ နောက်ပိုင်း ကျွန်တော်တို့သည် ပစ္စည်းများကို မစီနိုင်တော့ဘဲ ဖာလိုက်သာ ချရောင်း ( ပစ္စည်းများ စုပုံ ပြီး ရောင်းချခြင်း ) ချခြင်း အခြေအနေသို့ ရောက်ရှိသွားပါတယ်။

ဈေးနှုန်းများ ပြောရခြင်းကြောင့် လည်ပင်းများပင် နာရပါတယ်။ ပစ္စည်းများသည်လည်း ဝယ်မလောက်/ ချမလောက် / စီမလောက်သည့် အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

ရောင်းအားသည်လည်း ပုံမှန်ထက် ငါးဆခန့်အထိ တက်သွားပါတယ်။ ဒီလို ရောင်းရလို့ အမြတ်တွေ နင်းကန်ပြီး ကျန်လိမ့်မယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ သီတင်းကျွတ် ကာလအတွက် အမြတ်ငွေကို 2.5% လောက်သာ တင်ပြီး ရောင်းထားသောကြောင့် အမြတ် ဒီလောက် မကျန်ပါဘူး။

ကျွန်တော်တို့ ရရှိလိုက်သည်ကတော့ ဒီဆိုင်က ဈေးသက်သာတယ် ဆိုသည် ဈေးဝယ်သူ၏ စိတ်ထဲကို ထည့်ပေးနိုင်လိုက်တာပါ။ အဆင်ပြေပြေ ဆက်ဆံသည့်အတွက် ဖောက်သည် ပိုမို များပြားလာလိမ့်မယ်လို့ ထင်ပါတယ်။

နောက်ဆုံးတော့ Win Win ပါဘဲ။ သူတို့လည်း ဈေးသက်သာတယ်။ ကျွန်တော်တို့လည်း ဖောက်သည် တိုးတယ်ပေါ့။ ဒီလောက်ပါဘဲ ဒီကာလမှာ ဘာမှ အများကြီး မမျှော်လင့်ပါဘူး။

10.10.2022
@johndieo

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency